(၄)

259 46 6
                                    

အခန်း (၄)

အသရေဂုဏ်သိက္ခာတင့်တယ်မြင့်မားသောဆရာဖြစ်သူက အဘယ်ကြောင့် 'ဆရာတူအစ်ကိုကြီး' ဖြစ်သူအား 'ဂါရဝပြု' ရပါမည်နည်း။

ချန်ချန်နှင့်ဟန်ယွမ်းတို့နှစ်ယောက်သား ဦးခေါင်းတစ်ခုလုံး မြူခိုးများအုပ်ဆိုင်းကာ ဇဝေဇဝါဖြစ်သွား၏။ သို့သော် ဆရာက ကမ္ဘာလောကကြီးအုတ်အော်သောင်းနင်းမဖြစ်မှာကိုစိုးရိမ်နေသည့်အလား ရှင်းပြလိုက်၏။

"စိတ်မပူပါနဲ့။ မင်းတို့ရဲ့ဆရာတူအစ်ကိုကြီးက သိပ်ပြီးတဲ့တိုးဆန်တဲ့လူဆိုပေမဲ့ သူ့ကိုကြောက်စရာမလိုပါဘူး၊ ဆရာ့အတိုင်းလိုက်လုပ်ရင်ရပြီ"

ခဏလေး၊ 'ဆရာ့အတိုင်းလိုက်လုပ်ရင်ရပြီ' ဆိုတာ ဘာကိုပြောတာလဲ။

အချုပ်ဆိုရသော် မုချွင်းကျန်းရန်သည် သူ၏တပည့်ကျော်လေးနှစ်ယောက်၏ဦးခေါင်းထက်ရှိ ပါးလျသောမြူခိုးလွှာတို့ကို ထူထပ်သိပ်သည်းသောကော်ထုပ်တစ်ပုံဖြစ်သွားအောင် အောင်မြင်စွာပြောင်းလဲနိုင်ခဲ့လေတော့သည်။

မုခ်တံခါးကိုဖြတ်ကျော်လာသော် တောက်ကလေးငယ်အချို့သည် တသွင်သွင်စီးဆင်းနေသောစမ်းချောင်းလေးတစ်လျှောက်ဆင်းလာကာ သူတို့ကိုခရီးဦးကြိုပြုလာကြသည်။

တောက်ကလေးငယ်များအနက် အသက်အရွယ်ကြီးသောကလေးများမှာ ၁၇၊ ၁၈ နှစ်အရွယ်ခန့်ရှိပြီး ငယ်ရွယ်သူများမှာ ၁၃၊ ၁၄ နှစ်အရွယ်ရှိကြသည်။ တစ်ယောက်ချင်းစီမှာ အသရေတင့်တယ်လှပပြီး နတ်ဘုရားများ၏အပါးတော်တွင် ခစားပြုစုလေ့ရှိသော ရွှေရောင်ကလေးငယ်လေးများနှင့်တူညီလှပေသည်။ လေတိုက်ခတ်နေခြင်းမရှိသော်ငြား သူတို့၏ဝတ်ရုံလက်ဖျားများမှာ တင့်တယ်ကျော့ရှင်းစွာ သူ့အလိုလိုတဖျတ်ဖျတ်လူးလွန့်လှုပ်ရှားနေကြသည်။

ပါးစပ်အဟောင်းသားမျက်လုံးအပြူးသားဖြစ်နေသော ဟန်ယွမ်းပင်မဆိုထားဘိ၊ ခရီးလမ်းတစ်လျှောက်လုံး ကိုယ့်ကိုယ်ကိုယ်အတော်အတန်စိတ်ကြီးဝင်နေခဲ့သော ချန်ချန်သည်လည်း မဆိုစလောက်ရှက်ရွံ့သိမ်ငယ်စိတ်တို့ပေါက်ဖွားလာတော့သည်။

လျို့ယောင်Where stories live. Discover now