Part 16

2.3K 338 32
                                    

ကားပေါ်မှာငြိမ်ငြိမ်လေးပါလာတဲ့ ရှောင်းကျန့်က အပြင်ဘက်ကိုငေးကြည့်နေလေတယ်။ ရှောင်းကျန့်ဘာတွေများတွေးနေမလဲ။ သူ့အဖေကိုများ ပြန်လွမ်းဆွတ်နေလောက်မလား။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကားပေါ်မှာငြိမ်ငြိမ်လေးပါလာတဲ့ ရှောင်းကျန့်က အပြင်ဘက်ကိုငေးကြည့်နေလေတယ်။ ရှောင်းကျန့်ဘာတွေများတွေးနေမလဲ။ သူ့အဖေကိုများ ပြန်လွမ်းဆွတ်နေလောက်မလား။

ကိုလတ်ရဲ့အလည်လာခြင်းက အန်တီ့အတွက်တော့ ပျော်ရွှင်မှုဖြစ်နိုင်ပေမယ့် ရှောင်းကျန့်အတွက်တော့ ဝမ်းနည်းခြင်းတို့သာ။

အဲ့ဒီတုန်းက ရှောင်းကျန့်ရဲ့ပုံစံက မနေ့တစ်နေ့ကလိုပင်။ ဒီကောင်လေးနှုတ်ခမ်းထက် အပြုံးတို့ပြန်ဝေလာအောင်လို့ သူနဲ့သူငယ်ချင်းတွေ ဘယ်လောက်တောင်ကြိုးစားခဲ့လိုက်ရသလဲ။

ရှောင်းကျန့်ကိုအပင်ငယ်လေးအဖြစ်တင်စားပြီး ဦးလေးကို တောင်တစ်တောင်လိုတင်စားမယ်ဆိုရင် ဦးလေးဆုံးသွားခြင်းက မိုးဒဏ်လေဒဏ်ကာကွယ်ပေးထားတဲ့ အကာအရန်တစ်ခုပြိုကျသွားသလိုပင်။ အပင်ငယ်လေးက မိုးဒဏ်လေဒဏ်ကို တိုက်ရိုက်ထိတွေ့ခဲ့ရမှာ။

တော်သေးသည်က ထိုအပင်ငယ်လေးဘေးမှာ အပင်ကြီးတစ်ပင်ရှိနေခဲ့လို့ပင်။ ထိုအပင်ကြီးကတော့ အစ်ကိုကြီးသာ။ အစ်ကိုကြီးရဲ့ကာကွယ်မှုသာမရှိရင် ရှောင်းကျန့်တကယ်ကို လဲပြိုသွားလိမ့်မှာ။

ပြီးတော့ အန်တီ၊ အန်တီ့ကိုတော့ အပင်တွေရှင်သန်လာအောင် ရေလောင်းပေါင်းသင်ပေးသူလို့ တင်စားနိုင်လေတယ်။

အဲ့ဒီနှစ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စက ရှောင်းကျန့်အတွက် ရိုက်ခတ်မှုအကြီးကြီးပင်။ ရိုက်ချက်တစ်ခုပေါ် နောက်ထပ်ရိုက်ချက်တစ်ခု ထပ်ဆင့်သွားလိုက်တော့ ထိခိုက်သွားတဲ့ဘဝတွေက တယိမ်းတယိုင်ဖြင့်။

ရှောင်းကျန့်က သူ့အဖေကိုသိပ်ချစ်လေတယ်။ အဖေသာမကြိုက်ရင် ဘာမှမလုပ်မယ့်လူစားမျိုး။

SUNFLOWER [COMPLETED]Where stories live. Discover now