Part:22

1K 76 5
                                    

Unicode

ဒဏ်ရာတွေ ရပြီး ဝမ်ရိပေါ်လေးက သူ့အိမ်မာပဲ နေနေ‌တာမို့ ရှောင်ကျန့်မာ လွတ်လပ်စွာ မချစ်ရ

မနက်ရှောင်ကျန့်အလုပ်သွားတဲ့အချိန် ရိပေါ်က မထသေးဘူး ညဘက်အလုပ်ပြန်လာတဲ့ အ
ချိန်ကလည်း ဧည့်ခန်းထဲမာပဲ ဂိမ်းထိုင်ဆော့ပြီး
သူ့ကို ချွဲနေတာ ၊ ရှောင်ကျန့်မာ အသဲယားလွန်းလို့ နမ်းချင်တာတောင် နမ်းလို့မရ ၊ အ
ကြောင်းက ဝမ်ပါးမားလည်း ရှိနေခဲ့တာ မဟုတ်လားးးး???

ရှောင်ကျန့် မပြန့်မချင်း ဧည့်ခန်းကနေ ခြေရာမရွေ့တဲ့ ရိပေါ်က ရှောင်ကျန့်အပေါ် သိပ်ကိုဆိုးးးး

သဘက်ခါကျရင် ကျောင်းကခရီးထွက်ကြတော့မာမို့ ဒဏ်ရာတွေနဲ့ ရိပေါ်ကို ရှောင်ကျန့်မလိုက်စေချင်

ဒဏ်ရာက ခြောက်ပြီဆိုပေမယ့် စိတ်ပူတာကတော့ စိတ်ပူတာပဲမို့ ရှောင်ကျန့်မရ ရအောင် တားရဦးမာ

"ပေါက်စ ကိုပြန်လာပြီ "

"ဟုတ် လူကြီးးးးးသားကလွမ်းနေတာ"

ရှောင်ကျန့်အသံကြားတာနဲ့ ထိုင်ကနေ ရှောင်ကျန့်ဆီ ပြေးလာကာ ရှောင်ကျန့်ကိုယ်ပေါ်ကို ခုန်တက်ကာ ဖက်တွယ်လာတဲ့ ရိပေါ်ကြောင့် အရှိန်မထိန်းနိူင်သလို ကိုယ်အနည်းငယ် ယိုင်သွားသေးးးးးး

"‌ပြုတ်ကျကုန်တော့မာပဲ ကိုယ်လည်း အရမ်းလွမ်းနေတာ "

"ဟဲ့ သား ဘယ်လိုဖြစ်နေတာလဲ သားကျန့်ပေါ်က ဆင်းစမ်း"

ပြောပါတယ် မလွတ်လပ်ဘူးလို့ အခုလည်း ရှောင်ကျန့်က နမ်းမလို့ရှိသေး ဝမ်မားအသံက ပါလာပြီ (လူကြီး😁)

"ဟီးးးးမာမား သားကလူကြီးကို လွမ်းနေလို့"

"ကဲ့ အပိုတွေ သားကျန့်လည်း ပင်ပန်းလာတယ် သားကျန့်ကို ရေသွားယူပေးဦး"

"ဟုတ် မွ😘"

"ကဲ့ ဒီကလေးးးး"

မသွားခင် ရှောင်ကျန့်ရဲ့ ပါးကို မွကနဲမြည်အောင် နမ်းလိုက်သေးတာမို့ ရှောင်ကျန့်မာ ပြုံးနေသလောက် ဝမ်မားကတော့ ယွစိန်လေးကို
ထုချင်နေပြီလေ.....ဒါတွေကို သမက်လောင်းလေးက အရမ်းသဘောတွေ့နေပုံ ခပ်ဖီးဖီးနဲ့....

Special Love (Complete)Where stories live. Discover now