Part-4

569 72 3
                                    

နာကျင်မှုတွေ ထပ်တူကျတဲ့အခါ
Cupidရဲ့ မြှားကလေးတစ်စင်းဟာ
နုနွေးတဲ့ နှုတ်ခမ်းတွေအကြား
ရဲရင့်စွာ တာဝန်ထမ်းဆောင်လေတယ်။

______________________________

ဂျီမင်း ဘာဘာညာညာ လှမ်းမပြောနေဘဲ ထယ်ယောင်းကို အပေါ်ကအုပ်ကာ ထိုးနေတဲ့ကောင်ရဲ့နောက်ကို ပြေးကန်လိုက်သည်။ ထိုးသမျှကို လက်နှစ်ဖက်ဖြင့်ကာနေသော ကောင်လေးမှာ သူ့ကိုမြင်သောအခါ အံ့ဩသွားပုံရသည်။

ဂျူဒိုရော တိုက်ကွမ်ဒိုရောသင်ဖူးသော်လည်း လူမမျှတာရယ် တစ်ခါမှရန်မဖြစ်ဖူးတာရယ်ကြောင့် ထယ်ယောင်းတစ်ယောက် အကြိတ်အနယ် အထိုးခံနေရစဉ် ရုတ်တရက်ပေါ်လာတဲ့ ဂျီမင်းကြောင့် အံ့ဩသွားရသလို အားလည်းတက်သွားရသည်။

သူ့မျက်နှာပေါ်က သွေးစတွေကိုအမြင် ဂျီမင်းရဲ့မျက်လုံးထဲမှာ ထယ်ယောင်းတစ်ခါမှမမြင်ဖူးတဲ့ အေးစက်မှုနဲ့ရက်စက်‌တော့မည့် အရိပ်အရောင်ကို ကြက်သီးထဖွယ် တွေ့လိုက်ရသည်။

" မင်းတို့ နှစ်ယောက်ဟိုဘက်‌ထောင့်မှာသွားစောင့်နေ "

ထယ်ယောင်းနဲ့အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသားလေးဘက်ကိုလှည့်ပြီး ပြောလိုက်သောဂျီမင်းရဲ့ စကားအဆုံးတွင် ထယ်ယောင်းကဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်နေသောမျက်လုံးများဖြင့်ကြည့်မိသွားသည်။

" မင်းတို့ရှိနေမှ ပိုရှုပ်မှာ ဒီကလေးတွေလောက်က စာမဖွဲ့ဘူး သွားတော့"

ထယ်ယောင်းခေါင်းညိတ်ပြပြီး ကျောင်းသားလေးရဲ့ လက်ကိုဆွဲကာ နံရံထောင့်နားသို့သွားလိုက်သည်။

"ဟေး ငကြောက်လေးတွေ မင်းတို့ကတစ်ယောက်တည်းဆို သတ္တိမရှိတော့ လူစုပြီးအနိုင်ကျင့်ကြတယ်ပေါ့ လာခဲ့ ဒီအစ်ကိုကြီးကတစ်ယောက်တည်း သတ္တိရှိရှိ အမှိုက်ဘယ်လိုရှင်းရသလဲဆိုတာ ပြပေးမယ် "

ခေတ္တမျှကြောင်နေကြသော ကျောင်းသားများသည် ဂျီမင်းထံမှအလှောင်ခံရပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးဝင်လာကြသည်။

တိုက်ခိုက်ရေးပညာမှန်သမျှ ဝါသနာအရ လိုက်စားထားသော ပတ်ဂျီမင်းတို့အတွက် ဒီလောက်ကတော့ အေးဆေး။ အကြောလျှော့ရုံလောက်ပဲရှိတာ။

PurpleWhere stories live. Discover now