2

268 33 1
                                    

ဒီတစ်ခေါက်တော့ပေးထားတဲ့ကတိတွေကိုဝန်းနီမဖောက်ဖျက်တော့ပါဘူး


"ဂျောင်ဝန်း.....အဖေတို့အစီအစဥ်အရတော့
သားတို့ကို....နောက်တစ်ပတ်ပိတ်ရက်လောက် စီစဥ်ထားတယ်"

"အင်းရပါတယ်"

အရင်ကလိုလက်ထက်ရမှာကိုတုံ့ဆိုင်းခြင်းမရှိတော့တဲ့ဂျောင်ဝန်းကိုသူ့အဖေအံသြမိသည်။


နှုတ်ခမ်းပါးလေးကနေ ထွက်လာတဲ့စကားသံတွေမှာလည်း အရင်ကနှင့်မတူ အေးစက်ကာ ဝမ်းနည်းပုံပေါ်နေသည်။


ယန်ဂျောင်ဝန်းဟာ အလွန်ပင် ပြောင်းလဲသွားပြီဖြစ်သည်

...................








လွန်ခဲ့သော၃နှစ်က



"ဂျောင်ဝန်းအဖေတို့ကသားကိုဂျေးနဲ့စေ့စပ်ပြီးလက်ထပ်ယူဖို့စီစဥ်ပြီးပြီ.....သားဖက်ကပဲအဆင်သင့်ဖြစ်ဖို့ကျန်တော့တယ်"


ဂျေး ဟာကျွန်တော်နဲ့အကိုကြားကအနှောက်အယှက်ပင်

"မရဘူးဖေဖေ"

"ဂျောင်ဝန်း...!!...မင်းရဲ့အကောင်ကသာမဆိုးသွမ်းရင်ငါဂျေးနဲ့စီစဥ်ပေးမှာမဟုတ်ဘူး!!"


အကို့ ကဆိုးသွမ်းတယ်ဆိုရင် အကို့ထက်ဆိုးသွမ်းအောင် သားလုပ်ပြမယ်


"အကို့ ကိုအဲလိုပြောတာနဲ့သားအိမ်ပေါ်ကဆင်းပစ်မယ်"


"ယန်ဂျောင်ဝန်း!!"


ပတ်ဂျောင်ဝန်းဆိုတဲ့အမည်နာမ အခေါ်ခံရမဲ့အစား အကို့ရဲ့နာမည်ကိုပဲအခေါ်ခံလိုက်မှာ


"သားနာမည်က. အခုကစပြီး အီဂျောင်ဝန်
ပဲ"

...............






စွတ်စိုနေတဲ့ရာသီဥတုကိုနှစ်သက်သူဂျေးအဖို့တော့ဒီနေ့ဟာ အပျော်ဆုံးပင်။


ရာသီဥတုကြောင့်ပင်မဟုတ်သူစောင့်မျှော်နေခဲ့ရသူနှင့်အတူ ချိန်းထားသောကြောင့်လည်းဖြစ်ပေမည်။

"ဂျေး"

မင်းနှုတ်ခမ်းဖျားကနေ ကိုယ့်နာမည် မကြားရလောက်တော့ဘူးထင်ခဲ့တာ


Love gazeWhere stories live. Discover now