အပိုင်း၁၃

4.1K 224 2
                                    

မောင့်ကိုငါ့ခေါင်းထဲက ဘယ်လိုနည်းနဲ့မှထုတ်လို့မရဘူးပဲ..။
'ဟင်းးးး'
သက်ပြင်းချရုံကလွဲလို့ဘားမှမှမတက်နိုင်တာပဲ..၊အလုပ်ထဲစိတ်နှစ်ထားတာပဲ၊ကောင်းပါတယ်လေ..။
'မှူး..'
'bossဒီမှာ bossအတွက် coffeeအဆင်သင့်ရပါပြီ'
မမှုးလည်းအဲလက်စ်ခေါ်ခံကြားတာနဲ့ အစောထဲကပေးဖို့ပြင်ထားတဲ့၊Coffeeခွက်လေးကိုင်ရင်း၊အဲလက်စ်ကိုပေးဖို့လုပ်ပင်မဲ့။
'ငါမသောက်ဖူး..'
bossကိုလှည့်စားလို့မရတာသိပင်မဲ့လည်း..၊ဟိုဝမ်းမနာသားလေးက ငါ့ကိုကျိန်စာတိုက်ပြီးခိုင်းနေတော့...၊ဟင်းးး။
'ဘာလို့လဲ bossရဲ့ ဒါbossသောက်နေကြဆိုင်ကပဲလေ'
ကျမလည်းBossမသောက်သောက်အောင်စကားချိုသွေးပြီးပြောပင်မဲ့လည်း။
'နင်ဝယ်လာတာလား..'
'အမ်..မဟုတ်ဖူး..စည်သူဝယ်လာပေးတာboss'
ကျမအက်လိုပြောလိုက်တော့Bossကမျက်မှောင်ကျုံ့ကာ ၊စာပွဲပေါ်မှာအရန်သင့်ချထားတဲ့fileတွဲတွေကိုသာအာရုံစိုက်လိုက်ရင်း။
'သူ့ကိုပြောလိုက်..ငါ့အတွက်နဲ့ထပ်ပြီးပိုက်ဆံဖြုံးနေရင်..ငါသူ့ကိုအလုပ်ထုတ်ပြစ်မယ်လို့!'
အဲလက်စ်ကအသံမြှင့်ပြီးပြောလိုက်တာမို့ မမှုးကိုယ်လေးတောင်တုန်တက်သွားတယ်လေ။
'ဟုတ်..ဟုတ်ကဲ့boss..ဒါ..ဒါလေး..'
ငါပါအလုပ်ပြုတ်တော့မယ်ဟ..။
'ပြန်ယူသွား..ငါမသောက်ဘူး'
'ဟုတ်ကဲ့ပါboss'
ကျမလည်းအခန်းပြင်ခပ်မြန်မြန်ပြေးထွက်လာခဲ့လိုက်တော့တယ်။
စည်သူရော..၊ဓနရော..၊ရှိုင်းဝဏ္ဏရော..တစ်ပုံစံထဲကြည့်ပဲ..၊သုံးယောက်လုံးကခေါင်းမာတယ်..၊လိုချင်တာတွေ့ရင် မရရအောင်ကြိုးစားတက်တယ်..၊ပြီးတော့.."သူ"နဲ့စရိုက်လက္ခဏာ အတော်တူတာပဲ..။အတူဆုံးဆိုရင်တော့..ဓနပဲ....၊ဓနနဲ့အတော်ဆင်တယ်...၊ထွားတာနဲ့ညှပ်တာပဲကွာတာ...။ပြီးတော့ မောင်က လှတယ်..၊ဓနကချောတယ်..၊ဟူးးးစိတ်ညစ်ပါတယ်။
မောင့်ကိုသာ..ငါကယ်နိုင်ခဲ့ရင်...။
'ကျစ်'
ဘာလို့အက်မြင်ကွင်းတွေက ငါ့ခေါင်းထဲပေါ်လာရပြန်တာလဲ..။
ဒုန်းးး!!!(စာပွဲကိုထိုးပြစ်)
..
'ရော့စည်သူ..bossကနင်သူ့အတွက်ထပ်ပြီးပိုက်ဆံဖြုံးရင် နင့်ကိုအလုပ်ထုတ်မှာတဲ့နော်'
မမှူးလဲ..စည်သူ့လက်ထဲCoffeeခွက်ကိုပြန်ထိုးပေးရင်းပြောလိုက်တယ်။
'ဟာ.... ကျနော်ပိုက်ဆံ မဖြုန်းပါဘူး..ကျနော့်အနာဂတ်သူတို့သားလောင်းအတွက် သုံးတာပါဗျ..'
လုံးဝကိုမှလက်မလျှော့တဲ့ကောင်လေး။
'တော်စမ်းပါအေ..အဲဒါနဲ့နင့်ကို ဝဏ္ဏphဆက်သေးလား..'
မမှူးလည်း..စိတ်ကုန်ကုန်နဲ့ပြောနေရင်းက ဝဏ္ဏကိုသတိရမိသွားတာမို့မေးမိတယ်။
'ဆက်တယ် မနေ့က..ကြောင်တောင်တောင်နဲ့..'
မနေ့ည...
'hello..'
'hello..အကို..ကျနော်ပါ'
'အေးဘာလဲ'
'အို..ကျနော်ထင်တာက အကိုကျနော်မှန်းသိတာနဲ့phချပြစ်လိုက်လိမ့်မယ်လို့..'
ဘာမှကိုမပြောချင်ဘူး။
'....'
'ကျနော့်ကိုစိတ်ဆိုးနေတယ်မလား...ကျနော်တောင်းပန်ပါတယ်နော်..အကိုက အရမ်းချစ်စရာကောင်းနေတော့ ကျနော်နမ်းလိုက်မိတာပါဗျ'
အခုမှလာတောင်းပန်နေတော့ရော..၊အကိုအဲလက်စ်ကငါ့ကိုပြန်ပြီးအမြင်ကြည့်လာပါ့မလား၊ခွေးကောင်ရဲ့။
'ငါမအားဘူးချပြီ ထပ်ခေါ်ရင်blockမှာ'
စိတ်ကုန်တယ်။
'ဟာ..အကို..အကို...ဟင်းးးးချသွားပြီပဲ..ချစ်တယ်လို့တောင်မပြောလိုက်ရဘူး'
Phone Screen ပေါ်က ''အချစ်''ဆိုတဲ့ Contact nameလေးအားကြည့်ရင်းပြောမိတယ်။
တိန်!!(Massage)
'ဘာလဲဟ..ဟမ်..'
"ချစ်တယ်အကို.."
'ကြောင်ကြောင်ကျားကျားနဲ့...'
..
'ဟယ်..ချစ်တယ်အကို..အိုးးးအူယားလိုက်တာဟယ်..'
ကျနော့်အပြောကြောင့်မြွေလိမ်မွေခေါက်လူးလိမ့်ရင်းအကျောဆွဲသလိုဖြစ်နေတဲ့မမှူး။
'သွားစမ်းပါဗျာ..ကျနော်ဝဋ်လည်တာများလား'
ပြန်စဥ်းစားကြည့်မိတော့ ဝဋ်လည်နေတယ်လို့ထင်မိသွားတယ်..၊ငါ့ကိုအရမ်းချစ်နေတဲ့သူကိုငါကလည်းအဖတ်မလုပ်၊ ပြန်မကြိုက်..၊ဒါ့ကြောင့်ငါချစ်တဲ့သူကလည်း.ငါ့ကိုပလစ်တာပဲဖြစ်ရမယ်။
'အေးဖြစ်နိုင်..'
ဒုန်းးး!
'ဟယ်..bossအခန်းကအသံဟ..ငါသွားလိုက်အုံးမယ်...အမလေး..bossရရဲ့လား..ဘာလို့ခုံကိုထိုးပြစ်ရတာလဲ..သွေးတွေထွက်လာပြီ..ဘာ..ဘာဖြစ်လို့လဲbossရဲ့ညီမကိုပြောပါအုံး'
'ဒီတိုင်း........'
bossခေါင်းငုံ့နေခဲ့ပင်မဲ့..၊အသံတွေတုန်နေခဲ့တယ်..၊Bossဝမ်းနည်းနေတာလား..၊ဘာကြောင့်လဲ...။
'ညီမဆေးဘူးသွားယူလိုက်အုံးမယ်boss'
'....'
bossကိုဝမ်းနည်းအောင်လုပ်နိုင်တဲ့သူကဘယ်သူလဲ..။ဆေးဘူးအမြန်သွားယူပြီးပြန်လာတော့ bossကမရှိတော့ဘူး...။
'boss..bossရေ..'
'အမ bossကော..ဘာဖြစ်တာလဲ'
ပြူးပြူးပြဲပြဲနဲ့ပြေးဝင်လာတဲ့စည်သူ။
'bossခုံကိုလက်သီးနဲ့ထိုးပြစ်တာဟ..သွေးတွေတောင်ထွက်သွားတယ်..ငါဆေးသွားယူနေတုန်းbossဘယ်ရောက်သွားမှန်းမသိလို့'
ဆေးသေတ္တာလေးကိုင်ကာခေါင်းကုတ်ရင်းဖြေလာသူ။
'ခုံကိုထိုးပြစ်ရလောက်တဲ့အထိ bossမှာဘာစိတ်ညစ်စရာတွေရှိနေပါလိမ့်နော်..ကျနော်သွားရှာ..'
'နေအုံးbossစာပို့တယ် သူအခုဆေးရုံသွားမှာတဲ့..'
ကျမလည်းအခုမှစိတ်တစ်ဝက်အေးသွားရတယ်။တစ်ဝက်ပဲဘာလို့စိတ်အေးရသလဲဆိုရင်တော့ ၊Bossဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာသိချင်နေသေးတာမို့လေ။
'...လိုက်သွားရင်ကောင်းမလား'
'ကောင်လေး..ကိုယ်အလုပ်ကိုယ်သာလုပ်လိုက်တော့..'
'ဟွန့်'
..
ကျောင်းတွင်။
'အက်လဲ့...ဓန ဒီနေ့မင်းဘာ့သာလာတာပေါ့'
ကျောင်းအဝင်ဝမှာ ဓနအားစောင့်ကာဆီးကြိုနေသူ။
'အေး..ငါငါ့အကိုနဲ့မခေါ်ဘူး..'
ဆူပုတ်ပုတ်နဲ့ဖြေလာတဲ့ဓန။
'အို..ဘာတွေဖြစ်ကြလို့လဲကွ..'
ရှိုင်းဝဏ္ဏလည်းစိတ်ပူသလိုနဲ့ဓနပုခုံးအားဖက်လိုက်ရင်းမေးလိုက်တယ်။
'ဒီလိုပါပဲကွာ..သူ့အချစ်ဦးအကြောင်းကိုမေးတဲ့ဟာကို..ငါနဲ့မဆိုင်ဘူးတဲ့..လူယုတ်မာကြီး'
လက်လေးပိုက်ကာစိတ်ဆိုးဆိုးနဲ့ပြောနေတာကြောင့်ချစ်ဖွယ်အတိပါပဲ။
'ဟားဟား..မင်းကလည်းခလေးကျနေတာပဲ..ဟင်...'
ထပ်ပြီးတော့တွေ့ပြန်ပြီ...မနေ့ကလူ...။
'ဘာလဲကွ..'
စကားပြောနေရင်းငြိမ်သွားတဲ့ဝဏ္ဏကြောင့်ဓနမေးခွန်းပြန်ထုတ်မိတယ်။
'ဓန ငါအထင် ငါတို့နောက်တယောက်ယောက် stalkingလုပ်နေတယ်ထင်တယ်'
အတည်ပေါက်မျက်နှထားနဲ့ပြောလာသူကြောင့်အနည်းငယ်လန့်မိသွားတယ်။
'ဘယ်လို..'
'ဟိုမှာ.... '
ဒိုင်းးးး!!!(သေနတ်ပစ်သံ)
'သတိထားဓန!!'
ကျောင်းထဲကလူတွေအားလုံးရှုပ်ယှက်ခတ်ပြီးပြေးတဲ့သူကပြေး..၊ပုန်းတဲ့သူကပုန်းနဲ့...၊အထိတ်တလန့်ဖြစ်ကုန်ကြတယ်...။
'အ့..မင်း..ပြေးတော့ ဓန..'
'ဝဏ္ဏ..ကျစ်..မင်းကိုထိသွားပြီ..ဘယ်သူတောင်းစားလဲကွ!!'
ကျနော်ပစ်တဲ့ကောင်နောက်ကိုလိုက်ချင်ပင်မဲ့..ဝဏ္ဏကမေ့လုနီးပါဖြစ်နေပြီမို့..။
'ငါဆေးရုံပို့ပေးမယ်..ခဏတောင့်ထားအုံး'
'ငါ့အမေကိုphoneမဆက်နဲ့နော်....သူမစိတ်ပူ..အ့...ဟင်းးး'
'ဟေ့ကောင်..ဝဏ္ဏ..ဝဏ္ဏ..မမေ့နဲ့အုံး..ဟာ...taxi..taxi.... !!'
ကျနော်အမှီပို့ခဲ့တယ်..၊တော်သေးတာပေါ့ဗျာ..၊ဗိုက်ကိုရှပ်ထိသွားရုံပဲမို့..၊ကျနော့်လည်း..ဝဏ္ဏခုတင်ဘေးမှာသူနိုးလာမဲ့အချိန်ကိုထိုင်စောင့်နေရင်းစဥ်းစားနေမိတယ်...။ဟိုလူကဘယ်သူလဲ..၊ဘာ့ကြောင့်ဒီလိုလုပ်ရတာလဲ...။ဟင်...။
'ကိုကို....'
ကိုကိုကbodyguardမပါဘူး..၊တစ်ယောက်ထဲ ငါစိတ်မချဘူး..၊ဒါမဲ့ ဝဏ္ဏကိုလည်းဒီတိုင်းကြီးမထားခဲ့ချင်ဘူး...။
'ဓန..ဘာလို့ဆေးရုံရောက်နေတာလဲ..'
'ဟင်..ကိုကို...'
ကိုကိုကျနော့်ကိုမြင်သွားတယ်လေ။
'ဝဏ္ဏကဘာဖြစ်တာလဲ ကျောင်းလစ်ပြန်ပြီလား'
စိတ်ဆိုးတော့မဲ့မျက်နှထားမျိုးနဲ့မေးလာတာကြောင့်။
'မဟုတ်ဖူးကိုကို..သူကျနော့်ကိုကာကွယ်ပေးလိုက်တာ..သူသေနတ်မှန်သွားတာ..'
ခပ်မြန်မြန်ပဲကိုကိုအထင်မလွဲခင်ဖြေလိုက်ရတယ်။
'ဘယ်လို သေနတ်...!'
ကျနော်သတိထားမိလိုက်တယ်...၊ကိုကို့မျက်နှာမှာ..တစ်ခုခုကိုလန့်ပြီးစိုးရိမ်သွားတယ်ဆိုတာ...။
'ကိုကိုရော..ဘာလာလုပ်တာလဲ..ဟင်..လက်က..'
ကိုကို့လက်မှာပတ်တီးစည်းထားတယ်၊ကိုကိုဘာဖြစ်လာတာပါလိမ့်။
'ခိုင်းမိတာ စိတ်ပူစရာမလိုဘူး..ငါလည်းမင်းနဲ့အတူစောင့်ပေးမယ်..'
'မလိုဘူး...'
'ဘာဖြစ်ရပြန်တာလဲ ခလေးကြီးလိုနေရာတကာစိတ်ကောက်တော့မို့လား..'
ကျနော့်ခေါင်းကိုပုတ်ရင်းပြောလာတဲ့ကိုကို။
'ကိုကိုနဲ့မဆိုင်ဘူး...ကိုယ့်အလုပ်ကိုသာပြန်စမ်းပါ'
ကျနော်လည်းကျနော့်ခေါင်းပေါ်ကကိုကို့လက်ကိုဖယ်ခိုင်းပြီး ပြောမိတယ်။
'ဟင့်..ချစ်စရာကောင်းလိုက်တာ'
'အ့...ပါးကိုမဖျစ်ညစ်နဲ့လေဗျ..နာတယ်..အား..အ့..'
ကိုကိုကကျနော့်ပါးကိုအတင်းကြီးလာဆွဲနေတယ်လေ။
'နှစ်ယောက်လုံးပြန်လိုက်ကြပါတော့..ဒီကလူနာကိုလည်းအားနာကျပါအုံး'
မျက်နှာရှစ်ခေါက်ချိုးဖြင့်သတိရလာသူ....။
'ဖယ်ပါအုံးကိုကိုရ....မင်းဘယ်လိုနေသေးလဲ ရရဲ့လား...'
ကျနော့်လည်းကျနော့်ပါးကိုအတင်းညှစ်နေတဲ့ကိုကိုလက်တွေကနေရုန်းထွက်လိုက်ပြီး ဝဏ္ဏဆီကိုအာရုံစိုက်လိုက်ရတယ်။
'ဘယ်လိုလဲ ငါကမင်းရဲ့heroကြီးဖြစ်သွားပြီနော်...အ့..နာလိုက်တာ'
'မင်းနားအုံးငါဆရာဝန်သွားခေါ်...'
ကျနော်ထဖို့အလုပ်။
'ငါခေါ်ပေးမယ်..မင်းတို့နေ့လည်စာမစားရသေးဘူးမလား..ငါဝယ်ခဲ့ပေးမယ်'
ကိုကိုကကျနော့်ပုခုံးကိုဖိချလိုက်ပြီးသူသွားခေါ်ပေးမယ်တဲ့လေ။
'အကိုအဲလက်စ်သာအကောင်းဆုံး..အများကြီးဝယ်ခဲ့ပါဗျ'
ရှိုင်းဝဏ္ဏကတော့အပျော်ကြီးပျော်နေတော့တာပေါ့။
'အေးပါကွာ..စိတ်ကောက်နေတဲ့ကိုယ်တော်ချောကရော မစားဘူးလား'
ဆူပုတ်ပုတ်နဲ့အဲလက်စ်ကိုမကြည့်တဲ့ကောင်လေး။
'စားမှာ cokeပါဝယ်ခဲ့'
'ဟင့် ဟုတ်ပါပြီ '
ကိုကို့စိတ်ကမှန်းမရဘူး..၊တစ်ခဏချင်းမှာပုံစံမျိုးစုံပြောင်းလဲနေတော့တာပဲ...။မနေ့ညက သူမဟုတ်တော့တဲ့အတိုင်းပဲ။
..........................ကြွေ.........................

''ကြွေ'' (Completed) Where stories live. Discover now