ဖြူစင်တဲ့အတ္တငယ်မှာ အရောင်တွေစွန်းထင်းနှင့်နေခဲ့ပြီဆိုတာ သတိမထားမိတဲ့ ကောင်ငယ်လေးရဲ့ အေးခဲနေတဲ့ နှလုံးသားအစုံဟာ အညိုရောင်တွေကြား နွေးထွေးစပြုလာတယ်။
________________________________
ထယ်ယောင်းနိုးလာတော့ ထိုးကိုက်လာတဲ့ခေါင်းကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်။ အရက်သောက်ပြီးတဲ့ မနက်တိုင်း ခံစားရတဲ့အရက်နာကျမှုက alcoholကို ထပ်မထိချင်လောက်တဲ့အထိ လူကိုတရားကျစေသည်။
ခေါင်းကိုဖိနှိပ်နေတုန်း ရေချိုးခန်းထဲကထွက်လာတဲ့ ဂျီမင်းကိုတွေ့လိုက်ရသည်။ သူနိုးနေမှန်းမသိတာကြောင့် တိတ်တိတ်ကလေးသာ ရေသုတ်နေတဲ့ ဆံပင်တွေကိုငေးကြည့်နေလိုက်သည်။ ဆံပင်တွေကတဆင့် လည်တိုင်တွေဆီကို အကြည့်ပို့မိတော့ နီညိုရောင်အကွက် တချို့ကိုတွေ့လိုက်ရသည်။
ထယ်ယောင်းငတုံးမဟုတ်ပါ။ ကြည့်လိုက်တာနဲ့ ဘာမှန်းဆိုတာသိပြီးသား။ ထောင်းခနဲထလာတဲ့ ဒေါသနဲ့အတူ ထိုအမှတ်ရာများကို ဖြစ်စေသောသူအား သတ်ပစ်ချင်စိတ်ပါ ပေါ်ပေါက်လာ၏။
ငါအရက်မူးနေတုန်း ရာရာစစ ငါ့အပိုင်ဖြစ်တော့မဲ့သူကို ထိရဲတယ်ပေါ့လေ။ ဟျောင်းကရော ငြိမ်ခံနေခဲ့တာလား။ ဘာလို့လဲ။ သဘောကျတဲ့သူမို့လား။ နေမရလောက်အောင် ပူလောင်လာသောကြောင့် ငေါက်ခနဲထထိုင်လိုက်သည်။
ရုတ်တရက် ထထိုင်လာသူကြောင့် ဂျီမင်း အလန့်တကြား လှည့်ကြည့်မိသည်။ ဆံပင်စုတ်ဖွားနှင့် မျက်နှာများနီရဲနေသောသူက အမူးမပြေသေးလို့များလား။ အရက်နာကျနေတာလား။
" ထယ်ယောင်း ဘာဖြစ်လို့လဲ "
စကားတစ်ခွန်းမှမပြောဘဲ သူ့လည်ပင်းကိုကြည့်လိုက် မျက်လုံးကိုတရားခံရှာသလိုကြည့်လိုက် လုပ်နေသောသူကြောင့် ညကကိစ္စကိုသတိရသွားပြီး မသိမသာအကြည့်လွှဲမိသည်။ သို့ပေမဲ့ ပြောရမဲ့ကိစ္စဟာ ပြောရမှာပါပဲ။
" ထယ်ယောင်း ငါမင်းကိုပြောစရာရှိတယ် "
" မပြောနဲ့ မကြားချင်ဘူး "
တည်ငြိမ်စွာစကားစလာတဲ့ ဟျောင်းကြောင်းထယ်ယောင်း လန့်လာသည်။ သူရည်းစားရနေတဲ့အကြောင်း ပြောမလို့လား။ မဖြစ်နိုင်ဘူးနော်။ ကြားလည်းမကြားချင်ဘူး။ သိသွားရင်လည်း ဒီအတိုင်းငြိမ်ငြိမ်လေး လက်လွှတ်ပေးနိုင်မှာမဟုတ်ဘူး။