*171* အထဲမှာပိတ်ခံရခြင်း

7K 1.3K 51
                                    

ရုန်ယိခန္ဓာကိုယ်က မိစ္ဆာကလေးလေးကို မေးကြည့်လိုက်သည်။
"ကောင်လေး ဘယ်လမ်းရွေးရမလဲ မင်းသိလား"

ကလေးလေးက ဘယ်ဘက်ကနေညာဘက်ကို ညာဘက်ကနေဘယ်ဘက်ကို ေခါက်တုံ့ခေါက်ပြန်ကြည့်လိုက်သည်။ တစ်ပေါက်ချင်းစီက တူညီနေကြတာကြောင့် သူ့မှာ မခွဲခြားနိုင်ဘဲ သူ့အဖေပြောဖူးတဲ့ နံပါတ်၅ ဆိုတာကိုသာ မှတ်မိလေသည်။
"ငါး..ငါး.."

ရုန်ယိခန္ဓာကိုယ်က မေးလိုက်၏။
"မင်းပြောတာ ငါးခု​မြောက်လမ်းကြောင်းလား"

မိစ္ဆာကလေးလေးက ေခါင်းလေးငြိမ့်ပြလာသည်။

ရုန်ယိက
"ဘယ်ဘက်ကနေရေရင် ငါးခု​မြောက်လား.. ညာဖက်ကနေရေရင် ငါးခု​မြောက်လား"

ဒီစကားကြားတဲ့အခါ ကလေးမှာ ပိုလို့တောင် စိတ်ရှုပ်ထွေးသွားတော့သည်။
ဘယ်ဟာက ဘယ်ဘက်.. ဘယ်ဟာက ညာဘက်လဲ..

ရုန်ယိခန္ဓာကိုယ်မှာ သက်ပြင်းသာ ချလိုက်မိတော့သည်။

ယင်ကျင်းရဲ့ အလယ်က လမ်းကြောင်းနှစ်ခုကို သေချာလေး ကြည့်ရှုလိုက်ပြီး
"ဘယ်ဘက်က တစ်ခုဖြစ်လိမ့်မယ်"

ရုန်ယိက မေးလိုက်၏။
"ခင်ဗျား ဘယ်လိုလုပ်သိလဲ"

"ကြည့်"
ယင်ကျင်းရဲ့က ဘယ်ဘက်ကို ညွှန်ပြလိုက်ပြီး
"ဘယ်ဘက်က ညာဘင်ထက် ပိုသန့်ရှင်းနေတယ်.. အဲ့တာကိုကြည့်ခြင်းအားဖြင့် လူတွေအဝင်အထွက်ရှိတယ်လို့ ​ပြောနိုင်တယ်လေ"

သေချာအနီးကပ်သွားကြည့်လိုက်လျှင် ညာဘက်က ဘယ်ဘက်ထက် ပိုပြီးဖုန်တွေထူနေတာ တွေ့နိုင်လေသည်။

ယင်ကျင်းရဲ့က ထပ်ပြောလာသည်။
"ဒီကလေးက ထောင်ချောက်ခလုတ်တွေ ပိတ်ပေးနေသမျှတော့ လမ်းမှားကိုရွေးမိလည်း ပြဿနာမရှိဘူး.. နောက်ပြန်ဆုတ်ပြီး နောက်တစ်လမ်းကို ေရွးလို့ရတာဘဲ"

"ဟုတ်တယ်.. ကျွန်တော်တို့မှာ မိစ္ဆာကလေးလေး ရှိနေတာဘဲဟာ.. ဒီလမ်းတွေအကုန်ဝင်ကြည့်ရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူး"
ရုန်ယိခန္ဓာကိုယ်က ကလေးကိုချီကာ ဘယ်ဘက်ကိုပျံသန်းသွားလိုက်သည်။

ရုန်ယိက ယင်ကျင်းရဲ့ကို တိုးတိုးလေးကပ်ပြောလိုက်သည်။
"ကလေးတွေအဖေ ကျွန်တော်တို့ ခုနကလေးတင် မိစ္ဆာသားရဲကြီးကိုတွေ့ခဲ့တာ.. ကျွန်တော်တို့ ဒီနေရာကို ရောက်နေတာနဲ့ မသေမျိုးနတ်ဘုရားတွေရဲ့အိမ်တော်ကိုသွားဖို့ သူ့သားကို ဆွဲဆောင်လှည့်စားထားတာလည်း သိရင်သိနေနိုင်တယ်.. သူ သိပ်မကြာခင်ဘဲ ကျွန်တော်တို့ကို ဖမ်းမိသွားနိုင်တယ်နော်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now