အပိုင်း၄

6.5K 347 2
                                    

'ကိုကို..ကိုကိုရေ..'
မိုးလင်းပြီဆိုတာနဲ့နှိုးစက်တောင်မလိုပဲ ၊အမြဲအချိန်အတိအကျ၊ကျနော့်ကိုလာနှိုးတက်တဲ့ကောင်ပေါက်စ။
'ကျစ်ဘာလဲကွာ ငါအိပ်ရေးဝဝအိပ်ပါရစေအုံးမင်းကျောင်းပိတ်တုန်းလေးငါအေးအေးဆေးဆေးအနားယူချင်တယ်ကွာ'
'ကိုကို..ဒီနေ့ကျောင်းဖွင့်ပီဆိုတာရောသိရဲ့လား..'
'ဟမ်ဘာလို့'
'ကျနော်ရောက်နေတာက အထက်တန်းတတိယနှစ်လေ အရေးကြီးတဲ့နှစ်မဟုတ်လား..ကျောင်းကတစ်လပဲပိတ်ပီးအစောတက်ရမှာလေဗျာ..အစိုးရကျောင်းတက်နေတာမှမဟုတ်ပဲကို..ထတော့'
တကယ်ပါပဲဗျာ..၊လူကဖြင့်ကြီးနေပြီဟာကိုနားပူနားဆာလုပ်လိုက်တာဗျာ...။
'ဟာကွာ..ဘာမှန်းကိုမသိဘူး..မင်းလည်းအသက်ကြီးနေပြီပဲဟာကိုကိုယ့်ဘာ့ကိုယ်သွားပါလားကွ'
'ဒါဆိုဆိုင်ကယ်ဝယ်ပေး..'
'ဟမ်'
'ဆိုင်ကယ်စီးပီးကျောင်းတက်ချင်တယ်..အရမ်းမိုက်မှာ သိတယ်မလား ကျနော်က ကျောင်းရဲ့Kingဆိုတော့ ကားနဲ့လာတာထက် ဆိုင်ကယ်အလန်းစားနဲ့လာတာပိုမိုက်မယ်မဟုတ်လား'
ကျနော်ကိုသူ့အဖေများထင်နေသလားမသိ၊သူလိုချင်တဲ့အရာမှန်သမျှကျနော့်ကိုပဲအမြဲခလေးလိုပူဆာတက်တာလေ။
'မင်းငါ့ကိုဘာလို့လာပြောနေတာလဲ daddyကိုသွားပြောလေ ငါမင်းအဖေမှမဟုတ်တာ'
'ကိုကိုဝယ်ပေးတာပဲလိုချင်တာကို..'
အမြဲကိုကို..ကိုကိုနဲ့စိတ်ရှုပ်အောင်သိပ်လုပ်တဲ့ခလေး။
'ဟင်းးမဝယ်ပေးဘူးကွာရှုပ်လိုက်တာ..'
'ဟွန့်'
ဆူထားပြန်ပီ လူကြီးနဲ့မှမလိုက်အောင်..၊စတွေ့တုန်းကဒီလောက်ထိ စိတ်ကောက်တက်မယ်လို့ထင်မထားခဲ့ဖူးဘူး...။
'နှုတ်ခမ်းထော်မနေနဲ့ လူကြည့်တော့လူ့ဘီလူးပုံစံနဲ့ '
'ကိုကိုနော်..ထွားတာဗျ..'
'မင်းထွားတာကြီးကလွန်ကိုလွန်ပါတယ်ကွာ..တော်ရုံထွားတာမဟုတ်တော့ဘူး..ရင်အုံကြီးတွေကိုလည်းကြည့်အုံး..'
ကိုကိုကကျနော့်ရင်ဘက်ကိုလာကိုင်ရင်းပြောတယ်..။ကြက်သီးတွေပါထတယ်ဗျာ ။ဘယ်လိုခံစားချက်ကြီးဖြစ်သွားမှန်းကိုမသိ..။
'အကြီးကြီးပဲ..မင်းကစားလိုက်သောက်လိုက်နဲ့ပဲကိုမင်းကျထွားလည်းထွားတယ် အဖုအထစ်ကြီးနဲ့ငါ့ကျတော့ ဒီလောက် လေးကျင့်ခန်းတွေလုပ်နေတာတောင် အဖုလေးတစ်ခုတောင်ယောင်လိုထွက်မလာဘူး..'
ကိုကိုက သူ့ဗိုက်သားကို အကျီပေါ်ကနေဖိကြည့်ရင်း၊စိတ်ကုန်နေသလိုမျက်နှထားမျိုးနဲ့ပြောနေတယ်လေ။
'ကိုကိုအားကျနေတာမလား'
'ဒါပေါ့ကွ..မတရားလိုက်တာ..'
ကိုကိုကျနော့်ကိုတကယ့်ကိုမှအားကျနေပုံပဲ၊ ဖြစ်နိုင်ပါတယ်လေ။ကိုကိုကအားကစားသိပ်လိုက်စားတာဗျ။လူကသာ မိန်းခလေးရှုံးအောင်လှတာ၊စိတ်ကတော့လုံးဝကိုမှယောကျာ်းမှယောကျာ်း၊
တစစ်စစ်နဲ့တောင်မြည်တယ်..။ကိုကိုနဲ့အတူနေလာတဲ့တလျှောက် ကိုကိုကဘယ်တော့မှမနူးညံ့ခဲ့ဖူးဘူး..။ယောကျာ်းပီပီသသနဲ့ စီးပွားရေးလုပ်ငန်း..၊သူ့အလုပ်ပေါ့ဗျာ..။သူ့ကုမ္မဏီမှာလည်း အရမ်းစည်းစနစ်ကျတာ..အားလုံးရဲ့ခေါင်းဆောင်ပီသအောင်နေတယ်။အားလုံးကလည်းလေးစားကြတယ်။ဘယ်သူမှသူ့ကိုအနှောက်အယှက်ပေးလို့မရဘူး..။အမှန်တော့ ကိုကိုကbodyguardတောင်မလိုပါဘူး..။သူ့လက်နှစ်ချက်လောက်ဝှေ့လိုက်တာနဲ့၊တစ်ဖက်လူကလဲပြီးသားပဲ..
မှတ်မိပါသေးတယ်။ကျနော်၈တန်းတုန်းက ကျောင်းလစ်လို့တဲ့၊ကျနော့်ဖင်ကိုသူကိုယ်တိုင်ချတာနော်..။လက်သန်ပြောင်လိုက်တာလွန်ရော..၊သုံးရက်လောက်ထိုင်တောင်မထိုင်နိုင်ဘူး။အသေနာတာဗျ...။အကိုကောင်းပီသပါပေတယ်။တယောက်ယောက်နဲ့ပြသနာဖြစ်လာလို့ကျနော်ရှုံးလာလို့ကတော့သွားပြီပဲ။ကျနော့်ကိုစကားလုံးဝမပြောတော့ဘူး။သေလူလို့တောင်သတ်မှတ်တယ်တဲ့..။ဒါ့ကြောင့်လည်းကျနော်ခံလာရတဲ့သူဆီပြန်သွားပြီးနိုင်အောင်ပြန်သွားချလို့ရုံးခန်းရောက်ပြန်တော့..၊ကိုကိုက ကျနော့်ကိုအရင်ဆုံးမေးတယ်၊နိုင်လားတဲ့..။ကျနော်ကနိုင်တယ်လို့ပြန်ဖြေလိုက်တာနဲ့ပြုံးပြုံးကြီးကျောင်းအုပ်ကိုတွေ့ပီးပြသနာဖြေရှင်းပြီးတာနဲ့ အိမ်တန်းမပြန်ပဲ၊ကျနော်ကိုမုန့်အမြဲလိုက်ဝယ်ကျွေးတယ်..။ထူးဆန်းတယ်နော်..၊အက်တာ ကျနော့်ကိုကို ဒေစီအဲလက်စ်ပါပဲ..။
'ဆိုင်ကယ်ဝယ်ပေး...'
'ဟမ် ဘားမှလည်းမဆိုင်ဘူး..'
'လုပ်ပါကိုကိုရာ..ကျနော်စီးချင်လို့ပါ'
'ok..အပေးအယူရှိမယ်...'
ကိုကိုက ကျနော်တစ်ခုခုလိုချင်တိုင်း၊ဘယ်တော့မှလွယ်လွယ်နဲ့ပေးလေ့မရှိပါဘူး။အပေးအယူဆိုတာရှိစမြဲပါပဲ။
'ဘာအပေးအယူလဲ'
ကျနော်ပြန်မေးလိုက်တော့ ၊ကိုကိုက အကြောတစ်ချက်ဆန့်လိုက်ရင်း..။
'မင်းအမှတ်အမြင့်ဆုံးနဲ့ဒီနှစ်အောင်ရင် မင်း တက္ကသိုလ် သွားဖို့အတွက် အမိုက်ဆုံးဆိုင်ကယ်တစ်စီးဆုချမယ်ဘယ်လိုလဲ'
'ဒါဆိုအထက်တန်းပြီးမှရမယ်ဆိုတဲ့သဘောပေါ့..'
'ဒါပေါ့..'
'ဟွန့်..ဟုတ်ပြီကိုကို့စကားတည်ပါစေ'
'ငါဘယ်တုန်းကမတည်ဖူးဘူးလို့လဲ..'
ကိုကို့ကိုယုံပါတယ်..။ကိုကိုကဘယ်တော့မှဂတိဖျက်တက်တဲ့လူစားမဟုတ်လို့လေ။
'ဒါဆိုလဲထတော့ဗျာ ကျောင်းနောက်ကျတော့မယ်'
'အေးပါကွာ '
မတက်သာတဲ့အဆုံး ထိုခလေးရဲ့စကားအတိုင်း၊အိပ်ယာကထပြီးကျောင်းပို့ပေးဖို့လုပ်ရတာပါပဲ။
..
'စာကောင်းကောင်းလုပ်နော် အတန်းလစ်ရင် ဘာဖြစ်မလဲမင်းသိတယ်မလားဓန..'
ကားထဲကနေ ကျောင်းဝန်းထဲမဝင်ခင်၊ကျိန်းမောင်းနေတာကတော့ ကျနော်အဖေမဟုတ်တဲ့ကိုကိုအဲလက်စ်ပါဗျ။
'ကိုကို..ကျနော့်ကိုမောင်လို့မခေါ်ချင်ဘူးလား..'
'ဘာ..ရူးကြောင်ကြောင်နဲ့လစ်လိုက်တော့ ငါလည်းအလုပ်နောက်ကျတော့မယ်'
ကျနော့်ကိုကားထဲကအတင်းနှင်ထုတ်နေတဲ့ကိုကို့ကြောင့် စိတ်မကောင်းဖြစ်မိပါတယ်..။
'အင်းပါ..(တကယ်ခေါ်စေချင်လို့ဟာကို)'
(တိုးတိုးလေးပြော)
'ငါကြားတယ်မောင်...သွားပီနော်'
ပြောပီးတာနဲ့ချက်ချင်းကားမောင်းပြီးထွက်သွားတဲ့ကိုကို။
'(ချီးပဲကြားတယ်ဟ)...ဟုတ်.ဟုတ်ကိုကို..ငါ့ကိုမောင်လို့ခေါ်သွားတယ်..ဟီးပျော်လိုက်တာကွာ...'
တစ်ယောက်ထဲကျောင်းဝန်းထဲသွားတဲ့လမ်းမှာ၊ခုန်ပေါက်ပြီးပြုံးပျော်နေသူ။
'ဓန..မင်းဘာတွေတွေးပြီးပြုံးပြုံးကြီးဖြစ်နေတာလဲကွ'
'ဒီလိုပါပဲ ဟဲဟဲ..'
အပေါ်ဝတ်အားပင့်တင်ရင်း၊မှိုရသလိုမျက်နှာနဲ့ပြန်ဖြေလာသူ။
'မင်းအကိုပဲလာပို့တာလား..'
'အေးလေ..'
'မင်းကတော့ကွာ ခုချိန်ထိခလေးလိုကြီးပဲ'
ဆူပုတ်ပုတ်နဲ့ဆရာကြီးစတိုင်ဖြင့်၊ပြောလာသူကြောင့်။
'ငါကကိုကို့ရဲ့ခလေးလေးဖြစ်ချင်တာလေ..မင်းကိုသာပြောရမှာနေရာတကာ...မေမေ..မေမေနဲ့...'
'ဟေ့ကောင်..ငါကငါ့အမေကိုချစ်တာကိုကွအ့ကြောင့်မေမေ့သားလေးဖြစ်ရတာရှက်ဖူး'
'(ငါရောပဲလေ) '
'ဟင်ဘာပြောလိုက်တာ..'
'ဘားမှမဟုတ်ပါဘူးငါလည်းကိုကို့ညီလေးပဲလို့..စာအုပ်ထုတ်တော့လေ..'
စကားတပြောပြောနဲ့လာလိုက်တာ၊ကျောင်းစာသင်ခန်းထဲတောင်ရောက်လို့၊ထိုင်တောင်ထိုင်ပီးနေပြီလေ။
'awwအေးအေး..'
သူကရှိုင်းဝဏ္ဏ..။ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်း..။သူလည်းချောတာပဲဗျ..။ဒါမဲ့သူကgayတယောက်၊သူကိုယ်တိုင်ဝန်ခံထားတယ်လေ။ဒါ့ကြောင့်လည်းမိန်းခလေးတွေက၊ သူ့ကိုမချစ်ရဲကြဘူး..။ကောင်လေးတချို့ကတော့ကြွေကြပင်မဲ့လာဖွင့်ပြောတဲ့အခါတိုင်း၊သူကအငြင်းတစ်လိုင်းလေ..။သူ့ရဲ့လူရှိပီးသားတဲ့။ဒါမဲ့ သူ့လူကဘယ်ရောက်နေမှန်းသူတောင်မသိဘူးတဲ့ဗျာ...။ကျနော်ကရော..ဘာပါလိမ့်..၊gayပဲလား..။ဒါမှမဟုတ်..ဟင့်..မသိပါဘူးဗျာ..။ကျနော်ဘဝမှာကျနော့်ကိုရင်ခုန်စေတဲ့၊တယောက်ထဲသောသူက ကိုကိုတယောက်ထဲပဲ...။ကျနော့်ရဲ့အလှလေးပေါ့ဗျာ...။ဒေစီပန်းလေးလိုလှပခြင်းမျိုးနဲ့..ဒေစီအဲလက်စ်....။
.....
'boss..ဒီနေ့နောက်ကျတယ်နော်..'
ရုံးခန်းထဲရောက်တာနဲ့၊ရှေ့ကနေဘွားခနဲပေါ်ပေါ်လာတက်ပြီးးနှုတ်ဆက်တက်သူ။
'ငါ့ကို coffee တစ်ခွက်ဖျော်ပေးစမ်းပါ..အိပ်ရေးမဝခဲ့လို့'
မျက်ရိုးတစ်လျှောက်ဖိနှိပ်ရင်းထိုင်ခုံမှာထိုင်ပြီး၊မျက်မှောင်ကျုံ့ရင်းပြောမိတယ်။
'ဟုတ်bossသုံးမိနစ်ပဲစောင့်..'
လက်ကိုOK ပုံစံလုပ်ပီး၃မိနစ်စောင့်ပေးဖို့စတိုင်နဲ့မလိုင်နဲ့ပိုစ်ပေးရင်းပြောလာသူ။
'အပိုတွေလာလုပ်မနေနဲ့နင်ရဲ့သုံးမိနစ်က အနည်းဆုံးနာရီဝက်ပဲ coffeeလေးတစ်ခါဖျော်တာကြာလိုက်တာလွန်ရော'
စိတ်ရှုပ်သလိုမျက်နှထားနဲ့ပြောလာတဲ့Bossကြောင့်ယုံကြည်ချက်ရှိရှိပြောလာသူ။
'ဒီတစ်ခါမြန်စေရပါမယ် bossရဲ့ဟီး..သွားဖျော်လိုက်အုံးမယ်နော်..'
'အေး..'
လက်ယက်ပြရင်း နင်ပျော်ရင်ကမ္ဘာကြီးအေးချမ်းတယ်ဆိုတဲ့ပုံစံဖြင့်သွားခိုင်းလိုက်တဲ့အဲလက်စ်။
'ရပီboss'
ရုံးခန်းထဲပြုံးပြုံးကြီးကော်ဖီခွက်ကိုင်ရင်း၊ဝင်လာသူကြောင့်အဲလက်စ်ခမျာအံသြနေတဲ့ရုပ်ဖြင့်။
'မြန်တယ်ဟ..တိုးတက်...ဟမ်...ဒါဘာလဲ'
'ဟီး...ဝန်းထမ်းအသစ်လေးဝယ်လာတာတဲ့ မြန်အောင်ဒါလေးပဲသောက်လိုက်နော်boss'
မျက်နှာချိုသွေးနေသောသူမ။
'တကယ်ဟာမလေး..'
'ဟဲဟဲ...bossကောင်းရဲ့လား'
Bossကကော်ဖီကိုအနံတစ်ချက်ခံလိုက်ပီးတာနဲ့၊မျက်လုံးအဝိုင်းသားနဲ့ကျမကိုပြန်ကြည့်လာတာမို့၊လန့်တောင်လန့်မိပါတယ်။
'ဒါငါသောက်နေကျဆိုင်ကပဲ..နေပါအုံး သူကချမ်းသာတာလား..'
'အယ်သိဘူးလေ..'
ကျမလည်းမသိခြင်ထောင်ထောင်ရတော့တာပေါ့။
'သူချွေတာသင့်တယ်..သွားတော့လေ'
ကျမကတော့Bossပြောတာနားထောင်ပြီးတာနဲ့၊ခပ်မြန်မြန်ပဲရုံးခန်းထဲကပြေးထွက်လာခဲ့လိုက်ရတော့တယ်။
'ဟုတ်boss'
....
'ဟူးးးး'
အပြင်ရောက်မှပဲအသက်ဝဝရှုနိုင်တော့တယ်။
'မမှူးရေဘယ်လိုလဲbossကကြိုက်ရဲ့လား'
အသက်တောင်ဘယ်နားကရှူလိုက်ရမှန်းမသိအောင်၊ပြေးထွက်လာခဲ့ရတာ လဒ လေးနင့်ကြောင့်လို့၊တည့်ပြောချင်ပင်မဲ့လည်း..။
'သိဘူး.သောက်တော့သောက်နေတာပဲ..နင်လည်းနော် bossအကြိုက်လိုက်ရင်းမွဲတော့မယ်..'
'ချစ်တာကိုဗျ..'
အချစ်...အချစ်ဆိုတာ..၊လူကိုမွဲစေတာပဲ..။ကျမအမြင်ပေါ့..။
'အေးပါဟယ်..bossကနင့်ကိုချွေတာသင့်တယ်တဲ့နော်'
'​ကျနော့်ကိုbossသတိထားမိအောင်တော့ကြိုးစားရမှာပဲလေ...'
ဒီခလေးနဲ့တော့ပြောရခက်လိုက်တာ။
'ဟင်းးးနင်ကတော့နော်...'
သူကစည်သူတဲ့..။bossကိုမြင်မြင်ချင်းကြွေသွားတဲ့ကောင်လေးတယောက်ပေါ့ကွာ..။တစ်ရက်ကမိုးအရမ်းရွာနေလို့ ၊bossက ကျမအိမ်ကိုလိုက်ပို့ပေးတယ်လေ..။စည်သူကကျမနဲ့အိမ်နီးချင်းဆိုတော့ ၊Bossကိုတွေ့လိုက်တယ်တဲ့ ။ဘယ်သူလဲတဲ့ ကျမဆီကိုလာပြီး၊အမေးအမြန်းထူပါလေရော..။အလုပ်လဲမရရအောင်လာလုပ်တယ်လေ..။သူBossကိုအရမ်းချစ်နေပီတဲ့...။ကောင်လေးက ငယ်သေးတယ်..။Bossညီလေးထက်၊အသက်နှစ်နှစ်လောက်ပိုကြီးရုံပဲ...။Bossကတော့သူရှိမှန်းတောင်သိတာမဟုတ်..။စိတ်မအေးရပါဘူးအေ...။
..................................ကြွေ..................................

''ကြွေ'' (Completed) Where stories live. Discover now