3

198 29 2
                                    

ဒီနေ့ကတော့ ​ရှေ့ရက်တွေကနှင့်မတူပဲ ရာသီဥတု အလွန်သာယာနေသည်။

"ဒီလို ရာသီဥတုကိုသဘောကျလိုက်တာ"

gymဆော့ပြီး စက်ဘီးစီးကာ လေ့ကျင်ခန်းလုပ်နေသော sexyကျသည့် ဂျေးအား မည်သည့်ယောကျားမှပင် မှီနိုင်မည်မထင်။

sleeveless shirtအမဲရောင်ကို ဝတ်ပြီး ချွေးစီးများကျနေသည့်ဂျေး၏ပုံစံသည် အားလုံးကို ဆွဲဆောင်နိုင်ပေသည်။

"အာ...ဆောရီးနော်...ဂျေး"

စက်ဘီးကို မစီးတတ်စီးတတ်နဲ့မောင်းလာတဲ့ ဂျောင်ဝန်းအား သူမေ့နေလေသည်။

ဟာ..ကတောက်စ်.. ဘာလို့ဂျောင်ဝန်းပါလာတာကိုမေ့ပြီးမြန်မောင်းတာလဲ

"ဆောရီး...ဂျောင်ဝန်း..ကိုယ်မင်းကိုမေ့နေလို့"

"ရပါတယ်"

စကားအဆုံးမှာ အနည်းငယ်ပေါ်ထင်စွာပြုံးပြလာတဲ့ အပြုံးလေးကိုဂျေးမြတ်နိုးမိသည်။

ကိုယ့်ရဲ့ကြောင်ပေါက်လေးရယ်တာ ပြန်မြင်ပြီပဲ

"ဂျေး.."

သူ့မျက်နှာကိုကြည့်ပြီး တစိမ့်စိမ့်နဲ့ပြုံးနေတဲ့ဂျေးကိုဂျောင်ဝန်း မေးမိလိုက်သည်။

"အာ...ကိုယ်တို့မနက်စာသွားစားရအောင်...မင်းအဖေစောင့်နေတော့မယ်"

.............






"ဟယ်လို...Mr Yangနဲ့တွေ့ဖို့ ချိန်းချင်လို့ပါ"

"ဟုတ်ကဲ့ပါ နာမည်လေးတစ်ချက်လောက်ပြောပြပေးပါ"

"အီဟီဆွန်းလို့ပြောလိုက်ပါ"






သူ့အမြဲဝတ်နေကြဖြစ်တဲ့ အမဲရောင်ဂျာကင်ကို ဝတ်ပြီး ပိုင်ရှင်မဲ့နေတဲ့ကားပြာပေါ်ကိုတက်လိုက်သည်။

Mr Yangခင်ဗျားနဲ့ ကျွန်တော်နဲ့နောက်ဆုံးတော့တွေ့တော့မှာပေါ့




"Mr Yang"

.

"ဝင်လာခဲ့"

"Ethan...နောက်ဆုံးတော့မင်းရောက်လာပြီပဲ...ရော့ဒီမှာ အလုံအလောက်ထည့်ပေးထားတယ်...ယူပြီးနိုင်ငံခြားကိုလိမ့်တော့...ပြီးတော့ တခါတည်းသတိပေးလိုက်မယ်...
ငါ့သားနဲ့ နောက်တခါထပ်ပြီးပတ်သတ်မယ်ဆိုရင်တော့ မင်း ဒီလိုရှိနေတော့မယ် မဟုတ်ဘူးဆိုတာသိထား!!!"

Love gazeWhere stories live. Discover now