အပိုင်း၁၂

4.2K 239 0
                                    

ဝဏ္ဏကိုအရင်အိမ်ပြန်ပို့ပေးပြီးကျနော်တို့အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက်၊ ကိုကိုတစ်ခုခုကိုဆွေးနေဟန်ပေါ်တယ်..။ကိုကို သူ့အချစ်ဦးကိုသတိရနေတာပဲ...။ကိုကို့ပါးစပ်ကထုတ်မပြောရင်တောင် ကျနော်နားလည်လိုက်ပြီမို့...စိတ်ထဲနေလို့မကောင်းလိုက်တာ..။ဘာလို့ရင်ထဲပူပူကြီးဖြစ်နေရတာလဲ..၊တစ်ခုခုကိုစိုးရိမ်နေသလိုခံစားချက်မျိုး....။
'ဓန မင်းဘာတွေတွေးနေတာလည်း..အိမ်ရောက်ပြီလေ'
'awwဟုတ် ကိုကို..'
ဟုတ်သားပဲ..၊ကျနော်လည်းအိမ်ပြန်လမ်းတစ်လျှောက်လုံး ကိုကို့ဆီပဲအာရုံရောက်နေတာနဲ့ အိမ်ပြန်ရောက်တာတောင်သတိမထားလိုက်မိဘူးလေ။
'ငါမင်းကိုထပ်ပြီးသတိပေးလိုက်မယ်နော်ဓန..မင်းဒီတစ်ကြိမ်ကျောင်းကနေလစ်တာနောက်ဆုံးဖြစ်ပါစေ..'
စပြီးဆူပူပါပြီ။
'အင်းပါ...ဒါနဲ့လေ..'
ကျနော်လည်းကိုကို့အပြောကိုဂရုမစိုက်မိပဲ ၊ကျနော်သိချင်တာကိုသာ မေးဖို့ကြိုးစားခဲ့ပင်မဲ့။
'ငါသွားနားတော့မယ်'
ကိုကိုကျနော့်အနားကနေ ခပ်မြန်မြန်ထွက်သွားဖို့လုပ်တယ်။
'နေပါအုံး!ကိုကို့အချစ်ဦးကဘယ်သူလဲ ကျနော်သိချင်တယ်!..'
ကျနော်သိတယ်..၊ကိုကို့ကိုကျနော်မေးတော့မဲ့အကြောင်းအရာကို ကိုကိုသိနေပြီးသားမို့ရှောင်ပြေးတယ်ဆိုတာ..။
'မင်းနဲ့မှမဆိုင်ပဲ...'
ဓနမျက်နီာကိုမကြည့်ပဲ၊ကျောပေးရင်းသာပြောလာခဲ့တဲ့အဲလက်စ်။
'ကျစ်...ကျနော်နဲ့မဆိုင်ဘူးပေါ့ဟုတ်လား..'
တကယ်ကျနော်စိတ်တိုမိပါတယ်..။မဆိုင်ဘူးတဲ့လား..၊ရင်ဘက်ထဲကနာလိုက်တာ။
'အေးဟုတ်တယ်လေ'
ကိုကိုအခုအထိကျနော့်မျက်နှာကိုမကြည့်ပါဘူး။
'ဟုတ်ပြီလေ..ကိုကိုပြောတာကိုကိုမှတ်ထားပေါ့ဗျာ..'
'အေး!'
ကျနော်လည်းစိတ်တိုတိုနဲ့ အိပ်ခန်းထဲရောက်တာနဲ့
ခုတင်ပေါ်တက်ပြီးအသေခုန်ပြစ်လိုက်တော့တယ်..။ကျနော်နံရံတွေဘာတွေတော့မထိုးရဲဘူးဗျ..၊နာမှာပေါ့..ပြီးရင်အမာရွတ်တွေဘာတွေဖြစ်အုံးမယ်..၊ကျနော်လည်းအသေခုန်ပြီးမောမောနဲ့ရေတောင်မချိုးနိုင်တော့ပဲ ၊အိပ်ပျော်သွားလိုက်တာ မနက်၈ခွဲနေပြီ..။
'သေစမ်း..နောက်ကျတော့မှာပဲ...ကိုကို့ကိုနှိုးရမှာကတစ်သက်လောက်ကြာအုံးမှာ..အဲ..ငါမေ့နေတာ..ကိုကို့ကိုမခေါ်ဘူး..ဟွန့်..ကိုယ့်ဘာ့ကိုယ်သွားမယ်..'
စိတ်ကောက်ကောက်နဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး၊ကျောင်းကိုတစ်ယောက်ထဲထွက်သွားတဲ့ဓနလေး။
ဒီကောင်လေးကတော့ငါ့ကိုစိတ်ကောက်သွားပြီနဲ့တူတယ်...။တစ်ခါမှပြန်မအော်ဖူးတဲ့ခလေးကပြန်အော်တယ်ဆိုတော့..၊အတော်စိတ်ဆိုးသွားပုံပဲ...။
'ဟင်းးး'
သက်ပြင်းအရှည်ကြီးချရင်း အိပ်ယာပေါ်ကိုလှဲချလိုက်မိတယ်...။
'မောင့်ကိုလွမ်းလိုက်တာ....'
မောင်ဆိုတာက..၊ကျနော်နိုင်ငံခြားမှာနေတုန်းက..အပြုံးချိုပြီးချစ်ဖို့ကောင်းတဲ့ကောင်လေးတယောက်ပေါ့...။ကျနော်ထက်သူကအများကြီးငယ်တာ..၆နှစ်ကြီးများတောင်...၊ကျနော့်အနား ကိုကိုနိုင့်အပြင်ထပ်ပြီးကျနော့်ကိုအမြဲစိတ်ပူပေးတက်တဲ့ကောင်လေး..၊မိုးမခမောင်တဲ့....။ဖြူသွယ်တဲ့မျက်နှာလေးနဲ့ ကျနော့်လိုမိန်းမချောချောတဲ့ကောင်လေး...။
'ကိုကြီး..တယောက်ထဲလားဗျ..ကျနော်အဖော်လုပ်ပေးရမလားဗျ...'
'မလိုဘူး...ငါယောကျာ်းလေးတွေကိုစိတ်မဝင်စားဘူး..'
ခပ်ပြတ်ပြတ်ပြောလိုက်မိတယ်..။ထိုခလေးရဲ့မျက်နှာလေးကိုတောင်မကြည့်မိပဲ။
'ဟာ..ကျနော့်ကို ဘာထင်နေတာလဲဗျ..ကျနော်က ကိုကြီးထင်သလိုမဟုတ်ပါဘူးဗျ...'
'သခင်လေး..ကျနော်နေရာရှင်းပေးဖို့ manager
ကိုပြောလိုက်ရမလား'
ကိုကိနြိုင်ကလည်း ၊ကျနော်စိတ်ရှုပ်နေမှန်းသတိထားမိတာနဲ့ ၊ထိုခလေးအားကျနော့်နားထပ်ပြီးတိုးကပ်မလာအောင်တားရင်းပြောလာခဲ့တယ်လေ။
'အို..သခင်လေးတဲ့လား..ကိုကြီးကbossလား..မိုက်တယ်ဗျာ..ကျနော်နဲ့ကွာပါ့..ကိုကြီးကျနော့်ကိုစကားမပြောချင်တာလဲ ဖြစ်သင့်ပါတယ်လေ..ဟီး...ကျနော်သွားတော့မယ်နော်'
ကောင်လေးကိုတစ်ချက်ကြည့်မိတော့ ချစ်စရာကောင်လေးပဲ။
'နေအုံး...မင်းငါ့ဆီကဘာလိုချင်လို့လဲ...'
'ကိုကြီးရဲ့အချစ်တွေ...ဟီး..'
ကျနော့်အား I love You လက် signထောင်ပြရင်းပြောလာသူလေး။
'ဟ့..မင်းရဲလှချီလား'
'ဟီး..... ကိုကြီးစဥ်းစားပေးနော်ကျနော့်ကိုနောက်မှတွေ့မယ်ဗျ..'
သူထွက်သွားခဲ့တယ်..၊ကျနော့်အားနှုတ်ဆက်လက်ပြရင်းပေါ့။
'ဟုတ်ပါပြီ'
ငါလက်ခံလိုက်မိသလိုပဲ...၊သူ့အပြုံးလေးကအပြစ်ကင်းစင်လွန်းတယ်..။နောက်နေ့တွေမှာလည်းသူနဲ့မကြာခဏလိုလို တွေ့ဆုံဖြစ်တယ်....။သူကတကယ်ခလေးတယောက်လိုပဲ..၊ပျော်ပျော်နေတက်တယ်.... ၊ကျနော့်ကိုလည်းအရမ်းကပ်တယ်...၊ကျနော့်အနားမှာတဖြေးဖြေး နတ်သားလေးတစ်ပါးလို..၊တွယ်ညှိလာခဲ့တယ်..။
'ကိုကြီး..ကျနော့်ကိုအဖြေမပေးသေးဘူးလားဗျ'
အဲလက်စ်လက်မောင်းအားဖက်တွယ်ကာပြောလာတဲ့ကောင်လေး။
'ငါမှမင်းကိုမကြိုက်တာ..'
'မကြိုက်ပဲ ကျနော့်ကိုဘာလို့ကိုကြီးအနားအကပ်ခံတာလဲ..လူကိုလာပြီးကြိုးရှည်ရှည်နဲ့ဆွဲနေသလိုပဲ..'
'ငါမင်းကိုငါ့နားလာဖို့ မလာဖို့အမိန့်မထုတ်ထားဖူးမတားမြစ်ထားဖူးလေ..မင်းကငါ့အပိုင်မှမဟုတ်ပဲ..မင်းလွတ်လပ်ခွင့်ကိုပိတ်စရာအကြောင်းမှမရှိပဲကို...'
ကျနော်လည်းအမှန်တရားကိုပြောမိတယ်။လူတစ်ယောက်ကိုချစ်နေမိတာကိုပိတ်ပင်လို့မှမရပဲ။
'wow..ကိုကြီးကအသေမိုက်တယ်ဗျာ..ကိုကြီးသာကျနော့်ကိုလက်ခံလိုက်လို့ကတော့ လမ်းလည်ခေါင်ထွက်ပြီးကပြစ်လိုက်မယ်'
လက်သီးလက်မောင်းတန်းကာ..၊အသံမြှင့်ပြီးယုံကြည်ချက်ရှိရှိပြောလာတဲ့ကောင်လေးကြောင့်ပြုံးမိပြန်ပြီ။
'မင်းကအက်လောက်သတ္တိရှိလို့လား'
'မယုံဘူးလား..မယုံရင် ကျနော့်ကိုချစ်တယ်လို့သာတစ်ခွန်းပြောလိုက်..ကျနော်ချက်ချင်းကပြမယ်..'
ချစ်စရာကောင်းလိုက်တာ ။
'ဟားဟား..လာပြီးအခွင့်ကောင်းယူနေတဲ့ကောင်စုတ်လေးပဲ..'
ကျနော်အားပါးတရရယ်မိသွားပါတယ်။
'ကိုကြီးကျနော့်ကိုမောင်လို့ခေါ်ပါ့လား..'
'ဘာလို့?'
'ဟို..ကျနော့်နမည်ကမိုးမခမောင်လေ...အဖျားစွတ်ပြီးမောင်လို့ခေါ်လို့ရတာကို..ကိုကြီးက ကျနော့်ကိုစကားပြောတိုင်ခေါ်တိုင်းမင်း ဆိုတဲ့အသုံးအနှုန်းကြီးပဲသုံးနေတာ နားခါးတယ်'
သူ့နားရွက်လေးတွေကိုလက်နှစ်ဖက်နဲ့ဖိအုပ်ကာ၊ဆူပုတ်ပုတ်လေးပြောလာတာကြောင့်၊ကျနော်သူခေါ်စေချင်တဲ့အတိုင်းခေါ်ကြည့်ဖို့ကြိုးစားပင်မဲ့။
'အွန်း...မောင်...အီးးအော်ဂလီဆန်တယ်လိုခံစားရတယ်'
'ကိုကြီးတကယ်ခေါ်တယ် အိုးးချိုလိုက်တာဗျာ..'
ကျနော့်ကိုအားကြီးနဲ့လာဖက်ပြန်ပါပြီ။
'တော်စမ်းပါ...'
မောင်...ခေါ်လို့ကောင်းတယ်၊ဒါမဲ့..ရှက်တယ်..။သူကငါ့ထက်ငယ်တယ်သွက်တယ်...၊သူ့စိတ်ထဲ မကောင်းတာမရှိသလိုမျိုးငါသူနဲ့ဆုံလိုက်တိုင်း..ငါ့ကိုပဲကြည့်တယ်..၊ငါ့ကိုပဲပြုံးပြတယ်..၊ငါတယောက်ထဲကိုပဲဂရုစိုက်တယ်...။
'ငါသူ့ကိုချစ်မိနေပြီ...'
'သခင်လေးသေချာရဲ့လား...သူကသခင်လေးအတွက်သင့်တော်မယ်ဆိုတာ...'
'ငါမသိဘူး...ဒါမဲ့ငါသူ့ကိုတကယ်ချစ်တယ်....'
ကျနော်ကိုကိုနိုင့်ကိုတိုင်ပင်သလို..၊ရင်ဖွင့်သလိုမျိုးပြောပြမိတယ်။
'ဗျာ!ကိုကြီးလည်းကျနော့်ကိုချစ်တယ်ဟုတ်လား..'
'ဟင်..မင်းဘယ်အချိန်ထဲကရောက်နေတာလဲ..'
လန့်တောင့်လန့်သွားပါတယ်။ဘယ်အချိန်ထဲကရောက်နေသလဲမသိ၊ဗြုန်းစားကြီး၊ကျနော့်ပုခုံးကိုနောက်ကနေသိုင်းဖက်ရင်းမေးလာခဲ့တယ်လေ။
'ကိုကြီးကျနော့်ကိုချစ်မိနေပြီလို့ပြောလိုက်တဲ့အချိန်ထဲက...ဟီးပျော်လိုက်တာဗျာ..လာလိုက်ခဲ့'
သူဆွဲခေါ်သွားတယ်။
'ဟင်..ဘယ်သွားမလို့လဲ..နေပါအုံး..'
'သခင်လေး...ဟေ့ကောင်ရပ်စမ်း'
သူကျနော့်ကိုဆွဲခေါ်ပြီး၊taxiပေါ်ကိုတွန်းတင်တယ်..၊ပြီးတော့ကားဆရာကိုသူပြောလိုက်တာက...။'ဦးလေး.. မြို့လည်ခေါင်ကိုမောင်းပေးပါ'တဲ့....။
'မင်းတကယ်လုပ်မလို့လား'
'မောင်လို့ခေါ်...'
'အေးပါ..မောင်...တကယ်ပဲ..'
'ကျနော်ကိုကြီးကိုအရမ်းချစ်တယ်...'
သူတကယ်လဲ မြို့လည်ခေါင်လူတွေအများကြီးရှိတဲ့နေရာမှာ..ကပြခဲ့ပါတယ် ။ကျနော့်ကိုပါလက်တွဲခေါ်ရင်းနဲ့..."Perfect".... ကျနော်တို့နှစ်ယောက်ရဲ့သီချင်းလေးနဲ့ပေါ့....။ကျနော်ယုံကြည်တယ် ၊ကျနော့်အနားမှာမောင်သာရှိနေရင်အရာရာကိုကျော်ဖြတ်နိုင်မယ်လို့...။ကျနော့်ရဲ့၂၄နှစ်သားဘဝမှာပထမဆုံးချစ်မိသွားတဲ့အချစ်ဦးလေးကို..မေ့မရနိုင်ဘူး....၊ဒါမဲ့....မှောင်မိုက်မှုတွေ..ကျနော့်ရဲ့နှစ်သက်စရာကောင်းတဲ့အတိတ်တွေကနေ...မောင်နဲ့အတူကနေရင်း..မောင်တဖြေးဖြေးကျနော့်အနားကပျောက်ကွယ်သွားတယ်...၊မောင်....၊မောင့်!...။
'မောင့်!!!...ဟင်းးဟင်း....'
'အိုသခင်လေး အဆင်ပြေရဲ့လား..ကျမတို့လျှော်ရမဲ့အဝတ်အစားတွေလာယူတာပါ..'
'အင်း...'
'သခင်လေးရေသောက်လိုက်ပါအုံး'
ကျနော့်ကိုဝန်ထမ်းမလေးကရေတိုက်တာမို့ လှမ်းယူလိုက်ရင်း။
'omm...ဘယ်အချိန်ရှိနေပြီလဲ..'
'11ထိုးပြီသခင်လေး..'
'ဘယ်လို...ဓနရော'
ငါဘယ်လိုလုပ်အက်လောက်တောင်အိပ်ပျော်သွားရတာလဲ။
'သူကျောင်းသွားပါပြီ'
'arrအေး..'
သူငါ့ကိုပထမဆုံးအကြိမ်စိတ်ဆိုးဖူးတာပဲ...။
.......................ကြွေ.......................

''ကြွေ'' (Completed) Where stories live. Discover now