*173* အရမ်းကံကောင်းတာဘဲ

6K 1.1K 38
                                    

ထိုလူတွေ အကုန်လုံးက ရုန်ယိတို့အုပ်စုကို ထိတ်လန့်နေတဲ့ အမူအယာတွေနဲ့ ကြည့်လာကြသည်။

ရုန်ယိတို့အုပ်စုမှာလည်း ထိုသူတွေ ဘာလုပ်နေမှန်း မသိကြ..။

ရှေ့ဆုံးမှာ ဒူးထောက်နေတဲ့ အဘိုးကြီးတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ပြောလာ၏။
"နတ်ဘုရားတွေ!.. နတ်ဘုရားတွေက ကျုပ်တို့ သေမျိုးလောကကြီးကို ကြွလာကြတယ်!!"

ယင်ကျင်းရဲ့  "...."

ရုန်ယိ "!!!"

ရုန်ယိခန္ဓာကိုယ် "!!!"

ထိုအဘိုးကြီးနောက်က လူတွေမှာလည်း လေပေါ်ပျံနေတဲ့ ကလေးတစ်ယောက်နဲ့ မျက်လုံးစိမ်းစိမ်း ဆံပင်စိမ်းစိမ်းလေးတွေနဲ့ မိစ္ဆာကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် စိတ်လှုပ်ရှားလာကြတော့သည်။
"သူတို့က တစ်ကယ့် နတ်ဘုရားတွေကွ!"

အဘိုးကြီးမှာ ကျယ်လောင်စွာ ငိုကြွေးတော့သည်။
"နောက်ဆုံးတော့ မိုးနတ်မင်းကြီးက ကျုပ်တို့ကို ကြည့်လာပြီဘဲ.. ကျုပ်တို့ကို ကယ်တင်ဖို့ မသေမျိုးနတ်ဘုရားတွေကိုပါ လွှတ်ပေးလာတယ်"

"ကောင်းလိုက်တာ!.. ကောင်းလိုက်တာ!.. ကျုပ်တို့တော့ အကယ်ခံရတော့မယ်"

ရုန်ယိမှာတော့ ဘာတွေဖြစ်ပျက်နေမှန်း မတွေးတောနိုင်သေး..။ သူတို့ရပ်နေတဲ့နေရာကို ငုံ့ကြည့်လိုက်တဲ့အခါ သူတို့က နေရာကူးပြောင်းတဲ့အစီအရင်လိုမျိုး အရာတစ်ခုပေါ်မှာ ရပ်နေမိကြတာကို တွေ့လိုက်ရသည်။

ယင်ကျင်းရဲ့က အသံပို့လွှတ်ကာ ပြောလာ၏။
"ကိုယ်တို့အခု သေမျိုးလောကကို ရောက်နေတာ"

ရုန်ယိက တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့ကို နတ်ဘုရားတွေလို့အထင်မှားပြီး ပူဇော်ခံနေရတာထင်တယ်နော်"

ရုန်ယိခန္ဓာကိုယ်က ရှေ့ကရပ်နေတဲ့ လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။
"သေမျိုးတွေ.. ခင်ဗျားတို့က ကျုပ်တို့ကို ဘာလုပ်ပေးစေချင်တာလဲ"

ရုန်ယိနဲ့ ယင်ကျင်းရဲ့တို့မှာတော့ နှုတ်ခမ်းထောင့်တွေ တွန့်ခနဲ ဖြစ်သွားရသည်။
"သူကတော့ အမြန်ကို ဝင်သရုပ်ဆောင်ပစ်လိုက်တာဘဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now