Final

298 35 6
                                    

*တစ်နှစ်ကြာပြီနောက်*

"ဦးရေမြန်မြန်လုပ် ဘေဘီသေးသေးလေးကိုတွေ့ချင်နေပြီ"

"လာပါပြီ ငယ်ရာ ကလေးလေးကထွက်မပြေးပါဘူး"

"ဦးကလဲ ဘေဘီလေးရှိကိုလိုက်ပို့မယ် လိုက်ပို့မယ်ဆိုပြီ ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ ။ ဘေဘီသေးလေးက ဆေးရုံကတောင်ဆင်းတော့မယ် ဦးရဲ့ "



ချန်းယောလ် သည်းငယ်ကို အူယားပြီးပါးဖောင်းဖောင်းလေးကိုဖျစ်ညစ်လိုက်တော့ နှုတ်ခမ်းလေးစူထွက်လာပြီ ပေးစောင်းစောင်းကြည့်လာသည် ။  ဆယ်ဟွန်းတို့ကလေးလေးသည် အခုဆိုရင် လူ့လောကထဲကိုဝင်လာပြီဖြစ်သည် ။ သည်းငယ်က ချန်းယောလ်ကို ဘတ်ခ်ဟွန်းတို့မွေးတဲ့ နေ့ထဲက လိုက်ပို့ခိုင်းထားပေးမဲ့ ချန်းယောလ်မအားတာကြောင့် အခုမှလိုက်ပို့ဖြစ်တာဖြစ်သည် ။










"ဆယ်ဟွန်း"



"ချန်းယောလ်နဲ့ဂျောင်ဆူးပါလား လာလေ"


"ဆော်တီး ဆယ်ဟွန်းရာ အလုပ်မအားတာနဲ့ အခုမှပဲလာဖြစ်တာ ။ သည်းငယ်က ဘတ်ခ်ဟွန်းမွေးတဲ့နေ့ထဲက လာမယ်တကျီကျီလုပ်နေတာ မအားတာနဲ့ အခုမှလိုက်ပို့ဖြစ်တာကို နှုတ်ခမ်းစူနေတာလေး "


"သည်းငယ်..အယ် ဘယ်ရောက်"


ချန်းယောလ် ဆယ်ဟွန်းနဲ့စကားပြောတုန်းဘဲရှိသေး သည်းငယ်က လှစ်ခနဲ ကလေးရှိရာပုခက်နားရောက်သွားသည် ။ ဆယ်ဟွန်းက ချန်းယောလ်ကိုလှောင်သလို တဟားဟားအော်ရယ်နေတော့သည် ။



"ဟားဟားဟား... ချန်းယောလ်တော့ အူတိုရတော့မယ်...မင်းကလေးက ရောက်လာထဲက ငါ့သားလေးရှိကိုပြေးသွားတာမှလုံးနေရော် ဟားဟားဟား "


"ကိုကို "



ဘတ်ခ်ဟွန်းက ဆယ်ဟွန်းကိုဟန့်လိုက်တော့ မျက်နှာပိုး​သေသွားသည် ။


ချန်းယောလ် ဆယ်ဟွန်းနားကနေဖြတ်လျှေက်လိုက်ပြီ...


"လင်ကြောက်"



ဆယ်ဟွန်းက ချန်းယောလ်ကိုပြောချင်းပေးမဲ့ သူ့လင်လင်ကြောင့် ပြောမဲ့စကားတွေကိုဆယ်ဟွန်းက အောက်အီပြီမြိုချလိုက်ရသည် ။


Love Is Pain (Completed) Where stories live. Discover now