အပိုင်း၅

5.9K 307 2
                                    

'bossဒီနေ့ည ညီမမွေးနေ့ပါတီလာခဲ့ပေးလို့ရမလား..'
မဆိုင်းမတွကြီးမွေးနေ့လာဖိတ်တဲ့မမှူး...။
'အယ်ဒီနေ့မင်းမွေးနေ့လား..မဟုတ်သေးပါဘူး..ငါပဲမှတ်ထားတာမှားနေတာလား'
ကျနော့်မှတ်ဉာဏ်အရတော့၊မမှူးရဲ့မွေးနေ့ကဒီနေ့လုံးဝမဟုတ်တာ၊အသေအချာပါပဲ။
'ဟားဟား..ဟုတ်..ဟုတ်တယ်ညီမရက်ရွှေ့ထားတာ..'
ငါတော့ငါးပါးသီလလည်းမလုံတော့ပါဘူးအေ။
'awwဘယ်မှာကျွေးမှာလဲအရင်ဆိုင်မှာပဲမလား..ငါ ငါ့ညီနဲ့လာခဲ့မယ် ဘယ်အချိန်လဲ'
Phoneကောက်ကိုင်ကာ စာပိုဖို့ပြင်လိုက်ရင်း၊ပြန်ဖြေလာတဲ့Boss။
'ဟိုလေboss ဒီတစ်ခါတော့bossညီကိုမခေါ်ခဲ့လို့မရဘူးလားဟင်..'
ကျမကိစ္စမဟုတ်ပင်မဲ့လည်း ကူညီပေးနေရတာဆိုတော့လည်း..၊အဆုံးအစွန်အထိပြီးမြောက်အောင်ကူညီရတော့မှာပေါ့။
'ဘာလို့လဲ..ဓနကိုသဘောမတွေ့လို့လား..'
မျက်ခုံးတစ်ဖက်ပင့်ကာအလိုမကျစွာဖြင့်ပြောလာတဲ့Bossကြောင့်၊ ဘယ်နားမျက်နှာထားရမှန်းကိုမသိတော့ပါဘူး။
'အက်..အက်လိုမဟုတ်ပါဘူး..bossကို ညီမ သပ်သပ်တွေ့ပေးချင်တဲ့သူရှိလို့ပါ'
ကျစ်လစ်စွာထုံးထားတဲ့ဆံထုံးကိုမေ့ပြီး..၊ကျတော်အမေးကိုတုန်တုန်ရီရီနဲ့ခေါင်းကုတ်ပြီးဖြေလာတဲ့မမှုးကြောင့် ၊ကျနော်လည်းဆက်မေးမနေတော့ပါဘူး။
'aww....'
bossထပ်ပီးအမေးအမြန်းထူနေရင်တော့၊အမှန်တွေထွက်ကုန်တော့မှာပဲ ၊စည်သူမသာလေးနင့်ကြောင့်နော်...။ငါတော့အလုပ်ပြုတ်ကိန်းဆိုက်နေပါပြီ။
'အေးပါ ငါပဲလာခဲ့မယ်လေ ငါ့ကိုနေရာနဲ့အချိန်ပို့ထားပေး..အစည်းအဝေးလုပ်မယ်လို့အသိပေးထားတယ်မဟုတ်လား သွားကြရအောင်..'
Bossရဲ့အချက်ပြသတိပေးမှုကြောင့်ခပ်မြန်မြန်ပဲလိုအပ်တဲ့Fileတွဲတွေကိုသယ်ပီး၊ bossနောက်ခပ်မြန်မြန်လိုက်ရတော့တာပေါ့။
'ဟုတ်..ဟုတ်ကဲ့Boss'
ဒီကောင်မလေးတော့ဘာတွေမဟုတ်တာလုပ်ထားသလဲတော့မသိ..၊ပြာယာနေတော့တာပဲ..။
ထိုအချိန် အဲလက်စ်ဆီကို၊အသည်းအသန်ပြေးလာတဲ့ ကိုကိုနိုင်....။
'သခင်လေး..ကျနော်တောင်းပန်ပါတယ်.. ကျနော့်မိန်းမ မနေ့ကဆေးရုံတင်ရလို့ပါ..'
လန့်တောင်လန့်မိပါတယ်။ဒီသက်တော်စောင့်နဲ့တော့ ကိုယ့်မိန်းမဆေးရုံတင်ထားရတာတောင်၊ကျနော့်ဆီကိုမဆိုင်းမတွရောက်လာတာကြီးက၊ ဆိုးဝါးတာပဲ။
'ဒါဆိုဘာလို့လာနေသေးတာလဲ ငါတစ်ယောက်ထဲလည်းokနေတာပဲကို..သွားမင်းမိန်းမဆီကို..ငါခွင့်ပေးတယ်'
ကိုကိုနိုင်၏ဘယ်ဘက်ပုခုံးအားပုတ်ကာ၊အဆင်ပြေကြောင်းပြောနေသောအဲလက်စ်။
'ဒါမဲ့...'
စိတ်မချလက်မချဖြစ်နေပုံကတော့..ဟူး...၊ ကျနော့်အဖေရင်းတောင်သူ့လောက်ကျနော့်ကိုစိတ်မပူဘူး ။
'သွားလို့ မသွားပဲငါ့နားကပ်နေရင်အလုပ်တကယ်ထုတ်မှာ'
အလုပ်ထုတ်မယ်လို့ပြောတော့မှ၊ပြေးထွက်သွားတော့တယ်။
'ဟုတ် ဟုတ်ကဲ့ပါBoss..'
သူကကျနော့်bodyguard ကိုကိုနိုင်တဲ့၊အသက်က၄၅ ၄၆ရှိနေပြီ။မိန်းမနဲ့ခလေးတွေကိုစိတ်ပူတာထက် ၊ကျနော့်ကိုပိုပီးစိတ်ပူတက်သူပေါ့..။သူကကျနော့်အနားမှာ၂၄နာရီလုံးအချိန်ပြည့်ရှိနေပေးတဲ့သူပေါ့..။ကျနော်ကိုသူဘယ်လိုသဘောထားသလဲတော့မသိပင်မဲ့၊ သူကကျနော့်အတွက်တော့၊ဒုတိယမိဘလိုပါပဲ..။ကျနော့်မိဘတွေကျနော့်ကိုမွေးပီးကတည်းက၊ အလုပ်ကိုယ်စီနဲ့မအားကြတော့ ၊ကိုကိုနိုင်ကပဲ ကျနော့်ကိုပြုစုစောင့်ရှောက်ပေးခဲ့တ​ယ်လေ..။ကျနော်က နဲနဲရိုင်းသလိုဖြစ်နေတယ်ဆိုတာ၊ကျနော့်ကိုကျနော်သိပါတယ်..။ဒါမဲ့ ကိုကိုနိုင့်ကို ဘယ်လိုခေါ်ပီးဘယ်လိုသုံးနှုန်းရမလဲ ငယ်ငယ်ကမသိတော့ ၊မင်းနဲ့ငါဆိုပြီးပဲ ၊တစ်လျှောက်လုံးသုံးနှုန်းမိလာခဲ့တယ် ။ကိုကိုနိုင်ကလည်းအပြစ်မဆိုတာမို့ ၊ကျနော်လည်းဒီတိုင်းပဲခေါ်လိုက်တော့တာပါ..။ကျနော်သိပါတယ် ကိုကိုနိုင်က ကျနော်အရွယ်ရောက်လာတာနဲ့..ကျနော့်နားကခပ်ခွာခွာနေတယ်ဆိုတာကို၊သတိထားမိပါတယ်...။ကျနော့်ကိုယ်ကျနော်လည်းသိပ်စိတ်ပျက်မိပါတယ်..။ဘာလို့မိန်းမတစ်ယောက်အသွင်နဲ့မွေးဖွားလာရတာလဲ...။စိတ်ကုန်မိတယ်...။ငယ်ငယ်ကတည်းက ..ကျစ်..မတွေးချင်တော့ပါဘူး...။အလုပ်ထဲအာရုံပြန်စိုက်သင့်နေပီ...။
'boss...bossအဆင်ပြေရဲ့လား'
စာပွဲခုံနဲ့နှဖူးမိတ်ဆက်မတက်ဖြစ်ကာ..၊အိပ်ပျော်နေတဲ့Boss။
'ဟင်..ဘာဖြစ်လို့လဲ..'
ကျမနှိုးလိုက်တော့မှ ပြူးတုပြူးပြဲနဲ့ထလာတယ်လေ။
'ဟီး..bossအိပ်ပျော်သွားတာပဲ...အိမ်ပြန်ရင်ပြန်လိုက်ပါလားboss..'
'ရတယ်..ငါလေနဲနဲသွားရှူလိုက်အုံးမယ်လန်းသွားအောင်..'
ထိုင်ခုံမှထကာမတ်တပ်ရပ်ရင်းအကြောဆန့်ကာ..ထွက်သွားတဲ့Boss။
'ဟုတ်boss'
.....
မျက်နှာသစ်ပဲ....။ဘယ်ငှာနကပါလိမ့်....။
'မင်းက?'
မျက်လုံးချင်းဆုံတာနဲ့ချက်ချင်းမေးမိတယ်။
'ကျနော်က မနက်ကbossကို coffeeဝယ်လာပေးတဲ့တယောက်ပါဗျ..'
လက်ထဲကfileတွဲလေးအားရင်ခွင်ထဲထည့်ကာ၊ရှက်သယောင်ယောင်မျက်နှထားလေးဖြင့်ပြောနေသူ။
'(ခွေးသားလေး ငါ့ကူညီမယ်လို့ပြောထားပီးသားကို bossဆီဘယ်လိုလုပ်ရောက်သွားရတာလဲဟ)'
ထောင့်တစ်နေရာကနေချောင်းကြည့်ရင်း၊ကျိန်ဆဲနေတဲ့မမှူး။
'awwကျေးဇူးပဲကွာ..ငါမနေ့ညကအိပ်ယာဝင်တာအတော်နောက်ကျသွားလို့လေ..ဒါနဲ့ မင်းနမည်က'
'စည်သူပါဗျ...'
'ငယ်အုံးမယ်ထင်တယ်'
'ဟုတ် ၂၀ပြည့်တော့မယ်ဗျ..ဒီညကျနော့်မွေးနေပါ..bossလာပေးပါနော်'
'(ငါတော့သေပြီ..သေပြီ...မသာကောင်လေး)'
ချွေးစေးများထွက်ကာ..၊အိုးမလုံအုံပွင်ဖြစ်နေတဲ့မမှူး။
'နေပါအုံး..မှူးကလည်းသူ့မွေးနေ့ဆိုပြီးငါ့ကိုဖိတ်ထားတယ်လေ...'
'awwဟုတ်လား..ကျနော်အကူအညီတောင်းထားတာလေ bossမလိုက်မှာစိုးလို့..'
'(တကယ်သေပြီဟ..ဒီအကောင်နဲ့တော့)'
ငါကျိန်ပြောရဲတယ် ၊ဒီအကောင်စည်သူကိုဘယ်တော့မှသေတောင်မကူညီတော့ဘူး။
'awwအေးပါ..ငါလာခဲ့ပေးမယ်..'
Bossကစည်သူ့ကမ်းလှမ်းချက်ကိုလက်ခံပြီး၊ထွက်သွားဖို့လုပ်တော့..။
'တူတူသွားလို့ရဘူးလားboss'
'ဟမ်'
'အလုပ်ဆင်းတာနဲ့လေ...တူတူသွားကြမယ်လို့ပြောတာပါ..'
ဒီခလေးကလက်ရဲဇက်ရဲပဲ...မဆိုးပါဘူး။
'arr ငါက ငါ့ညီကိုကျောင်းကြိုရအုံးမှာ..'
တွေဝေသလိုပုံစံနဲ့ပြောနေတဲ့အဲလက်စ်။
'သူ့လည်းခေါ်ခဲ့လေ..ကျနော်okတယ်ဗျ'
'(ငါတော့သေပီ..ဒီကောင်ကတော့...ဟင်းးးး)'
'အေးပါဒါဆိုလည်းအလုပ်ဆင်းရင်တွေ့ကြတာပေါ့..'
'ဟုတ်boss bye bye'
တကယ့်ကိုမှခလေးလိုပါပဲ။
'omm'
သွက်လက်နေရောပဲ ။သူ့လည်း မှူးလိုပဲ၊ငါ့ကိုအလုပ်ထဲမှာ မကြောက်မလန့်ပဲအေးအေးလူလူစကားပြောရဲတဲ့သူပဲ..။သက်တောင့်သက်သာဖြစ်တာပေါ့...။
..
ကျောင်းခန်းထဲတွင်..။
'ရှိုင်းဝဏ္ဏ..ငါမင်းကိုမေးချင်တာရှိတယ်'
'ဘာလဲ ငါ့ကိုချစ်ခွင့်ပန်မလို့လား noပါ..အန်ကယ်ကတော့noပါနော် ငါ့မှာငါ့လူရှိပြီးသားသိတယ်မလား'
ဂုဏ်ဆာနေတဲ့ရာပ်မျိုးနဲ့ပြန်ပြောလာတဲ့ ရှိုင်းဝဏ္ဏ ကြောင့်..၊ဓနခမျာ..နှာခေါင်းရှုံ့ရင်း...။
'ကျက်မပြည့်တဲ့ကောင်ပဲ...မင်းကိုငါကချစ်ခွင့်ပန်ပီးဘာလုပ်ရမှာလဲ အဝေါ့..'
'ခွေးကောင်!'
ထထုဖို့ဟန်ပြင်တဲ့ရှိုင်းဝဏ္ဏလက်ကိုလှမ်းဖမ်းလိုက်ရင်း..၊သူ့အနားဆွဲအော်ကတိုးတိုးလေးပြောတဲ့ဓန။
'နေစမ်းပါအုံးကွာ..ငါမေးအုံးမယ်လို့'
ရှိုင်းဝဏ္ဏလည်းရုန်းမရတဲ့အဆုံး..၊နားထောင်ပေးရတော့တာပေါ့။
'အေးမေးဘာလဲ'
ခေါင်းလေးငုံ့ကာ..၊ဓနဆီကမေးခွန်းကိုနားထောင်ဖို့အသင့်ပြင်ထားလေရဲ့။
'ယောကျာ်းလေးအချင်းချင်းချစ်လို့ရလား ဝဏ္ဏ..'
ကျနော်ဆဲသင့်ပြီထင်လို့ဆဲလိုက်ပါတော့မယ်။ဒီကောင်ဓနကလူကြီးကသာကြီးတာ..။ဦးနှောက်ကဘက်တီးရီးယားပိုးရဲ့ဦးနှောက်ထက်တောင်သေး..သေးတယ်။
'လဒကောင်..မင်းရှေ့မှာထိုင်နေတဲ့ငါကgayနော်..ရတာပေါ့ကွ.ယောကျာ်းလေးအချင်းချင်းပဲ ဖြစ်ဖြစ် မိန်းခလေးချင်းပဲချစ်ချစ် အဓိက က တစ်ယောက်နဲ့တယောက်စစ်မှန်တဲ့အချစ်နဲ့ချစ်နေဖို့ပဲလေကွာ..ခွဲခြားမနေစမ်းပါနဲ့'
ကျနော်အာပေါင်အာရင်းသန်သန်နဲ့ပြောလိုက်တော့မှ၊နားလည်သွားပုံပေါ်ပါရဲ့၊ခေါင်းလေးတငြိမ့်ငြိမ်နဲ့ပြုံးပြီးပြန်ပြောလာတယ်။
'ဟုတ်လား..အချစ်ပဲလိုတာပေါ့..'
သီချင်းတောင်ဆိုချင်စိတ်ပေါက်လာတယ်ဗျာ။
'ဒါပေါ့..တကယ်ဆိုရင်အချစ်ပဲလိုတယ်..ဘာကြောင့်သတ္တိမရှိသလဲကွယ်..'
ဘောပင်ကိုမိုက်ခ်ပုံစံလုပ်ကာ၊သီချင်းထဆိုတဲ့ရှိုင်းဝဏ္ဏ။
'ဟေ့ကောင်နားညီးတယ်ကွငှက်ဆိုးထိုးသံကြီးနဲ့..အတန်းပီးပီဟေ့ကောင်ငါပြန်တော့မယ်..ငါ့ကိုကိုစောင့်နေရလိမ့်မယ်..'
ကျောင်းဆင်းဘဲလ်သံကြားတာနဲ့၊စာအုပ်တွေအမြန်ကောက်သိမ်းပြီး၊ပြန်ဖို့ပြင်နေတဲ့ဓန။
'အေးပါကွာ..အယ်နေအုံး..ငါ့ကိုလိုက်ပို့ပေးလို့ရလား..'
'ရတယ်လေ ငါကိုကို့ကိုပြောပေးမယ်'
'okချစ်တယ် သူငယ်ချင်း'
'ဖယ်စမ်းပါကွာ'
ဓနကိုယ်ပေါ်ကုတ်ဖက်တက်ရင်း၊အားဝါးပေးဖို့လုပ်နေတဲ့ရှိုင်းဝဏ္ဏ...။ချစ်စရာကောင်းတယ်နော်။
..
ကိုကို့ကားနားရောက်တာနဲ့ ကားထဲကိုကြည့်မိတော့..။
'အယ်..ကိုကို..အိုမမှူးကောပါလာတာလား..'
မမှူးကလက်ရမ်းကာနှုတ်ဆက်ရင်း၊ပြန်ဖြေလာတယ်လေ။
'အေးမောင်လေး..'
ကျနော်လည်းမမှုးကိုပြန်နှုတ်ဆက်ရင်းကြည့်မိတောွ၊မမှူးဘေးမှာ..နောက်တစ်ယောက်ဘယ်သူပါလိမ့်။
'ဟင်..သူက..'
ကျနော်ကမေးဖို့ပြင်တုန်းရှိသေး၊ကျနော့်နောက်ကနေအသဲအသန်..ထအော်ပြီးကားထဲဝင်ဖို့လုပ်တဲ့၊ရှိုင်းဝဏ္ဏ..။ကျနော်တောင်လဲကျတော့မလိုဖြစ်သွားတယ်။
'ငါ့..ငါ့လူ..ငါ့လူပဲဟေ့ကောင် ဓန ငါရှာတွေ့ပီ..'
ရှိုင်းဝဏ္ဏ ရဲ့အော်သံကြောင်းအားလုံးကဘုမသိဘမသိနဲ့၊ကြောင်ကြည့်နေကုန်တော့တာပေါ့။
'ဟမ်..???'
'မမှူးကိုပြောတာလား..'
မမှူးလို့ထင်လို့၊မမှူးကိုညွှန်ပြရင်းမေးမိတယ်။
'မဟုတ်ဖူး..ဒီလူ..ဒီလူပဲ...'
မမှူးဘေးကအကိုကိုညွှန်ပြရင်း..၊ပြုံးပျော်ရွှင်စွာပြောလာခဲ့တာမို့..။
'စည်သူ့ကိုလား....မောင်လေးပြောတာ'
မမှူးကကြားထဲကဝင်မေးပါလေရော။
'အင်းဟုတ်တယ်...'
စည်သူတဲ့လား..။သူကအလုပ်ဝင်နေပြီဆိုတော့၊သေချာပေါက်ကျနော့်ထက်ကြီးမှာပဲ...။ပထမဆုံးအကြိမ်တွေ့ဆုံမှု...။ကားလမ်းတစ်ဖက်စီမှာ..၊မိုးခိုရင်းbusကားစောင့်နေရင်း၊ဆုံတွေ့ခဲ့ကြတယ်..။ကျနော်ထိုအကို့ကိုတွေ့တွေ့ချင်းပဲ ၊သဘောကျသွားမိတယ်...။သိပ်ချစ်စရာကောင်းတာဗျ..။ကျနော့်ထက်ကြီးတယ်ဆိုတာယုံတောင်မယုံနိုင်ဘူး..။သေးသေးပုပုလေး..။ရယ်လိုက်ရင် သွားတက်လေးနှစ်ချောင်းက အလိုလိုပေါ်လာတက်တဲ့ကောင်လေး...။နေ့တိုင်းထိုကောင်လေးကိုတွေ့ရလေမလားလို့ ၊​ထိုနေရာကိုသွားခဲ့ပင်မဲ့လည်း...၊တစ်ရက်လေးပဲ ။ပထမဆုံးရင်ခုန်ခဲ့မိတဲ့တစ်ရက်လေးပဲ။တွေ့ခွင့်ရခဲ့တာ...။အခုတော့..​၊ဒုတိယအကြိမ်ပြန်ပီးဆုံတွေ့ပြန်ပီ....။
..................................ကြွေ..................................

''ကြွေ'' (Completed) Where stories live. Discover now