4

404 61 6
                                    


"အဒေါ်ကြီး သည်းငယ်ကော"













ချန်း​ယောလ် အောက်ဆင်းလာတော့ သည်းငယ်ကိုမတွေ့တာကြောင့် မီးဖိုချောင်ထဲက အ​ဒေါ်​ကြီးကိုမေးလိုက်သည် ။












"အကိုလေး ခြံထဲမှာပါ သခင်လေး "












ချန်းယောလ် ​ခြံထဲဆင်းလာလိုက်သည် ။ သည်းငယ်ကိုရှာကြည့်လိုက်တော့ ခြံထဲမှာလည်းမတွေ့တာကြောင့် လူကထူပူသွားသည် ။ ချန်းယောလ် အနောက်ဘက်ခြံကို သတိရသွားတာကြောင့် သွားကြည့်လိုက်တော့ သည်းငယ်က စာဖတ်ရင်အိပ်ပျော်နေသည် ။ ​ချန်းယောလ် သည်းငယ်ရှိကိုခြေသံဖွဖွလေးလျှောက်သွားလိုက်ပြီး သည်းငယ်ဘေးမှာ ဝင်ထိုင်လိုက်သည် ။ သည်းငယ်ကို သူမျက်စိအရှေ့ကနေ တစ်မိနစ်မပြောနဲ့ တစ်စက္ကန့်လေးတောင်အပျောက်မခံနိုင်ဘူး ။ အရမ်းချစ်ရတဲ့လူက ပိုနာကျင်ရတယ်ဆိုရင်တောင် သည်းငယ်က သူဘေးမှာရှိနေရင် နာကျင်ရုံမကလို့ ဘာဘဲဖြစ်နေဖြစ်နေ သည်းငယ် သူအနားမှာရှိနေရုံ​နဲ့တင်ကျေနပ်သည် ။













"အဟင့်...မလုပ်ပါနဲ့ ကျနော်ကြောက်တယ် အဟင့်..အီးဟီး.. "













"သည်းငယ် ဦးရှိတယ်...ဦးရှိတယ်နော် "












ချန်းယောလ် အတွေးလွန်နေတုန်း သည်းငယ် ကြောက်လန့်တကြား ထငိုတာကြောင့် ချန်းယောလ်မှာ လန့်သွားသည် ။ ချန်းယောလ် သည်းငယ်ကို ရင်ခွင်ထဲဆွဲပွေ့လိုက်ပြီး ကျောပြင်လေးကိုဖွဖွလေးပွတ်သပ်ပေးလိုက်သည် ။ သူ့ကြောင့် သည်းငယ် အိမ်မက်ဆိုးတွေမက်နေရပြီး ။













"ဟင့်အင်း...မလုပ်ပါနဲ့ ကျနော်ကြောက်တယ် ကျနော်ကို လွှတ်ပေးပါ.. ဟင့်...တောင်းပန်ပါတယ် ဦး...လွှတ်ပေးပါ ...ဟင့်..ဟင့်"












"သည်းငယ် "











"သည်းငယ် "












"ခင်ဗျာ"













​​ဂျောင်ဆူး အိပ်နေရင် လှုပ်နိုးခံလိုက်ရတာကြောင့် လူက လန့်နိုးသွားသည် ။ ​​ဂျောင်ဆူး သူနိုးလာတော့ ပတ်ချန်းယောလ်ကြီးက သူကိုစိုရိမ်တကြီးကြည့်နေသည် ။ ဂျောင်ဆူး သတိထားမိလိုက်တော့ ပတ်ချန်းယောလ် ရင်ခွင်ထဲရောက်နေတာကြောင့် အမြန်ထလိုက်သည် ။













Love Is Pain (Completed) Where stories live. Discover now