Part-5

546 60 0
                                    

ပင်လယ်လေက သယ်ဆောင်လာတဲ့
အချစ်ဦးရဲ့ သံစဉ်ချိုချိုလေးတွေကို
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ
တံဆိပ်လှလှနဲ့ ချိတ်ပိတ်ထားတယ်။

______________________________

" ဂျီမင်းဟျောင်းကိုရော ခေါ်သွားလို့မရဘူးလားဟင် "

ခပ်တိုးတိုးထွက်လာတဲ့ အသံလေးရှိရာကို အကြည့်ပို့မိတော့ ထင်တဲ့အတိုင်း တပည့်ကျော်ထယ်ယောင်း။

ဂျီမင်းဟျောင်းအနား ကပ်နေရုံမျှမက ဟျောင်းကပါ လိုလိုလားလားလက်ခံထား တစ်ခါတလေ အလိုလိုက်ထားသောကြောင့် ဟျောင်းရဲ့ အဲ့လိုပုံစံမျိုး တစ်ခါမှမမြင်ဖူးတဲ့ ဆောင်ဟွန်းမှာ အံ့ဩယူနေရသည်။

ဟျောင်းမှာ သူငယ်ချင်းတွေရှိပေမဲ့ ငယ်သူငယ်ချင်းတွေချည်းပင်ဖြစ်သည်။ တက်ကြွဖော်ရွေသော‌ဟျောင်းသည် မိဘတွေကွဲသွားကတည်းက စကားနည်းကာအေးစက်သွားကြောင်း မေမေ့ထံမှကြားဖူးသည်။

လူစိမ်းတွေကိုမနှစ်မြို့ဘဲ သီးသန့်နေတတ်တဲ့ စရိုက်အဖြစ်သို့ပြောင်းလဲသွားသော ဟျောင်းဟာ သူ့ဘဝထဲကို ကင်မ်ထယ်ယောင်းဆိုတဲ့ကောင်လေးအား အလွယ်တကူဝင်ခွင့်ပြုခဲ့သည်။

ထယ်ယောင်းကလည်း အေးဆေးပြီးနွေးထွေးတဲ့ ကောင်လေးတစ်ယောက်ဖြစ်တာကြောင့် သူတို့နှစ်ယောက်ကြားက ရေစက်ဟာ အံ့ဩစရာပါပဲ။ ဘာပဲဖြစ်ဖြစ် ဆောင်ဟွန်း‌‌ဝမ်းသာပါသည်။ ခုတလောဟျောင်းက အများကြီးပြုံးရယ်လာတယ်။ အလုပ်သဘောအရ အပေါ်ယံအပြုံးမျိုးမဟုတ်ဘဲ တကယ်စိတ်ထဲကပါတဲ့ နှစ်လိုဖွယ်အပြုံးမျိုး။

" ဂျီမင်းဟျောင်းကလိုက်လို့ရတာပေါ့ မင်းသူ့ကိုရအောင်ခေါ်လေ "ဆိုပြီး မျက်စိတစ်ဖက်မှိတ်ကာ ပြောလာတဲ့ဆရာ့ကို ထယ်ယောင်း ရအောင်ခေါ်မှာ ဆိုတဲ့မျက်နှာပေးလေးလုပ်ပြလိုက်သည်။ ဆရာက ရယ်ရင်း စာရင်းပေးရမည့်နေ့ကို ပြောပြီး အတန်းထဲကထွက်သွား၏။

ထိုနေ့က သင်တန်းအပြန်လမ်းမှာ နားကြပ်တပ်ထားတဲ့ ကောင်လေးရယ် ထိုကောင်လေးဘေးနားမှာ တတွတ်တွတ်ပူဆာနေပုံရတဲ့ ကောင်လေးရယ်က အနီးအနားကလူတွေရဲ့ အာရုံကိုဖမ်းစားသွားခဲ့လေသည်။

PurpleWhere stories live. Discover now