Part:25

1.1K 74 8
                                    

Unicode

ဝမ်အိမ်တော်ပိုင်တဲ့ Mallတစ်ခု ဝမ်ရိပေါ်နဲ့ဟောက်ရွှမ်းက စကိတ်တွေ သွားကြည့်နေရင်း
မထင်မှတ်တဲ့ လူတစ်ယောက်ကြောင့် ဝမ်ရိပေါ်က ဟောက်ရွှမ်းကို မျက်စင့်ပြကာ သွားကြမယ်ဆိုတဲ့ သဘောနဲ့ လုပ်ပြတယ်

နှစ်ဦးစလုံးကလည်း ခြေလှမ်းသွက်လက်စွာ

" အစ်မတို့ ဘာဖြစ်တာလဲ?"

အခြေအနေကို နားလည်သလို ရှိပေမယ့် ဘာမှမသိသလိုမျိုးလုပ်ကာ ဝန်ထမ်းကို မေးလိုက်တော့

"နင်းဟောင်း သခင်လေး ဒီကအစ်မက ဒီ brandတံဆိပ်နဲ့ လွယ်အိတ်ကို ဝယ်မယ်ဆိုပြီး ဒီအစ်မရဲ့ကဒ်က ဟို ဟို ပြဿနာအနည်း
ငယ်ရှိနေလို့ပါ သခင်လေး"

ဖေးဖေးကတော့ မျက်နှာပျက်စွာနဲ့ ဝန်ထမ်းမလေးကို ထုချင်နေပြီလေ

"အဲ့တော့ ပိုက်ဆံမလောက်ဘူးလား"

ဒီစကားကိုတော့ ရိပေါ် ဖေးကျဲမျက်နှာကြည့်ပြီး တစ်လုံးချင်းပြောနေတော့သည်

"ပေး ငါ့ကဒ်ကိုပြန်ပေး"

"နေနေပါဦး ဖေးကျဲရယ် ဒီmallက ပါးပိုင်တာဆိုတော့ ပြိုင်ဖက်အနေရော ရင်းနှီးဖူးတဲ့သူအနေနဲ့ရော သားလက်ဆောင်ပေးမယ်လေ"

ရိပေါ် စကားကြောင့် အံ့ဩခြင်းရော ရှက်ခြင်းရော စိတ်တိုခြင်းရော ခံစားချက်ပေါင်းစုံနဲ့
သူမက စကားတောင် ပြန်မဖြေပဲ ပါးစပ်အ
ဟောင်းသားနဲ့ အသိလွှတ်နေခဲ့တယ်

ဝမ်ရိပေါ်က ဝမ်မျိုးရိုးဆိုတာ သိပေမယ့် တရုတ်နိူင်ငံရဲ့ ထိပ်တန်းWang Groupရဲ့ သားလို့သူမ မထင်ခဲ့

"ယူပါ ဖေးကျဲရဲ့ သားက လူကြီးကိုပြန်မပြောဘူး သားနားလည်ပါတယ် အစ်မရှင်းပေးလိုက်"

"ဟုတ် သခင်လေး"

ရိပေါ်က ပြောပြီးပြီးခြင်း ထွက်သွားလိုက်သည်။ အနည်းငယ်ဝေးသွားပြီဆိုမှ ရိပေါ်က လည့်ကာ

"ဒါကရှက်စရာ မဟုတ်လို့ နောက်တစ်ခါ ပစ္စည်းတစ်ခု ဝယ်မယ်‌ဆို ကိုယ့်ကဒ်ကို အရင်စစ်နော် ဖေးကျဲ"

"ရိပေါ် မင်းးးးး"

"ဟောက်ရွှမ်း သွားရအောင် "

Special Love (Complete)Where stories live. Discover now