28

173 33 2
                                    

ဂျောင်ဆူး စာလုပ်နေရင် ဦးကိုစောင့်နေမိသည် အချိန်အားဖြင့် တစ်ဆယ့်တစ်နာရီရှိနေပြီကြောင့် ဂျောင်ဆူးစိတ်ပူလာသည် ။ ဦးက ကုမ္ပဏီမှာအစည်းအဝေးပဲရှိရှိ နောက်ကြတာပဲဖြစ်ဖြစ် ဂျောင်ဆူးကိုဖုန်းဆက်ပြီ သတိပေးတတ်၏ ။အခုကဖုန်းမဆက်လာတာကြောင့် ဂျောင်ဆူး ဦးကို ဖုန်းခေါ်မလို့ ခုံပေါ်ကဖုန်းကိုလှမ်းယူ​နေတုန်း..






"င~ယ်~~"





"ဦး"




အသံရှည်ဆွဲကာ အခန်းထဲဝင်လာ​ပြီ ၊ မူးနေတဲ့ဦးကြောင့် ဂျောင်ဆူးအမြန်ပြေးထိန်းရသေး ၊ ဂျောင်ဆူး ဦးလက်မောင်ကိုဆွဲကိုင်ပြီ ကုတင်ရှိရာသွားတဲ့လမ်းတလျှောက် အရက်နံကြောင့် ခေါင်းတောင်မူးလာသည် ။ ဦးကို ကြည့်တော့လဲ လူမှန်သူမှန်မသိအောင်မူးနေတာ ဘယ်လို့လုပ်ပြီ လှေကားကနေတက်လာလဲမသိ ကားကတော့ အကိုဂျင်ဝူမောင်းတာကြောင့် စိတ်တော့မပူမိ...






"ငယ် ဦးကိုမထားခဲ့ပါနဲ့နော် ဦးက ငယ်မရှိရင်သေမှာ ဦးသေမှာ ငယ်သိလား"







"ကျွန်တော်ကဘာလို့ ဦးကိုထားခဲ့ရမှာလဲ"






"ငယ်လိမ်တာ..ငယ်က ဦးကိုအမြဲတမ်းထားခဲ့ဖို့ပဲတွေးနေတာမှတ်လားငယ်...ငယ်က တစ်ချိန်ချိန်ကျရင် ဦးကိုထားခဲ့မှာ ငယ်က ဦးကိုထားခဲ့မှာ "







ဂျောင်ဆူး ဦးနဲ့အတူ ကုတင်ပေါ်မှာမျက်နှာချင်းထိုင်လိုက်ပြီ...ဦးကတော့ သူ့ကိုရီဝေဝေကြည့်နေသည် ။







"ကျွန်တော် ဦးကိုမထားခဲ့ပါဘူး ၊ ဦးအနားမှာပဲအမြဲနေမှာ ၊ ဦးက ကျွန်တော်ကိုမောင်းထုတ်ရင် တောင် ကျွန်တော်က ဦးကိုတွယ်ကပ်နေမှာ ဦး"







"ဟင့်အင်း ဦးမယုံရဲဘူးငယ် ၊ ငယ် စကားတွေကိုဦးမယုံရဲဘူး ။ ငယ်က ဦးကိုမုန်းနေတာ သေလောက်အောင်.."





"ရှုး"







ဂျောင်ဆူး ဦးစကားတွေကို မကြားဝံ့တာကြောင့် ဦးနှုတ်ခမ်းကို လက်ညိုးနဲ့ပိတ်လိုက်ပြီ...






"ကျွန်တော် ဦးကိုမုန်းတယ်...ဒါမဲ့ အဲ့အမုန်းတွေကြောင့် ဦးကို ကျွန်တော်ချစ်တတ်လာပြီ ၊ ချစ်ခြင်းရဲ့အစက မုန်းခြင်းတဲ့... ကျွန်တော်ကို အခွင့်အရေးထပ်ပေးပါ ဦး"







Love Is Pain (Completed) Where stories live. Discover now