"ယန်ဂျောင်ဝန်း......ဖြောင်း!!"
အဆင်မပြေတဲ့ relationshipတစ်ခု မှာ ကျွန်တော်က သိသိရင်း ဆက်ချစ်နေတာကလည်းငရဲလိုပဲပင်။
"အကို..ဘာလို့...ဝန်းနီကို..."
"မင်းကိုငါပြောနေတယ်.....မင်းရဲ့အဖေဆီက ငါလိုတဲ့ပိုက်ဆံပေးရင်ပေးမပေးရင်..အေး..မင်းအသေ!!"
ဝုန်းဒိုင်းကြဲပီးဒေါသတကြီးထွက်သွားတဲ့
အကို့ရဲနောက်ကျောပြင်ကိုကြည့်ပြီး ထွက်ကျလာတဲ့မျက်ရည်တွေကို ကျွန်တော်အရမ်းမုန်းမိတယ်။ဒါမဲ့ဒီအချိန်မှာပဲ တန်ဖိုးမရှိတဲ့သံယောဇဥ်တွေကိုဖြစ်တောက်သင့်ပြီမလား
............................
နောက်တစ်နေ့
"သား အဖေပြောတာကို..သားနားထောင်မယ်ဆိုတာ တကယ်သေချာပါတယ်နော်"
ဖခင်ရဲ့စကားတွေကိုနားမထောင်လို့ဒီလိုအခြေအနေထိဖြစ်ခဲ့ရတာကိုဂျောင်ဝန်းအသေအချာပင် နောင်တရမိသည်။
ဖေဖေ ကသားအတွက်ကောင်းဖို့လုပ်တာဆိုတော့လိုက်လျောရမှာပေါ့
"အင်းတကယ်ဖေဖေပြောသလိုလုပ်ပါ့မယ်"
"အာ့ဆိုဖေဖေ ဂျေးရဲ့မိဘတွေဆီပြန်ဆက်သွယ်လိုက်တော့မယ်"
ဂျေး ဆိုတဲ့အမည်နာမကိုမကြားရတာနှစ်တွေများစွာကြာခဲ့ပြီလေ။
အကိုနဲ့စတွဲတဲ့အချိန်ကစပြီးအဲ့အမည်နာမကို
ကျွန်တော့ဘဝထဲမှာမကြားရလောက်တော့ဘူးထင်ခဲ့တာ အထင်မှားသွားတာပဲ။"ဂျေး"
.........................
"CEO Park Jay!!!!!"
ထုံးစံအတိုင်းနာမည်ခေါ်လိုက်တာနဲ့ လက်ခုပ်သံတွေ ဂုဏ်ယူဝမ်းမြောက် စွာအားပေးနေတဲ့အသံတွေဟာ သူ့အတွက်
မဆန်းတော့ပေ။ဝိုင်အနည်းငယ်ကိုထည့်ပြီး
သူ့ရဲ့ပန်းချီကိုထိုင်ကြည့်နေသည်မှာအလွန်ပင်စွဲမက်ဖွယ်ကောင်းသည်။"CEO ရဲ့ ပန်းချီ ဟာ အခု လေလံပွဲမှာစျေးအမြင့်ဆုံးအနေနဲ့ရောင်းထွက်သွားတာဂုဏ်ပြုပါတယ်"
![](https://img.wattpad.com/cover/313952347-288-k716062.jpg)
ВЫ ЧИТАЕТЕ
Love gaze
Любовные романыဂျေးဝန်းနီအပေါ်ကြည့်တဲ့ အကြည့်တွေကို အရမ်းမြတ်နိုးမိတယ်.............