Part-3

666 71 4
                                    

ကူကယ်ရာမဲ့တဲ့ ညအလယ်မှာ
နွေးထွေးတဲ့လက်အစုံဟာ
ကြီးမားတဲ့နှစ်သိမ့်မှုကိုဖြစ်စေတယ်။
အတိတ်ဆိုးရဲ့ဝါးမြိုမှုကို တတိတိခံစားနေရတဲ့အချိန် ဖမ်းဆုပ်မိတဲ့ အလင်းရောင်ငယ်ဟာ နူးညံ့စွာလမ်းပြလေတယ်။

______________________________

အပြင်မှာ လျှပ်စီးတွေလက်ကာ မိုးခြိမ်းသံများ တစ်ချက်ပြီးတစ်ချက်ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ မိုးများလည်း သည်းထန်စွာရွာသွန်းနေပုံရပြီး အသည်းခိုက်အောင် ချမ်းအေးမှုကတစ်ကိုယ်လုံးကို စိမ့်တက်လာ၏။

" ဒေါ်လာငါးသန်း ငွေသားသပ်သပ်လိုချင်တယ် လူတစ်ယောက်တည်းကလာပို့ တစ်ခုခုမူမမှန်တာကို တွေ့တာနဲ့ ဟောဒီကင်မ်အိမ်‌တော်ရဲ့ တစ်ဦးတည်းသောသားလေး ကမ္ဘာပေါ်ကပျောက်ကွယ်သွားရလိမ့်မယ် "

အေးစက်တဲ့ဓားပါးပါးတစ်လက်ကို ထယ်ယောင်းလည်ပင်း‌ပေါ် ထောက်ထားသော ထိုလူ့ဆီမှအသံဖြစ်သည်။ ထယ်ယောင်းမှာကြောက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ရီနေပြီး မျက်ရည်များကျလာ၏။

" မင်းတို့က ဝေ့လည်ကြောင်ပတ်လုပ်ချင်နေတာပဲ ဒီမှာကြည့်စမ်း "

ဓားဦးကလည်ပင်းအ‌ရေပြားကို ဖောက်ကာ သွေးများစိမ့်ထွက်လာသည်။ ထယ်ယောင်းနာကျင်လွန်းသဖြင့် အော်ငိုချင်သော်လည်း ပိတ်ဆို့ထားသောပါးစပ်ကြောင့် ဝူးဝူးဝါးဝါးအသံများသာ ထွက်နိုင်သည်။ မျက်ရည်များကအဆက်မပြတ်ကျဆင်းနေဆဲ။ ဖေဖေရေ မေမေရေ သားကိုလာခေါ်ပါတော့။

" ထယ်ယောင်း ထယ်ယောင်း! "

ဆိုဖာပေါ်တွင် မျက်နှာကိုလက်မောင်းထဲဖွက်ကာ ကျောပြင်တသိမ့်သိမ့်တုန်တဲ့အထိ ငိုနေသော ထယ်ယောင်းကြောင့် တစ်ရေးနိုးရေထသောက်သော ဂျီမင်းမှာစိုးရိမ်တကြီး လှုပ်နိုးမိသည်။

အလန့်တကြားနိုးလာသော ကောင်လေးသည် ဂျီမင်းကိုမျက်ရည်များဖြင့် မော့ကြည့်လာသည်။ ထို့‌နောက် အားကိုးရာရှာသကဲ့သို့ ဂျီမင်းခါးကိုဆွဲဖက်ကာ တအီအီငို‌တော့သည်။ ဂျီမင်းခမျာ ကျောကုန်းကိုခပ်သာသာပုတ်ပေးရုံသာတတ်နိုင်သည်။

PurpleNơi câu chuyện tồn tại. Hãy khám phá bây giờ