အပိုင်း၁၉

3.3K 187 0
                                    

နောက်ဆုံးတော့အငိုရပ်သွားခဲ့ပြီ..၊ရပ်သင့်နေပြီလေ ၊ကြည့်ပါအုံးမျက်နှာကိုလည်း ဖောင်းကားနေပြီ ၊ကျနော်အကျီတွေလည်း ဝဏ္ဏမျက်ရည်တွေ ၊နှပ်ချေးတွေနဲ့ပြည့်နေပြီလေ...။အကိုစည်သူလည်းအတော် စိတ်လျှော့ပြီးစည်သူ့အနားနေပေးနေခဲ့ပုံပဲ..၊အားနာလိုက်တာနော်...။
'ငါဗိုက်ဆာတယ် ဓန'
ငိုတာရပ်ပြီးဓနရင်ခွင်ထဲကနေဓနကိုမော့ကြည့်ရင်းပြောလာသူလေး။
'ဟုတ်ပါပြီ ငါမှာလိုက်မယ်ဘာစားချင်လဲ'
'ကြာဇံချက်ချဥ်ငံစပ်လေး..'
'ဟင်တည့်ပါ့မလား..'
'တည့်တည့်မတည့်တည့်ငါအက်တာပဲစားချင်တာ'
ငတုံးကောင် ၊ငါကသေနတ်နဲ့အပစ်ခံရရုံပဲကို၊ကြာဇံချက်နဲ့မတည့်စရာဘာအကြောင်းရှိမှာမို့လို့လဲ၊ကြောင်တောင်တောင်နဲ့။
'ဟင်း..မင်းနဲ့တော့ခက်ပြီ..'
'လုပ်ပါ ငါစားချင်ယို့ပါကွာ ဝယ်ကျွေးပါနော်'
ဓနရဲ့လက်မောင်းကိုပွေ့ဖက်ထားရင်း ချစ်စရာကောင်းကောင်ချွဲပြီးပြောနေသူလေး..။
'အယ်..အားရီးဂူး..ချစ်စရာကောင်းအောင်လာလုပ်နေတော့တာပဲ..အေးပါအေးပါငါမှာပေးပါ့မယ်..ချစ်ဖို့ကောင်းလိုက်တာ'
ဓနလည်း ဝဏ္ဏရဲ့ဆံပင်လေးတွေကိုဖွလိုက်ရင်းသဘောကျနေလေရဲ့။
'ဟီး..ဒါမှငါ့သူငယ်ချင်းကွ..ချစ်တယ်ကွာ..'
ဝဏ္ဏလည်းဓနကိုဖက်ရင်းပြောလာတယ်လေ။
'အေးပါကွာ..မင်းဆီဆရာဝန်လာစစ်ဆေးပြီးပြီလား'
'ဟင့်အင်း...ငါသက်သာနေပါပြီကွ..အော်ဒါနဲ့ ပစ်တဲ့သူကိုသိရပြီလား..'
'အင်း..ငါ့အကိုရဲ့ နမည်မဖော်လိုတဲ့ မကောင်းတဲ့ မိတ်ဟောင်းတွေလေ..'
'ဟင်..ငါနားမလည်ဘူး..'
ခေါင်ကုတ်ရင်းပြန်မေးလာသူ။
'ထားလိုက်ပါ..စိတ်ထဲထားမနေနဲ့...ပြီးတော့ ဝဏ္ဏ..နောက်တစ်ခါငါ့ကိုမကယ်နဲ့..မင်းအသက်ကိုမင်းတန်ဖိုးထားစမ်းပါ..'
'ဘာကိုနောက်တစ်ခါလဲ..ဟင်...မင်းအကိုက မာဖီးယားဂိုဏ်းကမို့လို့လား'
မျက်လုံးပြူးကြီးနဲ့ပြူးပြဲပြီးလာမေးနေတာကြောင့်ဓနခမျာရယ်မိပါတယ်။
'ဟားဟား မဟုတ်ပါဘူးကွာ..တော်ပြီကွာ..မင်းနဲ့ပြောရတာ နွားထီးကြီးနဲ့စကားပြောနေရသလိုပဲ... '
'ဘာနွားထီးကြီးလဲ..ဟွန့်..ကိုကို့နွားထီးလေးပါနော်'
ပုခုံးတွန့်ရင်းပြောလာတဲ့ဝဏ္ဏ။
'အို...မင်းနဲ့တော့ခက်ပြီကွာ..အယ် မင်းအဆင်ပြေသွားပြီလား အကိုစည်သူနဲ့..'
'မပြောတက်ဖူး.သူငါ့ကိုစိတ်တော့မဆိုးတော့ဘူးထင်တာပဲ..'
'အေး သူစိတ်ပြေသွားတာသိရင်လည်းထပ်ပြီးစိတ်ဆိုးအောင်မမွှေနဲ့တော့..'
'ဟဲဟဲ အေးပါကွာ'
ဒေါက်..ဒေါက်...
'deliလာပို့တာပါ'
deliလာပိုတယ်ဆိုတဲ့အသံကြားတာနဲ့ခုတင်ပေါ်ကနေလှစ်ခနဲတံခါးရှေ့ရောက်သွားတဲ့ဝဏ္ဏ။
'လာပြီဟ..ဘာလို့ကြာနေတာလဲ ဗိုက်ဆာနေတာကို...'
deliကောင်လေးကလည်းနုံအအနဲ့မို့၊ဝဏ္ဏအပြောကြောင့် ကြောက်နေတယ်ထင်ပါရဲ့။
'ကားတွေတအားပိတ်နေလို့ပါဗျ...'
ငါ့ကိုများကြောက်နေတာလားမသိ၊ငါကဒီတိုင်းပဲစကားပြောလိုက်တာပါ။
'ဟုတ်ပါပြီ ရှင်းပြီးသားမဟုတ်လား'
'ဟုတ်ကဲ့ပါဗျ 5starsပေးဖို့မမေ့ပါနဲ့နော်'
'အေးပါကွာ..'
deliသမားထွက်သွားတဲ့အထိရပ်ကြည့်နေပြီး ခုတင်ဘက်ပြန်လာတော့ပြုံးစိစိကြီးဖြစ်နေတာကြောင့်။
'deliသမားနဲ့ဘာတွေပြောနေလို့မင်းမျက်နှာကပြုံးစိစိဖြစ်နေတာလဲ'
'အော်သူစကားပြောတာလေးကချစ်ဖို့ကောင်းလို့ပါ..ယဥ်ယဥ်ကျေးကျေးလေးနဲ့ ရုပ်သာမမြင်ရတာ ချစ်ဖို့ကောင်းမယ်ထင်တယ်..'
သူ့မေးလေးသူပွတ်ကာဆရာကြီးဆိုက်ဖမ်းပြီးပြောနေတာကြောင့်။
'မင်းဖွန်ကြောင်နေတာလား ဝဏ္ဏ'
'မဟုတ်ပါဘူးဒီတိုင်း..အ့..အားးနာတယ်လေ နားရွက်ကိုမဆွဲနဲ့..'
'အကိုစည်သူ့ကိုပဲချစ်တာပါဆို. '
ဓနကလည်းစိတ်ပေါက်ပေါက်နဲ့စည်သူနားရွက်ကိုပြုတ်မထွက်ရုံတမယ်ဆွဲထားရင်းငေါက်ငန်းနေတာမို့။
'ငါပိစိလေးကြောင်မိတာပါကွာ..'
'ဖုန်မှုန့်လောက်လေးတောင်ဖွန်ကြောင်ဖို့မစဥ်းစားနဲ့ တစ်ယောက်ဆိုတစ်ယောက်ပဲ..ကြားလား လဒ..'
'အေးပါကွာ..ငါမုန့်လေးအေးကုန်ပြီလားမသိမြန်မြန်စားလိုက်အုံးမယ်နော်'
အကိုအဲလက်စ်ညီလို့မပြောရဘူးတစ်ပုံစံထဲပဲ။
'အေးစား...ငါတို့တော့စာတွေနောက်ကျနေပြီ..'
'စားပြီးရင်ဆေးရုံကဆင်းမယ်လေ.ငါလည်းသက်သာနေပြီပဲကို..'
'မင်းအဆင်ပြေရင်ပြီးတာပါပဲ..'
Company မှာဒီနေ့တစ်စက်ခလေးမှမနားရပဲ အလုပ်တွေဆက်တိုက်များနေခဲ့ပင်မဲ့ ၊လေလေးတချွန်ချွန်နဲ့ပေါ့ပါးသွက်လက်နေသူကား...။
'ပူလိုက်တာ..ရေခဲမုန့်စားချင်တယ် မှူးရေ..ငါ့ကိုရေခဲမုန်သွားဝယ်ပေးအုံး..'
'အယ် boss ညီမတို့ဒီလောက်အလုပ်များနေတာကို မဝယ်ပေးနိုင်သေးဘူး..'
မမှူးကတော့အဲလက်စ်ကိုထ မဆဲရုံတမယ်ပါပဲ။
'အေးbossကိုအက်လို လေးစား နေလိုက်..'
'ကျနော်ဝယ်ပေးပါ့မယ်..'
'မင်းငါစားနေကျဆိုင်ကိုသိလို့လား'
'သိတာပေါ့..bossရဲ့'
ပြုံးရယ်ပြီးပြောလာတဲ့စည်သူ့ကြောင့်။
'ဒါနဲ့မင်းအဆင်ပြေရဲ့လား မျက်ကွင်းတွေညိုနေတယ် မနေက ဝဏ္ဏကိုစောင့်ပေးလိုက်ရလို့ဒီပုံဖြစ်နေတာလား..'
'ဟုတ်တယ်bossဒါမဲ့ကျနော်အဆင်ပြေတယ်bossကျနော်အမြန်ပြေးပြီးဝယ်ခဲ့လိုက်မယ်နော်..'
'အေးပါ..ဖြေးဖြေးသွားမလောနဲ့'
ပြာတိပြာယာနဲ့မို့လမ်းမှာတစ်ခုခုဖြစ်နေမှာစိုးတာရော၊စည်သူ့ကိုသနားမိတာကြောင့်ရော ၊အေးအေးဆေးဆေးပုံမှန်အတိုင်းဆက်ဆံမိတယ်။
'ဟီးဟုတ်boss'
bossကငါ့ကိုစိတ်ပူနေတာပဲ..၊ပျော်လိုက်တာ...။
ဘုန်းးး
'အ့..'
'အို..အကိုလားညီလားတော့မသိ sorryပါ ကျနော်မမြင်လိုက်လို့..ဟင်...လှလိုက်တာ..bossလိုပဲ...'
ဦးထုတ်ကိုမျက်နှာကွယ်အောင်အုပ်​ပြီးဆောင်းထားပင်မဲ့၊ ဦးထုတ်အောက်ကမျက်နှာလှလှလေးကတော့ထင်ပေါ်နေတယ်လေ။
'ရပါတယ် မင်းရောဘာဖြစ်သွားသေးလဲ..ဒါနဲ့ ငါမင်းကိုတစ်နေရာရာမှာမြင်ဖူးသလို..ဟင်.....'
ကိုကြီးနဲ့ ဆိုင်အတူထိုင်တဲ့ကောင်လေးပဲ..။
'ဘားမှမဖြစ်ရင်ကျနော်သွားလိုက်ပါအုံးမယ် ကျနော့်bossအတွက်ဝယ်စရာရှိလို့ပါ.'
'boss?...မင်းbossက ဒေစီအဲလက်စ်မဟုတ်လား'
ထိုကောင်လေးရဲ့လက်ကိုအတင်ဆွဲရင်းမေးမိတယ်။
'ဟုတ်တယ်ဗျ အသိလားဗျ'
ကောင်လေးကလည်းရည်ရည်မွန်မွန်ပဲပြန်ဖြေလာတာမို့။
'အမ်..ဒီလိုပါပဲ သွားတော့လေ..'
'ဟုတ်ကဲ့..'
ကိုကြီးက ကျနော့်ကို ကိုကြီးရှေ့မပေါ်လာခဲ့နဲ့လို့ပြောရလောက်တဲ့အထိ ၊ကျနော့်ကိုမုန်းသွားအောင်ကျနော်လုပ်ခဲ့မိတာပဲ..။ဟိုလူတွေကတော့အခုထောင်နန်းစံနေကြရတာမို့ပြသနာခဏတာငြိမ်းသွားပင်မဲ့..၊သူတို့ပြန်ထွက်လာတဲ့အခါ ကိုကြီးမှာအသက်အန္တရာယ်ရှိတယ်..။ကျနော်ဘယ်လိုနည်းနဲ့ ကာကွယ်ပေးရမလဲ....။
အမလေးလေး၊ စျေးကြီးလိုက်လေခြင်း..။ငါတော့လစာကဖြင့်မရသေးဘူး...၊မွဲနေပြီ ၊အိမ်ပါပေါင်ရတော့မလိုပဲ..။ဘာပဲဖြစ်ဖြစ်bossအတွက်ဆိုတော့လည်း...။
'အမလေး..အိုကုန်ပါပြီ ဟင် boss'
'စည်သူ..ငါ့အကျီပေကုန်ပြီ..ဘယ်လိုလုပ်မလဲ..'
ငါကလည်းနော်တိုက်မိချင်တော့လည်းbossကိုမှတိုက်မိရတယ်လို့..၊bossနဲ့အရပ်ကပ်သွားတယ် ၊ငါ့အရပ်ကbossနဲ့ကျတော့ရင်ခွင်မှီအရပ်ဖြစ်သွားတာပဲ...။
'တောင်းတောင်းပန်ပါတယ်boss ကျနော့်ပြန်ဝယ်..အို..မှားလို့ ပြန်လျှော်ပေးပါ့မယ်..'
'okလေ..သွား..'
သူကျနော့်ဂုတ်ကဆွဲပီး toilet ထဲခေါ်သွားတယ်..၊ပြီးတော့...။
'ဟင်...'
bossကငါ့ရှေ့မှာ အကျီချွတ်နေတယ်..။လှလိုက်တဲ့ကိုယ်လုံးကိုယ်ပေါက် ....၊ပုခုံး၊လက်တံ၊လည်တိုင်၊အို...အရမ်းလှတာပဲ..။ချီးပဲ...ငါ့စိတ်ကိုလာဆွနေသလိုပဲ...။
'ရော့..'
'ဟင်'
'လျှော်လေ..ငါစောင့်နေမယ် မြန်မြန်လုပ်နော် အစည်းအဝေးရှိသေးတယ်'
အကိုအဲလက်စ်မျက်နှာကိုတောင်မကြည့်ရဲပါဘူး။
'ဟုတ်boss ...ဟိုရေခဲမုန့်က..'
'ထားလိုက်တော့ ငါမင်းကိုပိုက်ဆံပြန်ပေးမယ်...'
'မလို...'
'စည်သူ..မင်းငါ့ကိုကြိုက်နေတာငါသိတယ်..မင်းကိုငါမတားဘူး..ဒါမင်းရဲ့လွတ်လပ်ပိုင်ခွင့်ပဲ..ဒါပင်မဲ့ မင်းငါ့အတွက်..လုပ်ပေးနေတဲ့တစ်ချို့သောအရာတွေက မင်းအတွက်မင်းတောင်မလုပ်ရသေးဘူး...ဟုတ်တယ်မလား...'
(အစားအသောက်နဲ့ပက်သက်ပြီး အဲလက်စ်အတွက် သုံးပြစ်နေတဲ့အကြောင်းကိုပြောနေခြင်း)
'ကျနော်ကြိုးစားရုံပါboss..bossကကျနော့်လိုလူနဲ့မတန်ပါဘူး..ဒါပင်မဲ့..ကျနော့်bossကိုအရမ်းသဘောကျမိသွားလို့...'
ကျနော်ရင်ထဲကစကားတွေကိုဖွင်ဟမိပင်မဲ့။
'စည်သူ မင်းသိလား လူတွေက သူတို့လိုချင်တာသူတို့တန်ဖိုးထားတာကိုပဲမြင်တက်ကြပြီး..သူတို့ကိုတန်ဖိုးထားပြီးမြတ်နိုးနေတဲ့အရာတွေကိုကျတော့မမြင်တက်ကြဘူး....ငါသွားသင့်ပြီ... '
အကိုအဲလက်စ်ကထွက်သွားဖို့ပြင်တာမို့။
'bossအကျီက..'
'သခင်လေး ဒီမှာ အကျီပါ..'
'ဒီအကျီကဘယ်လိုလုပ်..'
'မင်းယူလိုက်..နောက်အလုပ်လာရင်သန့်သန်ပြန်ပြန်တက်တက်ကြွကြွနဲ့ပဲလာပါ...'
'ဟုတ်ကဲ့ပါBoss '
bossကငါ့ကိုဘာပြောချင်တာလဲမသိပင်မဲ့ ပိုပြီးကြွေသွားပြီကွာ...။
'မင်းမိန်မအခြေအနေဘယ်လိုရှိလည်း..'
'တိုးတက်လာပါပြီသခင်လေး..'
'အေးမင်းမိန်းမနဲ့ခလေးတွေကိုပျော်အောင်ထားပါ ငါဒီနေ့မင်းကိုခေါ်လိုက်ရတဲ့အကြောင်းက ငါဒီလကုန် ကနေဒါ ကို အလုပ်ကိစ္စနဲ့ခရီးထွက်ရမယ် မင်းလိုက်နိုင်မလား..'
'လိုက်နိုင်ပါတယ်သခင်လေး..'
ကိုကိုနိုင်ဘယ်တော့မှမငြင်းဘူးဆိုတာကျနော်သိပြီးသားမို့။
'မင်းမိန်းမကိုအရင်မေးပြီးငါ့ကိုသူပြန်ဖြေတဲ့အတိုင်းတစ်လုံးမကျန်ပြန်ပြောပြပေး..ပြန်တော့..'
'ဟုတ်ကဲ့ပါသခင်လေး '
.........................ကြွေ........................

''ကြွေ'' (Completed) Où les histoires vivent. Découvrez maintenant