အပိုင်း၃၁

3.4K 167 2
                                    

ကိုကိုအချိန်အတော်ကြာမေ့နေခဲ့တာပဲ.. ။ည၉နာရီလောက်ရှိနှင့်နေပြီ၊ကိုကိုသတိရလာရင်ဗိုက်များဆာနေလောက်မလားနော်..။
'မောင်...'
'ဟင် ကိုကိုသတိရလာပြီလား.. ရေသောက်လိုက်ပါအုံး'
'အွန်း...'
'ဖြေးဖြေးသောက်နော်..'
ကျနော်လည်းကိုကို့ကိုရေတိုက်ဖို့ ဖန်ခွက်လှမ်းကမ်းမိတော့ ၊ကိုကို့က ကျနော့်လက်ကိုဆုပ်ကိုင်လာတယ်လေ။
'မောင်တော့ငါ့ကိုထားမသွားဘူးမဟုတ်လားဟင်'
ကိုကိုကအခုအချိန်မှာ..အရမ်းအားငယ်နေတဲ့ခလေးငယ်တစ်ယောက်လို၊ကူကယ်ရမဲ့နေတဲ့ခလေးငယ်တစ်ယောက်လို၊ကျနော့်အပေါ်အားကိုးစကားပြောလာခဲ့တယ်။
'ကျနော်ကိုကို့အနားမှာအမြဲရှိနေမှာပါ..စိတ်မပူနဲ့နော်'
ကျနော်ကိုကို့ကိုနွေးထွေးစွာ ရင်ခွင်ထဲထွေးပွေ့ထားရင်းပြန်ဖြေမိတယ်။
'ငါအိမ်ပြန်ချင်တယ်မောင်'
'ဟုတ်ပြီ ကိုကို ခဏစောင့်အုံး ကျနော် ဆရာဝန်ဆီက ဆေးရုံဆင်းခွင့်သွားယူလိုက်အုံးမယ်'
'ဟုတ်ပြီမောင်...'
တော်သေးတာပေါ့ ။ကိုကို့စိတ်အခြေအနေကပုံမှန်အတိုင်းနဲ့သတိရလာလို့...စိုးရိမ်လိုက်ရတာကိုကိုရယ်...။
'နေအုံး..'
'ဟင်ဘာလို့လဲကိုကို'
'မောင်ငါ့ကိုတစ်ယောက်ထဲပြစ်မထားခဲ့ဘူးမဟုတ်လား..'
ကိုကို့ကျနော့်လက်အားလှမ်းဆွဲရင်းပြောလာခဲ့တာမို့။
'ကဲ..လာတက်..'
မောင်ကျနော့်ရှေ့ထိုင်ချလိုက်ပြီး၊သူ့ကျောပေါ်တက်ခိုင်းနေတယ်..။
'ဟီး...'
ကျနော်လည်းမောင့်ကျောပေါ်တက်ပြီး၊ခွလျှက်လေးလိုက်သွားတာပေါ့..။ဘေးကလူတွေကလည်း ပြုံးစိစိနဲ့ကြည့်နေကြတယ်လေ..။ကျနော်ထင်တာ ကျနော်တို့ကိုမသတီတဲ့အကြည့်တွေနဲ့ကြည့်ကြမယ်လို့....၊ဒါမဲ့လည်း တချို့တွေဆို..ပျော်နေကြတဲ့ပုံပေါက်နေကြသေးတယ်...။ဘယ်လိုပဲဖြစ်ဖြစ် မောင်သာငါ့အနားရှိနေမယ်ဆိုရင် ငါ့ဘယ်လိုအရာတွေကိုပဲကျော်ဖြတ်ရပါစေ ၊ငါကျော်လွှားနိုင်တယ်...။
'မောင်..မောင်ရှက်ရင် ငါ့ကိုအောက်ချပေးလို့ရတယ်နော်'
'ဘာလို့ရှက်ရမှာပဲ ဂုဏ်တောင်ယူသေးတယ် ကျနော်ချစ်ရတဲ့ကိုကို့ ကိုကျောပိုးပြီးလူကြားထဲလမ်းလျှောက်ရတာ ဘယ်လောက်တောင်ပျော်ဖို့ကောင်းသလဲနော်...ကိုကိုရောရှက်လို့လား..'
'မရှက်ပါဘူး... ပျော်တယ်...'
'ဟီး..ဟုတ်ပါပြီ... အယ် doctor '
ကျနော်မောင့်ကျောပြင်အားပိုတိုးပြီးဖက်ထားမိတယ်။
'အေး ဟင်မင်းတို့ဘာဖြစ်လာကြတာလဲ လူနာထပ်ပြီးထိခိုက်လို့ကျောပိုးလာတာလား..ဘဲလ်တီးလိုက်ပါလို့ပြောခဲ့တယ်မလား..'
doctor ကလည်းအလန့်တကြားနဲ့ ကိုကို့ကိုဟိုးစမ်းဒီစမ်း၊ စမ်းနေရင်းမေးလာခဲ့တယ်လေ။
'မဟုတ်ပါဘူး doctor ရဲ့ ကိုကိုက ဆေးရုံကဆင်းချင်ပြီဆိုလို့ doctorဆီက ခွင့်ပြုချက်လာယူတာပါ..ပြီးတော့ကျောပိုးလာတဲ့အကြောင်းက ကိုကိုလမ်းလျှောက်ရင်ပင်ပန်းမှာစိုးလို့ပါဗျ'
ကျနော့်အပြောကြောင့်doctorလည်းခေါင်းလေးကုတ်ရင်းရယ်ပါလေရော။
'အော်..ဟားဟား..မသိဘူးလေကွာ..မင်းတို့သက်သာရင်ဆင်းလို့ရပါပြီ..roလိုက်ကြတာနော်'
'ဟီးးbye bye'
ကျနော်တို့လည်းdictorကိုနှုတ်ဆက်ရင်း..၊ကိုကို့လူနာအခန်းဆီပြန်လာခဲ့လိုက်တော့တယ်။ကျနော်ကိုကို့ ကိုခဏစောင့်ခိုင်းပြီး၊အိမ်ကdriverကိုလှမ်းခေါ်ဖို့လုပ်တော့..။
'ငါမောင်းမယ်လေမောင်ရဲ့..'
'ကိုကိုမှနေမကောင်းတာ'
'ရပါတယ်မောင်ရဲ့ '
ကိုကိုကရပါတယ်ဆိုပြီး ကျနော်လက်ကိုဆွဲပြီး၊ကားထိုးထားတဲ့နေရာဆီခေါ်လာခဲ့တယ်လေ။ပြီးတော့ ကျနော့်ကို ကားထဲထိုင်ခိုင်းတယ်၊ကိုကိုလည်း မောင်းသူနေရာဝင်ထိုင်ပြီး ကားမောင်းဖို့ပြင်တော့တာပေါ့။
'အဆင်ပြေတာသေချာလို့လား'
'သေချာပါတယ်ခမျ ခါးပတ်သေချာပတ်'
'ဟုတ်ကိုကို...'
ကိုကိုကတော့ကျနော့်ကိုအမြဲခလေးတစ်ယောက်လိုဆက်ဆံနေတော့တာပါပဲ။ပြီးတော့ကားလည်းမောင်းခိုင်းတာမဟုတ်။ကိုကို့ကိုသာကားမောင်းသင်ခိုင်းရင်တစ်သက်လုံးသင်ပေးမှာတောင်မဟုတ်ဖူး။ဒီကြားထဲကိုယ့်ဘာ့ကို သူငယ်ချင်းတစ်ယောက်ဆီကအကူအညီတောင်းပြီး၊ကားမောင်းသင်ထားလို့တော်ကာကျတယ်။
'မောင်ဘာတွေတွေးနေတာလဲ'
'အာ..ဘားမှမဟုတ်ဖူး '
'မောင့်ကိုတစ်လျှောက်လုံး ကားမမောင်းခိုင်းလို့စိတ်ညစ်သွားတယ်မလား.... '
'အင်းလေ..ကိုကိုက ကျနော့်ကိုဘာမှမှ မလုပ်ခိုင်းပဲကို..'
နှုတ်ခမ်းကြီးဆူကာပြောလာတဲ့ခလေးကြီး။
'ချစ်လို့မလုပ်ခိုင်းတာလေ ငတုံးလေးရဲ့ မောင်ပင်ပန်းမှာစိုးလို့လေ'
ကိုကိုကကျနော်ဆံပင်တွေကိုဖွပြစ်ရင်းပြုံးကာပြောလာခဲ့တယ်။ချစ်လို့တဲ့လားကိုကိုရယ်။
..............
'ဟင်...'
ကျနော်တို့အိမ်ပြန်ရောက်တော့အိမ်ထဲမှာလူတွေရှုပ်ယှက်ခတ်နေခဲ့တယ်။
'အိမ်မှာလူတွေရှုပ်နေတာပဲ..arrမိုးမခ...'
ကိုကို အခုမှ အကိုမိုးမခကိုသတိရသွားတယ်ထင်ပါရဲ့။
'ကိုကိုအဆင်ပြေရဲ့လား '
'အင်းးငါအဆင်ပြေသွားပါပြီမောင်ရဲ့..ဆင်းတော့လေ'
'ဟုတ်'
ကျနော်လည်းကားပေါ်ကဆင်းပြီးအထဲဝင်ဖို့အလုပ်။
'အမလေးးး!!!'
ဝန်ထမ်းမလေးကအပြင်ကို၊အလန့်တကြားနဲ့ပြေးထွက်လာခဲ့တယ်လေ။
'ဘာဖြစ်တာလဲဟ'
'ဟင်သခင်လေးတို့..ဟို..ဟို..'
'ဘာဖြစ်လို့လဲ..'
ဝန်ထမ်းမ​လေးကပျိုးတို့ပြာတာနဲ့ပြောနေတာ၊ရှေ့မရောက်တော့တာမို့..ကျနော်တို့ဝင်ကြည့်မိတော့..၊ဝဏ္ဏနဲ့ အကိုစည်သူက အကိုမိုးမခရုပ်အလောင်းနားမှာရပ်နေကြတယ်။
'ဘာဖြစ်ကြတာလဲ ဝဏ္ဏ'
ဝဏ္ဏကိုမေးမိတယ်။
'ဓန အကိုအဲလက်စ်..ဟိုမှာ..'
ဝဏ္ဏလက်ညိုးညွှန်ရာကိုကြည့်မိတော့။
'ဟင်....'
နွယ်ကကြမ်းပြင်ပေါ်မှာဒူးထောက်လျှက်အသက်မဲ့သလိုထိုင်နေတယ်...။ပြီးတော့ June..၊သူ့ကိုယ်သူ ဓားနဲ့ လည်ပင်းကိုဖြတ်ပြီးသတ်သေတဲ့ပုံပဲ...။
'ဘယ်လိုဖြစ်ရတာလဲ..'
ကျနော်မေးမိတော့..။
'ငါတို့လည်းမသိလိုက်ဖူး အားလုံးပြင်ဆင်သင့်တာပြင်ဆင်နေကြတဲ့အချိန် ဒီလိုတွေဖြစ်ကုန်တာပဲ..'
'မမှူးရော..'
'သူမက ကုမ္မဏီကိုခဏပြန်သွားတယ် အရေးကြီးဧည့်သည်တွေလာတယ်ဆိုလို့..'
ကျနော်သူတို့ပြောတာနားထောင်ရင်းကိုကို့ကိုကြည့်မိတော့ ကိုကိုပြုံးနေတယ်...။ကိုကို့အပြုံးမှာ အမုန်းတရားတွေပါနေတယ်ဆိုတာ..၊ကျနော်သတိထားမိတယ်....။
'နွယ်....လာထ သေပြီးသားလူက ဘယ်တော့မှ ပြန်ရှင်မလာဘူး....'
ကိုကို နွယ့်ကိုဆွဲထူရင်းပြောထွက်လာတဲ့စကားက၊ ကြက်သီးထစရာကောင်းလိုက်တာနော်...။
'သက်ဆိုင်ရာကိုphဆက်ကြလေ ဒီဖြစ်ရပ်အတွက်မျက်မြင်သက်သေရှိကြလား'
'ဟုတ် သခင်လေးညီမ...ညီမတွေ့လိုက်တယ်...'
အစောက ပြေးထွက်လာတဲ့ ခလေးမလေးပဲ...။
'ကောင်းပြီ မင်းအမှန်အတိုင်းထွက်ဆိုပေးလိုက်ပါ..သူကိုယ်သူ သက်သေတဲ့အကြောင်းကို..'
ကိုကိုကအေးစက်လွန်းတယ်။
'ဟုတ်ကဲ့ပါသခင်လေး....'
'အားလုံးလုပ်စရာရှိတာဆက်လုပ်ကြပါ...နွယ့်ကိုရေအေးအေးတစ်ခွက်တိုက်လိုက် မောင် ငါသွားနားတော့မယ်'
'ဟုတ်ကိုကို...နွယ် ဒီမှာထိုင်အုံး အဆင်ပြေသွားမှာပါ..'
ကျနော်လည်းနွယ့်ကိုပဲနှစ်သိမ်ရမလို၊ကိုကို့နောက်ပဲလိုက်ရမလို အခြေအနေဖြစ်နေတော့တာပေါ့။
'ငါ့အကိုက ငါ့ကိုထားခဲ့ပြီ ဓန...ငါတစ်ယောက်ထဲဖြစ်သွားပြီ ငါဘယ်လိုလုပ်ရမလဲဟင်'
'နင်ငိုချလိုက်ပါဟာ..နင်ဒီလိုကြီးနေနေရင်မကောင်းဘူး... '
ကျနော်လည်းနွယ့်ကိုဖက်လိုက်ရင်းပြောမိတယ်။
'ငါတို့နင့်နားမှာရှိနေပါတယ်ဟ'
'ငါမငယ်ပါနဲ့ညီမရယ် အဆင်ပြေသွားမှာပါ..'
ဝဏ္ဏနဲ့ အကိုစည်သူက လည်း နွယ့်ကိုလာနှစ်သိမ့်ပေးကြပါတယ်..။အခုအချိန် ကျနော့်ခေါင်းထဲရောက်လာတဲ့အတွေးတစ်ခုက ကိုကိုဘာလို့ပြုံးရတာလဲ...၊စိတ်ထဲမသိုးမသန့်ဖြစ်မိတယ် ၊ကိုကိုသတိရလာချိန်အကောင်းပဂတိပဲမို့ ဆရာဝန်နဲ့မစစ်ဆေးလိုက်ရဘူး......။ကျနော်ထင်သလိုတော့မဖြစ်နေဖို့မျှော်လင့်မိပါတယ်။
.........................ကြွေ........................

''ကြွေ'' (Completed) Où les histoires vivent. Découvrez maintenant