*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း

6.9K 1.3K 42
                                    

သူတို့ရောက်ပြီဆိုတာ သိလိုက်တာနဲ့ ရုန်ယိနဲ့ သူ့ခန္ဓာကိုယ်တို့မှာ အချင်းချင်းပြန်ကြည့်လိုက်မိကြပြီး လှည်းထဲကနေ ထွက်လိုက်ကြသည်။ တံခါးမကြီးရဲ့ဘေးနှစ်ဖက်မှာ စီတန်းရပ်နေတဲ့ အစေခံနှစ်တန်းကို တွေ့လိုက်တဲ့အခါ ရုန်ယိတစ်ယောက် ကြောင်အသွားရ၏။

"တစ်ကယ့်ကို ယင်မိသားစုဘဲ.. ဝံ့ကြွားထင်ပေါ်ပြီး ခမ်းနားကြီးကျယ်လွန်းတယ်"
ရှန်းလွီ့က တီးတိုးရေရွတ်လာသည်။

ယင်ကျင်းရဲ့ကိုတွေ့တာနဲ့ အစေခံတွေက တစ်သံတည်း နှုတ်ခွန်းဆက်သလာကြသည်။
"သခင်လေး.. သခင်လေးရုန်နဲ့ သခင်ငယ်လေးတို့ အိမ်ပြန်လာတာကို ကြိုဆိုပါတယ်!!"

ရုန်ယိနဲ့ သူ့ခန္ဓာကိုယ်တို့မှာ တစ်ချက်ကြည့်လိုက်တာနဲ့ မတ်တပ်ရပ်နေတဲ့ ယင်သခင်မကြီးကို မှတ်မိလိုက်သည်။ သူမက ချီလန်ရဲ့ မှတ်ဉာဏ်ထဲကနဲ့ တစ်ထပ်တည်းဖြစ်ပြီး ရန်ချိုးရွှမ်လိုမျိုး ထူးထူးခြားခြား လှပလွန်းပြီး ညှို့ငင်ဆွဲဆောင်အား မပြင်းပေမဲ့   သိမ်မွေ့နူးညံ့မှုတွေ ကြော့ရှင်း ကျက်သရေရှိမှုတွေနဲ့ မွေးဖွားလာသူမျိုးဖြစ်သည်။  သူမရဲ့ ရည်မွန်ပြီး စိတ်ရင်းပါတဲ့ အပြုံးမျိုးက လူတိုင်းကို သဘောကျနှစ်သက်စေမည့် အမြင်ကောင်းမျိုး ဖြစ်ပေါ်စေနိုင်၏။

"ဘွားဘွား...ဘွားဘွား"
သခင်မကြီးယင်ကို တွေ့လိုက်တာနဲ့ ယင်ထောင်က သူမဆီကို ပျော်ရွှင်စွာ ပြေးသွားလေသည်။

သူမမှာ ကျေနပ်မှုအပြည့်နဲ့ ထိုင်ချကာ ယင်ထောင်ကို ချီယူလိုက်၏။
"ဘွားဘွားမြေးလေး.. ဒီဘွားဘွားက မင်းလေးကို အရမ်းလွမ်းနေခဲ့တာကွယ်"

ယင်ထောင်က ရန်ချိုးရွှမ် ချီထားတဲ့ ယင်စန်စန်ကိုလက်ညှိုးလေးထိုးပြလိုက်ပြီး
"ဘွားဘွား.. သားညီလေးကို ကြည့်ဦး"

သူမက သူတို့ဘက်ကို အပြုံးတစ်ပွင့်နဲ့ လှမ်းကြည့်လိုက်သည်။

ရန်ချိုးရွှမ်က ယင်ကျင်းရဲ့နဲ့အတူ သူ့အမေနားကို လျှောက်လာလိုက်သည်။
"မတွေ့ရတာကြာပါပြီ သခင်မကြီး.. ဒီအတောအတွင်း အဆင်ပြေရဲ့လား"

"အင်း..ကောင်းပါတယ်.. အားလုံးကောင်းတယ်.. သူတို့နဲ့အတူ မင်းပါ ပါလာမယ်လို့ ငါ မထင်ထားမိဘူး"
ယင်သခင်မကြီးက မတွေ့ရတာအတော်လေးကြာနေပြီဖြစ်တဲ့ သားဖြစ်သူကို ပြုံးပြလိုက်သည်။ ထို့နောက် ထိုအပြုံးလေးနဲ့ဘဲ ရုန်ယိဘက်ကို လှည့်လိုက်ပြီး
"ရှောင်ယိ.. မင်းပါ အိမ်ပြန်လာတာ တစ်ကယ်ဝမ်းသာစရာဘဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now