29

171 32 0
                                    

"ဦးရေ...ဦး"





ချန်းယောလ်မှာ သည်းငယ်ခေါ်သံကြောင့် အလုပ်စာရွက်တွေကိုပြစ်ချခဲ့ပြီ ၊ မီးဖိုးချောင်းထဲကိုပြေးဝင်ရသည် ။ မနက်ထဲက သူကိုယ့်တိုင်း ဦးကိုချက်ကျွေးချင်လို့ပါဆိုပြီ ချက်ပြုတ်နေပါရဲ့ ၊ ချန်းယောလ်မှာတော့ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်လို့ ၊ အခုလဲဘာများဖြစ်လို့လဲမသိ ချန်းယောလ်မှာအမြန်ပြေးရသည် ။








"သည်းငယ် ဘာဖြစ်လို့လဲ ဘယ်နားထိခိုက်သွားလို့လဲ ဘယ်နားနာလို့လဲ "






သူ့ခန္ဓာကိုယ်ကိုဒဏ်ရာရတယ်ထင်​ပြီ လှည့်ပတ်စစ်နေတဲ့ ဦးကြောင့် ဂျောင်ဆူးရင်ထဲနွေးထွေးသွားရသည် ။ ဂျောင်ဆူး ဦးလက်နှစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်ပြီ...




"ကျွန်တော်ဘာမှမဖြစ်ပါဘူး ဦးရဲ့"



ဂျောင်ဆူး စာပွဲခုံပေါ်မှာတင်ထားတဲ့ ပါစတာကိုလှမ်းယူလိုက်ပြီ...





"ကျွန်တော်ရဲ့ ပထမဆုံးလက်ရာကို ဦးကိုမြည်းစမ်းစေချင်လို့ "






ချန်းယောလ် သူ့မျက်စိရှေ့က ပါစတာကိုကြည့်ပြီ ရင်ထဲ​နွေး​ထွေးသွားသည် ။ သည်းငယ်ရှိက ဒီလို့အပြုအမှုတွေကို ဒီတသတ်မရတော့ဘူးထင်နေတာ ။ နောက်ဆုံးတော့ သည်းငယ်ရဲ့ချစ်ခြင်းတွေကိုရရှိလာပြီ ။





ချန်းယောလ် သည်းငယ်လက်ထဲက ပန်ကန်ကိုလွဲပြောင်းယူလိုက်ပြီ မြည်းစမ်းလိုက်တော့ ၊ အရသာက သူစားဖူးတဲ့ အရသာတွေနဲ့မတူစွာ သည်းငယ်လက်ရာကပိုကောင်းနေသည် ။ ပါးစပ်ထဲမှာ အရသာကစွဲထင်ကျန်ခဲ့ပြီ အရသာကစားလို့ကောင်းနေသည် ။ သည်းငယ်က ဒီလို့ချက်တတ်မယ်လို့ ချန်းယောလ်ထင်မထားတာအမှန် ။ သူ့အရှေ့က မျက်လုံး​တောက်​တောက်​လေးနဲ့ကြည့်နေတဲ့ သည်းငယ်ကိုကြည့်လိုက်ပြီ...






"အရမ်းစားလို့ ကောင်းတာပဲ သည်းငယ် ၊ ဦးကတော့ သည်းငယ်လက်ရာကိုအတော်လေး အရသာတွေ့နေပြီ"





"ဦးကြိုက်ရင် ကျွန်တော်အမြဲတမ်းလုပ်ကျွေးမယ် ။ ဦးကို ​ကျွန်တော်ပြောဖူးတယ်လေ ကျွန်တော်ဝါသနာပါတဲ့ အလုပ်ဆိုတာ ။ ချက်ပြုတ်ရတာပဲ "





"သည်းငယ်က ချက်ပြုတ်တာကိုဝါသနာပါတာလား ။ သည်းငယ်လုပ်ချင်တာကိုလုပ်ပါ „သည်းငယ်အနောက်မှာ ဦးရှိတယ်ဆိုတာမမေ့နဲ့ ။ သည်းငယ် ဦးက သည်းငယ်က ပံ့ပိုပေးသွားမယ် ။ သည်းငယ်ဖြစ်ချင်တာတွေ လုပ်ချင်တာတွေကိုစိတ်ကြိုက်လုပ် ဦးက အရာရာကိုဖြည့်ဆည်းပေးသွားမယ် ။ အဲ့တာကိုတော့ ဦးကိုလုပ်ခွင့်ပြုပါ"






"ကျေးဇူးပါ ဦး"





"ဦးနဲ့ သည်းငယ်ကြာမှာ ကျေးဇူးဆိုတာမလိုဘူး သည်းငယ် "





ဂျောင်ဆူး မျက်လုံးလေးနှစ်ဖက်မှိိတ်ကြသွားတဲ့အထိ ပြုံးလိုက်တော့ ပါးနှစ်ဖက်ကမို့တတ်လာသည် ။ ဦးက အဲ့အချိန်အခွင့်ကောင်းယူပြီ သူ့ပါးတွေကိုမွှေးကြူးနေချေ...






အိမ်လေးက အရင်နဲ့မတူစွာ ရယ်မောသံတွေနဲ့ပြည့်နှဲ့လာတာကြောင့် စိုပြေလာသည် ။ နောက်ဆုံးတော့ ဒိုဂျောင်ဆူးရဲ့ချစ်ခြင်းမေတ္တာတွေက ပတ်ခ်ချန်းယောလ်ရှိကို သက်ရောက်လာသည်...






*****************************

24.12.22


ဒါလေးလဲ ဇာတ်သိမ်းတော့ပါမယ်နော်💗

Ficအသစ်လေးထပ်upထားပါတယ်ဗျို့🤗




Love Is Pain (Completed) Where stories live. Discover now