Part:6

1.5K 92 8
                                    

Unicode

ဝမ်ရိပေါ် အခုနောက်ပိုင်း နှလုံးသားရေးရာကို လိုက်နေတာနဲ့ ကျောင်းကိုအချိန်မှန် မသွားဖြစ်တော့ဘူး

ဆရာ/မများက စာတော်လို့ အရေးကြီးရှိမာဆိုပြီး လွတ်ထားတာ အခုက နေ့တိုင်းလိုလို ဖြစ်နေပြီ

ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် အခြားကလေးတွေရော လိုက်ပါတတ်တာမို့ ဆရာကတော့ မိဘကို ခေါ်ဖို့ ခိုင်းရတယ်

ဝမ်ဥက္ကဌကို ရှိန်ပေမယ့် သခင်လေးရိပေါ်က အရင်ကနဲ့ လုံးဝမတူတော့ပဲ တဖြည်းဖြည်းဆိုးလာတာမို့ ပြောသင့်ရင် ပြောရမာပဲလို့ ဆရာ/မတွေက ဆုံးဖြတ်ပြီးသားးးး

အဲ့ကြောင့်မို့ ဒီနေ့က မိဘကိုခေါ်ခိုင်းတာကို ရိပေါ်က CEO Xiao ကို ခေါ်လာသတဲ့လေ

"ကဲ့ ဆရာမ နောက်တစ်ခါ မဖြစ်စေရတော့ဘူး ကျွန်တော်သင်ပြပေးပါ့မယ် "

"ဟုတ် ဆုံးမပေးပါ စာတော်တာမှန်ပေမယ့် ကျောင်းအမြဲ လစ်ရင် ကျန်ကလေးလည်း လိုက်လုပ်မိမာ စိုးလို့ပါ "

ဝမ်ရိပေါ်ကတော့ လူကြီးနဲ့ဆရာမ စကားကြောင့် နှုတ်ခမ်းစူနေပြီလေ

"ဟုတ် ကျွန်တော် သေချာဆုံးမပါ့မယ် ဒီနေ့တော့ ညီလေးကို ပြန်ခေါ်သွားမယ်နော် "

"အော် အေ အေ "

ဆရာမကတော့ ကျောင်းလစ်နေလို့ကို ခေါ်ပြီးဆုံးမခိုင်းနေတာလေ အခုတော့ ခေါ်သွားမယ်တဲ့

CEO Xiaoက နားကြားမှား သလားမသိ...🙄

ပါးစပ်အဟောင်းသားနဲ့ ဆရာမက ထွက်သွားတဲ့ CEO Xiao နဲ့သခင်လေးဝမ်ကို မတားရဲ...

ကားပေါ် ရောက်တာနဲ့ ရှောင်ကျန့်က ဆူဖို့စကားစီထားပြီးသလို ပေါက်ပေါက်ဖောက်လာတော့တယ်

ရိပေါ်ကတော့ သူ့လူကြီးဆူတာကို အလိုမကျပေမယ့် လူကြီးက သူ့ကိုဂရုစိုက်တာလားလို့ တွေးမိပြန်တော့ လူက ပြုံးစိစိ

ရှောင်ကျန့် ဒီလောက်ထိ ပြောတာကို မကြားသည့်အလား ပြုံးစိစိနဲ့ နားထောင်နေတဲ့ ပေါက်စကြောင့် လက်မြန်တဲ့ သူက ပေါက်စခေါင်းကို ခေါက်ပစ်လိုက်တယ်

Special Love (Complete)Where stories live. Discover now