*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း

6.7K 1.3K 41
                                    

ရုန်ယိလည်း အကြောင်းပြချက်ကိုမစဥ်းစားတတ်တော့..
"အရင်ဆုံး ဒါကိုခဏထားလိုက်ဦး.. ပြန်ယူသွားပြီး နောက်မှလေ့လာကြည့်ကြတာပေါ့"

ရုန်ယိခန္ဓာကိုယ်က ဖုန်းကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီး
" ငါ အစ်ကိုကြီးဆီ ဖုန်းခေါ်လိုက်ရင် သူတို့တွေ အလန့်တကြားဖြစ်သွားကြမလားမသိဘူး"

ရုန်ယိမှာ ရယ်ချင်သွားရသည်။
"ငါတော့ ငါတို့ ဒီကိုကူးပြောင်းလာတာကို သူတို့မယုံလောက်ဘူးလို့ ထင်တာဘဲ.. ငါတောင်မှ အရာအားလုံးကို အိပ်မက်မက်နေတာလို့ သံသယဝင်နေမိသေးတာ.. ငါတို့ အိပ်မက်နယ်မြေထဲမှာ ပိတ်မိနေတာလည်း ဖြစ်နိုင်တာဘဲလေ"

"အဲ့လိုသာဆိုရင် တစ်ယောက်ယောက်က ငါတို့အပေါ် ကစားနေတာဘဲ.. အဲ့လူ ဘယ်သူမှန်း ငါသိလို့ကတော့ ငါ့ဒေါသတွေဖြေဖို့ သူ့ကို သေအောင်ရိုက်သတ်ပစ်မယ်"

"လုပ်သင့်တယ်.. ငါလည်း ကစားခံရတာ သဘောမကျဘူး"
ရုန်ယိက ဖုန်းထည့်တဲ့ သစ်သားသေတ္တာလေးကို ကောက်ကိုင်ကာ ကြည့်လိုက်ပြီး
"ဒါက ကြည့်ရတာတော့ သာမန် သစ်သားဘူးလေးပါဘဲ"

"သူ့ဘာသာသူ သာမန်ဘဲဖြစ်ဖြစ် ထူးထူးဆန်းဆန်းဖြစ်ဖြစ် သိမ်းထားပြီး နောက်မှသေချာလေ့လာကြည့်တော့"
ရုန်ယိခန္ဓာကိုယ်က ထိုသစ်သားသေတ္တာလေးကိုပါ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

ရုတ်တရက် အနက်ရောင်အရိပ်သေးသေးလေးက သေတ္တာအောက်ခြေကနေ ထွက်ပေါ်လာကာ အမှောင်ထဲကို ဝင်ရောက်ပျောက်ကွယ်သွား၏။

ရုန်ယိခန္ဓာကိုယ်က ထိုအရိပ်လေးကို ဖြတ်ခနဲတွေ့လိုက်ရတာကြောင့် ခပ်ဆတ်ဆတ် အော်မေးလိုက်သည်။
"ဘယ်သူလဲ"

ယင်ကျင်းရဲ့က သူတို့ဘေးနားကို အမြန်ရောက်ချလာသည်။
"ဘာဖြစ်တာလဲ"

"အခုလေးတင် ကျွန်တော့်မျက်စိရှေ့ကနေ အရိပ်မည်းလေး ဖြတ်ပျံသွားတာတွေ့လိုက်တယ်"
ရုန်ယိခန္ဓာကိုယ်က ရုန်ယိကိုပါ လှည့်မေးလိုက်သည်။
"မင်းရော တွေ့လိုက်လား"

ရုန်ယိလည်း ခေါင်းငြိမ့်လိုက်သည်။
"ပိုးကောင်တစ်ကောင် ဖြတ်ပျံသွားသလိုဘဲ.. အရှိန်က တော်တော်လေးမြန်တယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now