ရိပေါ်တို့အသင်း ဗိုလ်လုပွဲကိုရောက်သွားတော့ ကျောင်းကနေပြိုင်ပွဲကိုသွားကြည့်ချင်တဲ့ ကျောင်းသားတွေအတွက် ဖယ်ရီကားတွေပါပြင်ဆင်ပေးထားလေတယ်။ အစပိုင်းရက်တွေမှာ ကစားသမားတွေက သူတို့ဟာသူတို့ရုန်းကန်ခဲ့ကြရတယ်ဆိုရင် အခုကတော့ အားပေးသံတွေနဲ့အတူရုန်းကန်ကြရမှာပင်။
အစပိုင်းရက်တွေတုန်းက အားပေးသံတွေရှိတယ်ဆိုပေမယ့် ဒီနေ့လောက်တော့ရှိမှာမဟုတ်ပေ။ ဒီနေ့က ကျောင်းကသူတွေအများအပြားလာကြည့်ကြတာမို့ ပြောမပြတတ်လောက်တဲ့အထိ အားအင်တွေအများအပြားရရှိမှာပင်။
ရိပေါ်တို့အသင်းနဲ့ ဗိုလ်လုပွဲမှာတွေ့ကြမယ့်အသင်းကတော့ အခု ပြိုင်ပွဲကိုအခြေစိုက်ကျင်းပနေတဲ့ ကျောင်းအသင်းနဲ့ပင်။ အိမ်ရှင်ဖြစ်တဲ့ အဲ့ဒီအသင်းကိုသာအနိုင်ယူလိုက်နိုင်ရင် ရိပေါ်တို့အသင်းကတော့ ပြောစမှတ်တွင်သွားမှာပင်။ ဒါက နိုင်ငံအဆင့်မဟုတ်ပဲ တက္ကသိုလ်ပြိုင်ပွဲပဲဆိုပေမယ့် သတင်းတွေထဲအထိပါဖို့လုံလောက်လေတယ်။ တက္ကသိုလ်ကစားသမားတွေကလည်း တအားတော်ကြသည်မို့ တချို့တွေဆို နိုင်ငံအဆင့်အရွေးခံတတ်ကြလေတယ်။
သူ့ရဲ့ရိပေါ်လည်း အရမ်းတော်လွန်းပြီး အရည်အချင်းက နိုင်ငံအဆင့်အသင်းအထိတောင် သွားနိုင်လေတယ်။
"ငါတို့ရော ကျောင်းကကားတွေနဲ့ပဲသွားကြမလား "
မီလန်ကလူအုပ်ကြီးနဲ့ပျော်မြူးနေချင်ပုံဖြင့် ကျောင်းကားပေါ်တက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေကိုလှမ်းကြည့်ရင်း ပြောလာလေတယ်။ မီလန့်ရဲ့စကားက အကုန်လုံးကဆွဲဆောင်နိုင်သွားတဲ့ပုံပဲ။ ဟန်ရှင်းတို့စုံတွဲကပါ အဲ့ကားတွေဆီအကြည့်ရောက်သွားတယ်။
YOU ARE READING
SUNFLOWER [COMPLETED]
Fanfictionနေကြာပန်းနဲ့ကိုယ်။ ကိုယ်နဲ့နေကြာပန်း။ တစ်စုံတစ်ယောက် တစ်စုံတရာကို မျှော်ကြည့်နေရမယ့် ကံကြမ္မာဘဝပေးအခြေအနေတွေနှင့်...။ ∆ Full credit to original owner for pics that I used in fiction.