(၃)

244 54 6
                                    

အခန်း (၃)

ဟန်ယွမ်းသည် ချန်ချန်ထက်အသက်အနည်းငယ်ပိုကြီးသော်ငြား ဂိုဏ်းအတွင်းသို့ဝင်ရောက်လာသည့်ရှေ့နောက်နံပါတ်စဉ်အရ လေးယောက်မြောက်ဆရာတူညီလေးဖြစ်သွားခဲ့သည်။ ချန်ချန်မှာ 'တံခါးပိတ်တပည့်' တစ်ဦးအဖြစ် ရက်အနည်းငယ်မျှသာနေထိုင်ခဲ့ရပြီး တစ်စုံတစ်‌ယောက်၏ဆရာတူအစ်ကိုဘဝသို့ ပြောင်းလဲသွားရှာတော့သည်။

သို့သော် ဖူယောင်ဂိုဏ်း၏အနောက်တံခါးသည် တင်းကျပ်စွာပိတ်ဆို့ထားခြင်းမရှိသည်မှာသိသာထင်ရှားလှပေသည်။

သူဖုန်းစားကြက်ကင်၏အစိတ်အပိုင်းအတော်များများမှာမူ.....အလိုအလျောက်ပင် ဆရာဖြစ်သူ၏ဝမ်းဗိုက်ထဲသို့ ရိုသေလေးမြတ်စွာဝင်ရောက်သွားခဲ့လေပြီ။

အဆိုပါကြက်သည်ပင် မုချွင်းကျန်းရန်၏ပေါက်ပေါက်ဖောက်တတ်သောပါးစပ်ကိုပိတ်ထားနိုင်စွမ်းမရှိပါချေ။ ၎င်းမှာ ဤမျှလောက်စိတ်အားထက်သန်သောတရားဟောဝါသနာကို မည်သည့်နေရာမှရရှိလာသလဲမသိ၊ သူက စားနေရင်းမေးမြန်းလာသည်။

"ကြက်ကို ဘယ်နေရာကရလာတာလဲ"

ဟန်ယွမ်း၏ကျွမ်းကျင်သွက်လက်သောလျှာတစ်ချောင်းမှာ မဆိုစလောက်ထူးခြားသည့်အစွမ်းအစမျိုးပိုင်ဆိုင်ထား၏__သူက ကြက်အရိုးများကိုဝါးစားရာ၌ လက်ကိုအသုံးမပြုဘဲ ကြက်ရိုးတစ်ခုလုံးကိုပါးစပ်ထဲသို့ထိုးသိပ်သွတ်သွင်းလိုက်ပြီး အကြိမ်ရေအနည်းငယ်ခန့်ပလုပ်ပလောင်းဖြင့် အရိုးနုများကိုတခဏမျှကြာသည်အထိ တဂျွတ်ဂျွတ်ကိုက်ဝါးပြီးနောက်တွင်မူ အစအနမကျန်အောင်ပြောင်ရှင်းနေသော ပြီးပြည့်စုံသည့်အရိုးတစ်ချောင်းကိုထွေးထုတ်လိုက်လေသည်။

သူ့ထံမှ 'ဖွီ' ခနဲအသံတစ်သံကိုကြားလိုက်ရပြီး ပါးစပ်ထဲမှအရိုးကို ရိုင်းပျစွာထွေးထုတ်လိုက်ပြီးသော် ဆရာဖြစ်သူ၏အမေးစကားကိုပြန်လည်ဖြေကြားလိုက်၏။

"ဟိုးရှေ့ကရွာထဲကနေ ခိုးလာတာ"

ကွန်ဖြူးရှပ်ကမိန့်ဆိုခဲ့သည်။ "အစာစားချိန်တွင် စကားမပြောရ၊ လဲလျောင်းချိန်တွင် အသံမထွက်ရ"

လျို့ယောင်Where stories live. Discover now