part 3

3.7K 329 17
                                    

ယနေ့တွင်တော့ ချစ်သက်မင်းမောင်
တစ်ယောက်နာမည်ကြီးရုပ်ရှင်မင်းသမီးရဲ့
မင်္ဂလာပွဲတွက် မိတ်ကပ်ပြင်ပေးရန်ဟို တည်
သို့ရောက်နေသည်။ ချစ်သက်လာသည့်လမ်း
တစ်လျှောက် အားလုံးကလည်ပြန်ငေးကြည့်
နေကြသည်။ချစ်သက်မင်းမောင်က ဆံနွယ်ရှည်
တွေကို ဖဲကြိုးဖြူ ​လေးဖြင့်အမြင့်စည်းပြီး
ဆွဲသားအင်္ကျီအကျပ်လက်ရှည်လည်ပိတ်လေး
ဝတ်ဆင်ကာဘောင်းဘီရှည်အဖြူနဲ့တွဲဝတ်ထား
တာကြောင့်ခန္ဓကိုယ်ကောက်ကြောင်းကထင်း
နေသည်။လည်ပိတ်ဝတ်ထားတာကလဲ ကိုကို့
ကောင်းမှူအကြောင်းပြုပြီး လည်ပင်းတစ်ခုလုံး
ကိုက်ရာဗလပွနဲ့မို့ချစ်သက်လေး ဝတ်ချင်တဲ့
ရင္ဟိုက္အက်ႌေတာင္မဝတ္ခဲ့ရေပ။

" ခ်စ္သက္လာၿပီးလား"

"ဟုတ် မမ ကျတော်နောက်ကျသွားတယ်"

"ရပါတယ် မမတို့လဲခုနကမှဆွမ်းကပ်ပြီးတာ"

"ဟုတ် ဒါဆိုစကြတော့မလား"

ချစ်သက်လဲ မိတ်ကပ်ဘောက် ကိုသေချာဖွင့်ပြီး
သတို့သမီးမျက်နှာအားစတင်လိမ်းလိုက်သည်။
အချိန်မည်မျှကြာသွားသည်မသိ အနားသို့
သတို့သမီးသူငယ်ချင်းတွေရောက်လာမှသတိ
ဝင်တော့သည်။

"ဟယ် မိပန်ချီ လှလိုက်တာ မိတ်ကပ်ကညပ်နေ
တာဘဲငါ့အလှည့်ကျရင်လဲချစ်သက်ကိုဘဲခေါ်ရ
မယ်"

"အမလေး ချစ်သက်လက်ရာကလူတိုင်းကြိုက်
တယ်နော်ကြိုချိန်းထားငါတောင် တစ်လလောက်
ကြိုပြောရတယ်"

ချစ်သက်က မြောက်ပင့်စကားတွေကြေထာင့်အသာပြုံးလိုက်သည်။ထိုချိန် သူမတို့ထဲက
တစ်ယောက်က...

" မိန်းကလေးရဲ့အလှကိုယောကျာ်းလေးကဘဲ
ဖန်တီးနိုင်တယ်လေ ဥပမာမိန်းမလျာတွေ
လိုပေါ့"

ခပ်ရွဲ့ရွဲ့စကားကြောင့် ချစ်သက်သူမအားကြည့်
လိုက်တော့မင်းသမီး မေဖူးငုံပွင့်ဖြစ်နေသည်။
သတို့သမီးကချစ်သက်အား အားနာစွာကြည့်
ပြီးနောက်

"မိဖူး နင်ဘယ်လိုကြီးပြောလိုက်တာလဲ
အားနာစရာကြီး"

" အို ငါကအမှန်တိုင်းပွင့်ပွင့်လင်းလင်းပြောတာ"

ထာဝရထက်တစ်ရက်ပိုသည် / ထာဝရထက်တစ်ရက်ပိုသည် (Completed) Where stories live. Discover now