50.zgi

799 19 2
                                    

The rebirth of the movie queen as the bloodthirsty queen

Ch.50

အရမ်းပင်ပန်းသွားတဲ့သူက မေ့မျောနေတဲ့သူမရဲ့ဘေးမှာအိပ်ပျော်သွားခဲ့တယ်

သွေးစုတ်ဖြူရော်နေတဲ့သူမကိုဖက်ပြီး အိမ်မက်ကောင်းမက်နေခဲ့တဲ့သူဆီမှာ ရုတ်တရက် မကောင်းတဲ့အငွေ့အသက်ပျံ့နှံ့လာခဲ့တယ်

ထိတ်လန့်ချွေးပြန်သွားကာ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူ့ကိုတိုက်ခိုက်လာတဲ့သူမကိုတွေ့လိုက်ရတယ်

သူ့မျက်လုံးရိပ်မှာထင်လာတဲ့ဓားချွန်ကိုရှောင်ဖို့ အိပ်ရာပေါ်ကလှိမ့်ချလိုက်တယ်

သူ့နဖူးအစား အဲ့ဓားက ခေါင်းဦးပေါ်ကိုစိုက်ကျသွားတော့ ‌ခေါင်းဦးထဲရေမြုတ်ကအတိုင်းသားပေါ်လာခဲ့တာပေါ့

"မင်း ရူးနေပြီလား "

"ဟုတ်တယ် ကျွန်မရဲ့အပျိုစင်ဘဝကို သဘောမတူပဲ အ‌ဓမ္မအယူခံထားရတာလေ အဲ့ဒါကို ကျွန်မကမရူးလို့ခုန်ပေါက်ပျော်ရွင်နေရမှာလား "

သူ ‌စိတ်ရှိလက်ရှိအော်နေပြီးမှ သူမရဲ့စကားကြောင့် အပြစ်မကင်းဖြစ်သွားခဲ့တယ်

အိပ်ရာခင်းအဖြူကိုရင်လျှားထားတဲ့သူမရဲ့လည်ပင်းတွေ ညှပ်ရိုးတွေနဲ့ ရင်ညွန့်တွေမှာ မဲပြာနီစိမ်းအရောင်စုံကိုမြင်နေရတယ်

သူနှာခေါင်းပွတ်လိုက်ပြီးမှ

"အာ sorry "

"နင့်ကိုသတ်မယ်"

သူမ ဓားကိုမြှောက်ကာ သူ့ဆီပြေးလာခဲ့ပြန်တယ်

အစီအစဉ်တကျရှိတတ်တဲ့သူမက အခုလိုရူးသွပ်ကာစိတ်လွတ်တယ်ဆိုတာ မရှိသလောက်ပဲ

အခု သူ့ကြောင့် အဲ့လိုဖြစ်တယ်ဆိုတော့ သူ့မှာပျော်ရမှာလား ဝမ်းနည်းရမှာလားဆိုတာတောင်မသိတော့ဘူး

သူမရဲ့ဓားကိုင်ထားတဲ့လက်ကို ဖမ်းကိုင်လိုက်ပြီး ဓားကိုတခြားလက်တဖက်နဲ့ခုတ်ချလိုက်တယ်

သူမရဲ့ဓားပြုတ်ကျသွားတော့ သူမရဲ့တခြားလက်တဖက်ကိုပါဖမ်းကိုင်လိုက်ကာ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်

အခုသူမက လက်နှစ်ဖက်ကိုအဖမ်းခံထားရပြီးတင်ပေါ်မှာဖိကိုင်ထားခြင်းခံနေရတယ် သူမရဲ့စူးရဲတဲ့မျက်နှာကတော့ သူနဲ့မျက်နှာချင်းဆိုင်ပေါ့

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Donde viven las historias. Descúbrelo ahora