“အခုရွေးထားတာ အထက်တန်းတုန်းက ကစားဖူးတဲ့သူတွေကိုပဲ ။ လုံးဝမကစားဖူးတဲ့သူတွေကို တစ်နှစ်မှမရွေးချယ်ခဲ့ဖူးဘူး ။ အခုဒီလူဆယ်ယောက်က ကလပ်ကိုဝင်ခွင့်ရှိတဲ့သူတွေ ၊ ဝင်ခွင့်ရှိတဲ့သူတွေလို့ပြောတာ ဝင်နိုင်ပြီလို့မဆိုလိုသေးဘူး ။ ဆယ်ယောက်ထဲကနေ အသင်းအတွက်လိုအပ်တဲ့ ရှိသင့်တဲ့အရည်အချင်းရှိတဲ့ လေးယောက်ကိုပဲ စကာတင်ရွေးမှာ ။ အဲ့ဒါကြောင့် အခုထရိန်နင်မှာ အသေကြိုးစားကြ ! ”
နည်းပြရဲ့အားကောင်းတဲ့အသံက အားကစားရုံထဲမှာ ဟိန်းထွက်နေတယ်။ ညတုန်းက ရိပေါ်ရဲ့ဖုန်းထဲ ဒီနေ့ဒီကိုလာပေးရမယ်ဆိုပြီး အသင်းခေါင်းဆောင်က မက်ဆေ့ခ်ျပို့ပေးခဲ့တာပင်။ ကြည့်ရတာ ဒီမှာရှိတဲ့လူအကုန်လုံးကို ခေါင်းဆောင်ကပဲ ပတ်ပို့ပေးခဲ့တဲ့ပုံပါပဲ။
ပြီးတော့ အများကြီးလျှောက်ကြတဲ့အထဲကမှ လူဆယ်ယောက်ပဲရွေးတာတော့ တော်တော်လက်ဖျားခါမိတယ်။ ဝင်ခွင့်ဖောင်ထဲမှာ ဆော့ဖူးကြောင်း၊ အသင်းမှာဘယ်နေရာကဆော့ဖူးကြောင်းတွေ သေချာထည့်ရေးထားခဲ့လို့သာတော်တော့တယ်။ မဟုတ်ရင် ဒီနေရာမှာ သူရပ်နေခွင့်ရှိမှာမဟုတ်ဘူး။
အားကစားဝတ်စုံ ပေါ့ပေါ့ပါးပါးပါ ထည့်ခဲ့ဖို့လည်း မှာထားသေးတယ်။ ဒီလိုနဲ့ ရိပေါ်ထည့်လာခဲ့သည်မှာ တီရှပ်အနက်နဲ့ အားကစားဘောင်းဘီအတို အနက်ပင်။ အရမ်းကိုပေါ့ပါးလွန်းတယ်။
- “မင်းက အရမ်းတော်ပါတယ်ဆိုတာ စီနီယာတွေနဲ့ နည်းပြသိသွားအောင် ထုတ်ပြလိုက်ပေါ့ ။ မင်းကပါရမီပါပြီးသားပဲဟာ”
ရှောင်းကျန့်စကားကိုပြန်ကြားယောင်တော့ အခုလိုပြင်းထန်တဲ့ထရိန်နင်က ရိပေါ်ကိုမပင်ပန်းစေနိုင်တော့ဘူး။ ပြေးတယ် ပတ်ပြေးတယ်၊ ဘတ်စဘတ်ဘောအတွက် တားထားတဲ့လေးထောင့်စည်းအပြင်ဘက်ကိုပတ်ပြီး သူတို့တွေ အပတ်ရေ၃၀ပြေးရတယ်။ အစကတည်းက ဒီလိုပြင်းထန်တဲ့လေ့ကျင့်မှုမျိုးနဲ့ သူတို့ရဲ့သက်လုံအားကို စစ်ဆေးချင်တဲ့ပုံပင်။
YOU ARE READING
SUNFLOWER [COMPLETED]
Fanfictionနေကြာပန်းနဲ့ကိုယ်။ ကိုယ်နဲ့နေကြာပန်း။ တစ်စုံတစ်ယောက် တစ်စုံတရာကို မျှော်ကြည့်နေရမယ့် ကံကြမ္မာဘဝပေးအခြေအနေတွေနှင့်...။ ∆ Full credit to original owner for pics that I used in fiction.