*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး

6.7K 1.3K 42
                                    

ရုန်ယိက လျှို့ဝှက်နယ်မြေထဲကနေ သူရခဲ့တဲ့ ပါဝင်ပစ္စည်းတွေအကုန်လုံးကို ယူထုတ်ကာ ရေတွက်လိုက်သည်။
"အားလုံးစုစုပေါင်း ၅၃ ခုရှိတယ်.. လောက်တော့မလောက်သေးပေမဲ့ တစ်ချို့အဆင့်နိမ့်ပါဝင်ပစ္စည်းတွေနဲ့ ရောနှောလိုက်ရင်တော့ မှော်လက်နက်တွေနဲ့ မှော်ကိရိယာတွေ သန့်စင်ထုလုပ်ဖို့ လောက်လောက်ပါတယ်.. အဲ့တာမှ မရသေးဘူးဆိုရင်လည်း နန်ပေနယ်မြေမှာ လေလွင့်မသေမျိုးအဆင့်အတွက် ပါဝင်ပစ္စည်းတွေရှိမလားလို့ ရှာကြည့်ကြတာပေါ့"

ရုန်ယိခန္ဓာကိုယ်က ပြောလာသည်။
"ငါတို့မှာ လေလွင့်မသေမျိုးအဆင့်ရဲ့မှော်လက်နက်နဲ့ မှော်ကိရိယာတွေအတွက် ထုလုပ်သန့်စင်နည်းမရှိဘူးလေ"

ခေတ်သစ်မှာဆိုရင်တောင်မှ လေလွင့်မသေမျိုးနဲ့ မြေကမ္ဘာတစ္ဆေအဆင့့် ထုလုပ်သန့်စင်နည်းက ရှားပါးလှလေသည်။ အကြောင်းကတော့ ဘယ်သူကမှ ဒီလိုရှားပါးလှတဲ့ ပါဝင်ပစ္စည်းတွေကို စမ်းသပ်တဲ့နေရာမှာ ဖြုန်းတီးမပစ်ချင်ကြတာကြောင့်ပင်။

"ဒါက တစ်ကယ့်ပြဿနာကြီးတစ်ခုဘဲ.. ပြီးတော့ နည်းလမ်းရခဲ့ရင်တောင်မှ လူတွေက လက်နက်သန့်စင်တဲ့နေရာမှာ ငါတို့လမ်းညွှန်ပေးတာကို လက်ခံချင်စိတ်ရှိကြမှာ မဟုတ်ဘူး"
ရုန်ယိက ယင်ကျင်းရဲ့ကို မေးလိုက်၏။
"လက်နက်သန့်စင်ပေးမဲ့သူရော ရှာတွေ့ထားပြီပြီလား"

ယင်ကျင်းရဲ့က သူ့လက်ထဲက ပါဝင်ပစ္စည်းကို ကြည့်ရှုနေရင်းနဲ့ ပြန်ဖြေလာသည်။
"သင့်တော်တဲ့သူတွေတော့ အများကြီး စဥ်းစားထားတာရှိတယ်.. ဒါပေမဲ့ သူတို့က ကူညီပေးချင်စိတ်ရှိပါ့မလားတော့ ကိုယ်လည်း မသေချာဘူး"

"ယင်မိသားစုရဲ့နာမည်နဲ့ ဖိတ်ခေါ်မယ်ဆိုရင်ရော ဘယ်လိုလဲ.. သူတို့ ပြန်စဥ်းစားပေးလောက်လား"

"ကို်ယ်တို့က တစ္ဆေကျင့်ကြံသူတွေအတွက် လက်နက်နဲ့ကိရိယာတွေ သန့်စင်ကြမှာလေ..  သူတို့ကို ယင်မိသားစုနာမည်သုံးပြီး ဖိတ်ခေါ်ခဲ့မယ်ဆိုရင်တောင်မှ ဘယ်သူမှ မလုပ်ပေးချင်ကြမှာ စိုးတယ်"
ဒီလိုလုပ်လိုက်တာကလည်း ယင်မိသားစုကို ပြဿနာများစွာ သယ်ဆောင်ပေးလာနိုင်သေးလေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now