Part:7

1.4K 98 6
                                    

Unicode

လွဲမှားနေသော စာရင်းကြောင့် ရှောင်ကျန့်စိတ်အလိုမကျ ။ ပမာဏက သိပ်မများပေမယ့်
မှားတာက မှားတာပဲမို့ ရှောင်ကျန့်မျက်မှောင်
ကုတ်နေမိတယ်။လူကအနည်းနဲ့အများ‌‌တော့ အ
မှားဆိုတာရှိတတ်ပေမယ့် အဲ့ဒီအမှားကြောင့် အရာအားလုံးပျက်ဆီးသွားတာလည်း ရှိနိူင်

လို အလုပ်ကို တိကျမှ ကြိုက်တာမို့ နောက်
ထပ်မမှားအောင် ရှောင်ကျန့်က အစည်းအ
ဝေးခေါ်လိုက်သည်။

ဝန်ထမ်းတွေ အားလုံးကတော့ မျက်မှောင်
ကုတ်နေတဲ့ သူတို့CEOကို ကြည့်ပြီး အသက်တောင် ရဲရဲမရှူရဲကြ

အဲ့အချိန်မာပဲ ရုတ်တရက် ဒုန်းခနဲ ဖွင့်လာတဲ့ တံခါးကြောင့် သူအပါအဝင် အစည်းအဝေးခန်းထဲက လူတွေအားလုံး မျက်လုံးပြူးနေလျက်.....

"ပေါက်စ အု့"

ပေါက်စရဲ့ လုပ်ရပ်ကြောင့် နဂိုကတည်းက ပြူးနေတဲ့ မျက်လုံးက ပိုကြယ်လာသလို လူတွေအားလုံးလည်း အိုးတိုးအမ်းတန်း ဖြစ်ကုန်ကြတော့တယ်

ပေါက်စက အခု သူ့နှုတ်ခမ်းကို နမ်းနေတာလား🙄ဆယ်စက္ကန့် ဆယ့်ငါးစက္ကန့် စက္ကန့်နှစ်ဆယ်လောက်မာတော့ ပေါက်စက လွှတ်လိုက်၏

"လူကြီး သားချစ်တယ် ဟောက်ရွှမ်းကပြောတယ် ဒီလိုနမ်းရင် အဖြေပြန်ရတယ်တဲ့ အဲ့တာ သားနမ်းပြီးပြီမို့ သားကိုအဖြေပြန်ပေး "

ပေါက်စ စကားအဆုံး ရှောင်ကျန့်ဘုရားသာ တနေတော့သည်။

ဝေါ် တာ့ ထျန်း ဘယ့်နှယ်သင်ပေးတဲ့ သူက မဟုတ်တာတွေ သင်ပေး လိုက်လုပ်နေတဲ့ သူက‌လည်း အရူးလေးလို

ရှက်သွားမျိုး မရှိပဲ နှုတ်ခမ်းစူပြီး ပြောနေတဲ့ ပေါက်စက ချစ်ဖို့ကောင်းနေပေမယ့် ရှောင်ကျန့်အနေရခက်ပါတယ်။ ဘာလို့ဆို ဝန်ထမ်းတွေ
ရဲ့ရှေ့မာ ကလေးတစ်ယောက်ဆီက အနမ်းခံရတယ် မဟုတ်လား?

"လူကြီးးးးသားကို အဖြေပြန်ပေးလို့ "

"ကဲ့ အားလုံးထွက်သွားကြ နောက်တစ်ခါ အမှားလုပ်မိရင် အားလုံးကို လစာဖြတ်မယ်"

"အာ ....ဟုတ် CEO "

ဇာတ်လမ်းကို ဆက်ကြည့်ချင်သေးပေမယ့် လူကိုထသတ်တော့မယ့် ရုပ်အတိုင်း ဖြစ်နေတဲ့ CEO ကြောင့် ဝန်ထမ်းတွေကတော့ နှမျောတ တနဲ့ ထွက်သွားလိုက်ရတယ်

Special Love (Complete)Where stories live. Discover now