Ch.80

1.6K 84 1
                                    

The rebirth of the movie queen as the bloodthirsty queen

Ch.80.

"မေရီ မင်းကအရမ်းလှတာပဲ "

မိုးရွာထဲမှ မိန်းကလေးတစ်ယောက်

သူမရဲ့နှုတ်ခမ်းကို အနီဆွေးဆွေးရောင်ဆိုးထားပြီး အဖြူရောင်ဂါဝန်လေးက အသားပေါ်မှာကပ်ရပ်လျှက်ရှိတယ်

မိုးရေပေါက်လေးတွေစိုနေပေမဲ့ နုနယ်တဲ့မျက်နှာလေးကတော့ တမူထူးခြားနေဆဲ

သူမရှေ့က အမျိုးသားရဲ့မေးကလေးထောင့်ဆန်ပြီး နှစ်ခွဖြစ်ကာ နှုတ်ခမ်းပါးလေးများက ပြုံးလို့နေတယ်

တိုင်တတိုင်လိုဖြောင့်တန်းတဲ့ထိုယောကျာ်း‌သားရဲ့ကိုယ်ထည်က သိပ်လှတဲ့မိန်းကလေးဖက်ကိုကိုင်းလာပြီး နမ်းမိလုနီးပါးအခြေအနေရောက‌ခုနစ် မိန်းကလေးဖြစ်သူက မျက်နှာလွှဲလိုက်ကာ

"မသင့်တော်ပါဘူး ဧကရာဇ် "

"မသင့်တော်တာမရှိပါဘူး ငါကိုယ်တော်ရဲ့မိန်းကလေးဖြစ်လာပြီးရင် မင်းက အားလုံးထက် ပိုထင်ပေါ်ပိုကျော်ကြားစေရမယ် ဒါက ကိုယ်တော်ပေးနိုင်တဲ့ဂတိပဲ "

"အရှင်မင်းကြီး "

့"မငြင်းစမ်းပါနဲ့ကွယ် ကိုယ်တော်ကိုမင်းချစ်နေတယ်ဆိုတာ မျက်ဝန်းတွေက တဆင့်‌ပြောနေပါတယ် "

ဧကရာဇ်က မိန်းမငယ်လေးရဲ့သေးသွယ်တဲ့ခါးကိုဖက်လိုက်ပြီး သူ့ရင်ခွင်ထဲရောက်အောင်‌ဆွဲယူလိုက်တယ်

"အို ဧကရာဇ် "

"မေရီ "

ငြီးငြူသံကနှစ်ယောက်ကြားမှာပေါ်လာပြီးနောက် ဧကရာဇ်က မိန်းမငယ်လေးကို နမ်းရှိုက်လိုက်တော့တယ်

နက်နက်ရှိုင်းရှိုင် တွယ်တွယ်ငင်ငင်နဲ့ပေါ့

အနမ်းကနက်ရှိုင်းလွန်းလှတယ် ဧကရာဇ်က တချက်တချက် မိန်းမငယ်လေးရဲ့နားရွက်ကို ခပ်ဖွဖွပွတ်ဆွဲနေတယ်

အရမး်ကိုလှပပြီး အရမ်းကိုဆွဲဆောင်နိုင်တဲ့မြင်ကွင်းပါပဲ

"ကဒ် "

"ကောင်းတယ် ကောင်းတယ် ရှင်းရှင်း နမ်းတဲ့အခါ နဲနဲလောက်အာရုံစိုက်ပေးနော် လုကျန်းလဲကောင်းတယ် ခနနားလိုက်ကြ နောက်တစ်ခန်းကိုခနနေရိုက်မယ် "

(Complete)the rebirth of the movie queen as the bloodthirsty queen(oc.nl)Where stories live. Discover now