37.zgi

883 23 0
                                    

The rebirth of the movie queen as the bloodthirsty queen

Ch.37.

မားး

ပါးး

ကော ...

နှုတ်ဆက်ပါတယ်

သူမ မျက်ရည်တွေကိုသုတ်လိုက်တယ် ဆရာဝန်ကိုကျေးဇူးတင်စကားပြောလိုက်တယ်

"ကျေးဇူးတင်ပါတယ်"

"ရပါတယ် ဒီမှာထိုင်ဦး နဖူးကိုဆေးထည့်ပေးမယ် "

သူမနဖူးကဒဏ်ရာကိုဆေးထည့်ပေးတာကို စက်ရုပ်တရုပ်လိုငြိမ်သက်စွာပဲ ခံယူလိုက်တယ်

တွန့်သွားတာ စပ်လို့အော်တာ တချက်မရှိပဲ အသေကောင်လိုပဲ ငြိမ်သက်နေတယ်

နောက်တော့ သူမ အဆင်သင့်ပြင်ထားတဲ့အိပ်ရာပေါ်ကိုလှဲချလိုက်တယ်

ဘေးမှာတော့ သူမမျက်နှာနဲ့ လျိုရှင်းဟန်ရှိနေတယ်

ကျန်းအိမ်တော်ရဲ့ နံပါတ်ငါးမမလေး

ကျန်းအိမ်တော်ရဲ့ရွှေငွေရှာတဲ့စက်ရုပ်

လမင်းနှင်းဆီဂိုဏ်းရဲ့လက်ရှိဂိုဏ်းချုပ်

မြို့တော်Aရဲ့ရုပ်ရှင်ဘုရင်မအဖြစ် ပြန်သွားရတော့မှာလား

မိုးနတ်မင်းများ ဒီဆုတောင်းကိုကြားရရင် ဖြည့်စီးပေးကြပါ

ဒီနေရာမှာပဲ သေချင်ပါတယ်

ကျန်းအိမ်တော်ထဲကိုထပ်ပြီးတော့ မသွားချင်တော့ဘူး

အဲ့ငရဲတွင်းထဲထပ်မဝင်ချင်တော့ဘူး

သူမ မျက်လုံးများမှိတ်လိုက်တယ်

လက်တွေမှာ ဦးနှောက်မှာ လက်မောင်းနဲ့ရင်ဘတ်အထိ ပလပ်တွေတပ်ထားပြီး

ခြေထောက်ကိုတော့ သံကြိုးခတ်ထားခဲ့တယ်

နာကျင်မူ့ဒဏ်ကိုမခံနိုင်ပဲ ရုန့်ရင်းဆန်ခတ်ဖြစ်မှာစိုးလို့ သံကြိုးခတ်ထားရတာပဲဖြစ်မယ်

"1.2.3 charge......"

တိုင်ပင်သံဆုံးတာနဲ့ သူမတကိုယ်လုံးကို လျှပ်စစ်‌တွေကဖြတ်သန်းသွားတယ်

မနာကျင်တဲ့နေရာ တနေရာမှမရှိ သူမ တကိုယ်လုံးတွန့်ခါသွားပြီး မျက်ဆံတွေပါလန်လာခဲ့တယ်

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Where stories live. Discover now