92.zgi

479 17 2
                                    

The rebirth of the movie queen as the bloodthirsty queen

Ch.92

ငယ်ရွယ်စဉ်ထဲက ကန့်သတ်ဘောင်အတွင်းမှာပဲ ရှင်သန်နေခဲ့ရတဲ့သူမက သွေးအေးပြီးရက်စက်တတ်လာတာ အပြစ်ဆိုလို့တော့မရဘူးပေါ့

ဒါကြောင့်ပဲ သူမက အချစ်ကိုတမ်းတနေတာကိုသိမ်းဆည်းထားလိုက်ပြီးမာကျောအောင်ပဲလေ့ကျင့်ခဲ့လို့ အခု နှစ်ယောက်သားပြန်တည့်ချင်တယ်ဆိုရင်တောင် အရမ်းနောက်ကျသွားပါပြီ

နောက်ဆုံးတော့လဲ သူတို့က စိမ်းသက်တဲ့သားအဖဆက်ဆံရေးဖြစ်‌နေဆဲပါပဲ

သူမကို ဂရုမစိုက်တဲ့လူတွေကို သူမကလဲဂရုမစိုက်ဘူး

သူမဂရုစိုက်တဲ့သူတွေကို ဆယ်ဆမက ပြန်ပေးဆပ်‌မယ်

ဒါ သူမရဲ့ဆောင်ပုဒ်ပဲ

ကျန်းသခင်ကြီးကတော့ သူမရဲ့စာရင်းဝင်လဲမဟုတ် စာရင်းထဲလဲထည့်လို့မရတဲ့အမျိုးအစားလဲမဟုတ်

တော်တော်ခေါင်းကိုက်ရတဲ့အထဲမှာပါတာပေါ့

ကျန်းသခင်ကြီးကလဲ လူသာသေသွားမယ် မာနကတော့မိုးပေါ်ပျံနေတုန်းဆိုတာလိုပဲ

အေးစက်သမှ ရေခဲကတောင် အဖေခေါ်ရမဲ့လူစားမျိုး

မိန်းကလေးတစ်ယောက်ကို ဘယ်နေရာမှာမဆို ရှင်သန်နိုင်အောင်သင်ကြားမောင်းနှင်ခဲ့ပြီးမှ အချိန်လွန်သွားခဲ့တဲ့အခါ အဲ့ကလေးကကျောက်ဆောင်ထက်မကမာကျောသွားလေတော့မှ နှောင်းနောင်တရမိလေတဲ့အဖြစ်အပျက်ကိုအခေါင်းထဲထိယူသွားမယ့်ခေါင်းမာလွန်းတဲ့စရိုက်ရှိသူပဲ

အဲ့လိုနဲ့ ‌တစ်ယောက်နဲ့တစ်ယောက်ကျောခိုင်းသွားကြရင်း တစ်ယောက်အမြှီးတစ်ယောက်မမြင်လေတော့မှ ပြန်လှည့်ကြည့်ချင်နေတာ

တရွေ့ရွေ့နဲ့ထွက်ခွာသွားတဲ့‌ကျောပြင်ကိုကျန်းသခင်ကြီးကြည့်ရင်း နောက်ဆုံးတော့ မနေနိုင်ပဲချောင်းဆိုးလာခဲ့လေတယ်

ဘေးနားရှိနေတဲ့ချင်ယွင်က ချစ်ခင်ပွန်းကျောကို အသာပုတ်ပေးရင်း လက်ကိုင်ပုဝါကို ကျန်းသခင်ကြီးမမြင်အောင်ဆွဲယူလိုခဲ့တယ်

"မလိုဘူး ငါသိပြီးသားပဲ "

ချင်ယွင်ကသက်ပြင်းချကာ တိုက်တိုက်တွန်းတွန်းပြောလိုက်တယ်

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Where stories live. Discover now