Part 26

3.1K 357 146
                                    

canvasရှေ့မှာထိုင်နေတာကြာပြီဖြစ်ပေမယ့်လည်း ဆေးစမချရသေးသလို ဘယ်လိုပုံမျိုးကို ဆွဲရမလဲဆိုတာလည်း အတွေးထဲမရောက်လာသေး။ အရင် ရိပေါ်နဲ့သာ အတူလာဖူးတာမို့ canvasရှေ့မှာထိုင်နေတဲ့ ရိပေါ်ရဲ့သွင်ပြင်ကိုသာ မြင်ယောင်နေမိတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

canvasရှေ့မှာထိုင်နေတာကြာပြီဖြစ်ပေမယ့်လည်း ဆေးစမချရသေးသလို ဘယ်လိုပုံမျိုးကို ဆွဲရမလဲဆိုတာလည်း အတွေးထဲမရောက်လာသေး။ အရင် ရိပေါ်နဲ့သာ အတူလာဖူးတာမို့ canvasရှေ့မှာထိုင်နေတဲ့ ရိပေါ်ရဲ့သွင်ပြင်ကိုသာ မြင်ယောင်နေမိတယ်။

မိတ်ဆက်ပေးတဲ့ သူ့ရဲ့နောက်ကွယ်ကရည်ရွယ်ချက်က ရိပေါ်သူ့အပေါ်စိတ်သဘောထားကို ပြင်ဆင်သွားဖို့ကိုပင်။

အခုလိုမျိုး ရှောင်ဖယ်သွားမယ်ဆိုတာက သူ့အစီအစဉ်ထဲမှာမပါခဲ့ပေ။ ရှောင်ဖယ်သွားလိမ့်မယ်လို့လည်း သူတစ်ခါမှမတွေးမိခဲ့ဘူး။ တကယ်ကိုပဲမနေတတ်ပါ။ အနားမှာရှိတဲ့သူက ရုတ်တရက်ကြီးပျောက်ကွယ်သွားတဲ့အခါ အရာရာဟာ နေသားမကျ။ အထီးကျန်မှုဆိုတာဘာလဲ သူပထမဆုံးသိလာရခြင်းပဲ။

ဂရုစိုက်မှုတွေမရတော့သလို ၊ အရိပ်တကြည့်ကြည့်နဲ့ အလိုလိုက်ခြင်းတွေလည်းမရှိတော့။ ကန်တင်းကိုတောင်မှ ခြေဦးလှည့်မလာခဲ့ပါပေ။

လူတွေကနာကျင်ရပါများရင် အဲ့ဒီနာကျင်မှုရဲ့အဝေးမှာ နေတတ်တယ်ဆိုတာကို သူမတွေးမိခဲ့ဘူး။ သူ့လုပ်ရပ်က ရိပေါ်ကို ဘယ်လောက်တောင် နာကျင်သွားစေမလဲ။ အရက်စက်ဆုံးနည်းကိုမှ သူကရွေးချယ်မိလိုက်တယ်မဟုတ်ပါလား။

ကိုယ်ချစ်တဲ့သူက ကောင်မလေးရသွားခြင်း။

သူကကောင်းမယ်ထင်လို့လုပ်လိုက်ရုံပါ။ ကိုကြီးနဲ့ဟွမ့်ရဲ့ပြောစကားတွေ သူ့နားထဲပြန်ကြားယောင်လာတယ်။ သူ့ဆုံးဖြတ်ချက်တွေ ဇဝေဇဝါပါပဲ။ ဒါပေမယ့် လုပ်ပြီးနေမှတော့ ဆက်လုပ်ရုံပဲ ရှိတော့တာပေါ့လေ။

“ရှောင်းကျန့် .. မဆွဲတော့ဘူးလား ”

အပြုံးတစ်ပွင့်နဲ့ အနားကိုရောက်လာတဲ့ ချင့်ကော။ ကလပ်အခန်းထဲမှာတစ်ယောက်မှမရှိတော့ပဲ သူနဲ့ချင့်ကောသာ ကျန်ရှိတော့တယ်။

SUNFLOWER [COMPLETED]Where stories live. Discover now