4

188 26 1
                                    

မုန်းတယ်အကို့ကို

...............

တစ်သက်လုံးတည်မြဲမယ်လို့ထင်ထားခဲ့တာ

ကို့လက်ကို ကိုင်ပြီး အိမ်ကထွက်သွားခဲ့တဲ့နေ့ကစပြီး ဝန်းနီက အကို့အပိုင်ဆိုပြီး ကတိပေးလိုက်တာ

ဝန်းနီ မှားသွားတယ်

............






"ဂျောင်ဝန်း......"

စတော်ဘယ်ရီခြံထဲကနေ ဂျောင်ဝန်းနှင့်ဂျေးတို့ကို လက်ပြပြီး တပျော်ကြီးနှုတ်ဆက်နေသူမှာ ဂျောင်ဝန်း၏အဘွားပင်။

ငယ်စဥ်ကတည်းက ဂျောင်ဝန်းနဲ့ အဘွားဟာ အလွန် ရင်းနှီးတာကြောင့် ခဏခဏ အလည်သွားဖြစ်သည်။

"ဘွားဘွား!"

လက်နှစ်ဖက်ကိုဆန့်တန်းပြီး အဘွားဆီအပြေးသွားနေတဲ့ ပုံစံလေးကို ဂျေးနှစ်သက်မိသည်။

ချစ်ဖို့ကောင်းလွန်းလို့ ကိုယ်ရူးတော့မယ်ထင်တယ်န်ဂျောင်ဝန်း

"ဘွားဘွား ကို ကျွန်တော်အရမ်းသတိရနေတာ"

"အယ် ငါ့မြေးလေးကိုမတွေ့ရတာ သုံးနှစ်နီးပါးရှိနေပြီလေ အဘွားလည်းသတိရတာပေါ့ကွယ်"

အဘွားနဲ့ စကားစမြည်ပြောနေတဲ့ အချိန်မှာပဲ လက်ဆောင်ထုပ်တွေနဲ့ဂျေးရောက်လာသည်။

"အာအဘွားဒါက...."

"ဂျေးလို့ခေါ်ပါတယ် အဘွား... တွေရြတာဝမ်းသာပါတယ်"

"အေးအေး သားတို့က"

"ဝန်းနီတို့က မကြာခင်လက်ထပ်တော့မှာ အဘွား"

"ကောင်းတာပေါ့....လာလာ အိမ်ထဲဝင်ကြမယ်"




နေ့လည်စာအတွက် ဂျောင်ဝန်းဟာ ဂျေးနဲ့အတူချက်ပြုတ်ပေးသည်။

"ဂျောင်ဝန်း အဲလိုမလှီးရဘူး ဓားရှလိမ့်မယ်"

အသားတုံးကို ကိုင်ပြီး ဓားကို သေချာမကိုင်ပဲလှီးနေသည်ကို ဂျေးသတိထားမိသည်။

Love gazeWhere stories live. Discover now