1

466 39 1
                                    

"ယန်ဂျောင်ဝန်း......ဖြောင်း!!"

အဆင်မပြေတဲ့ relationshipတစ်ခု မှာ ကျွန်တော်က သိသိရင်း ဆက်ချစ်နေတာကလည်းငရဲလိုပဲပင်။

"အကို..ဘာလို့...ဝန်းနီကို..."

"မင်းကိုငါပြောနေတယ်.....မင်းရဲ့အဖေဆီက ငါလိုတဲ့ပိုက်ဆံပေးရင်ပေးမပေးရင်..အေး..မင်းအသေ!!"

ဝုန်းဒိုင်းကြဲပီးဒေါသတကြီးထွက်သွားတဲ့
အကို့ရဲနောက်ကျောပြင်ကိုကြည့်ပြီး ထွက်ကျလာတဲ့မျက်ရည်တွေကို ကျွန်တော်အရမ်းမုန်းမိတယ်။

ဒါမဲ့ဒီအချိန်မှာပဲ တန်ဖိုးမရှိတဲ့သံယောဇဥ်တွေကိုဖြစ်တောက်သင့်ပြီမလား




............................

နောက်တစ်နေ့

"သား အဖေပြောတာကို..သားနားထောင်မယ်ဆိုတာ တကယ်သေချာပါတယ်နော်"

ဖခင်ရဲ့စကားတွေကိုနားမထောင်လို့ဒီလိုအခြေအနေထိဖြစ်ခဲ့ရတာကိုဂျောင်ဝန်းအသေအချာပင် နောင်တရမိသည်။

ဖေဖေ ကသားအတွက်ကောင်းဖို့လုပ်တာဆိုတော့လိုက်လျောရမှာပေါ့

"အင်းတကယ်ဖေဖေပြောသလိုလုပ်ပါ့မယ်"

"အာ့ဆိုဖေဖေ ဂျေးရဲ့မိဘတွေဆီပြန်ဆက်သွယ်လိုက်တော့မယ်"

ဂျေး ဆိုတဲ့အမည်နာမကိုမကြားရတာနှစ်တွေများစွာကြာခဲ့ပြီလေ။

အကိုနဲ့စတွဲတဲ့အချိန်ကစပြီးအဲ့အမည်နာမကို
ကျွန်တော့ဘဝထဲမှာမကြားရလောက်တော့ဘူးထင်ခဲ့တာ အထင်မှားသွားတာပဲ။

"ဂျေး"




.........................

"CEO Park Jay!!!!!"

ထုံးစံအတိုင်းနာမည်ခေါ်လိုက်တာနဲ့ လက်ခုပ်သံတွေ ဂုဏ်ယူဝမ်းမြောက် စွာအားပေးနေတဲ့အသံတွေဟာ သူ့အတွက်
မဆန်းတော့ပေ။

ဝိုင်အနည်းငယ်ကိုထည့်ပြီး
သူ့ရဲ့ပန်းချီကိုထိုင်ကြည့်နေသည်မှာအလွန်ပင်စွဲမက်ဖွယ်ကောင်းသည်။

"CEO ရဲ့ ပန်းချီ ဟာ အခု လေလံပွဲမှာစျေးအမြင့်ဆုံးအနေနဲ့ရောင်းထွက်သွားတာဂုဏ်ပြုပါတယ်"

Love gazeWhere stories live. Discover now