part 56

2.3K 286 3
                                    

unicode
Chapter 56

“လင်းကျဲ့ ဘာဖြစ်နေတာလဲ”

ရှန်းကူရန်သည် လင်းကျဲ့၏ ထူးဆန်းမှုအား သတိထားမိပြီး မေးသည်။

“ငါ အဆင်ပြေပါတယ်”

လင်းကျဲ့သည် အာခေါင်ခြောက်လာသည်။ သူသည် စားပွဲပေါ်မှ ခွက်ကို ကောက်ယူလိုက်ပြီး ရေကိုတစ်ကျိုက်တည်း သောက်ချ လိုက်သော်လည်း သူ၏လည်ချောင်းထဲတွင် ပူလောင်သော ခံစားမှုကို ခံစားနေရသေးသည်။ သူသည် နှုတ်ခမ်းသပ် လိုက်ပြီး နောက်ထပ် အရသာခံ ကြည့်လိုက်သည်။

“ဒီရေအရသာက ထူးဆန်းတယ်”

“ဘာရေလဲ၊ အဲ့ဒါဝိုင်တွေ၊ မင်း မသောက်ဘူးလား ပြောထားတာမလား”

ရှန်းကူရန်သည် ချက်ချင်းပင် လင်းကျဲ့ လက်ထဲမှ ဝိုင်ခွက်အား ယူ၍ ချထားလိုက်သည်။

“ဝိုင်? ဝိုင်ရဲ့အရသာက ဒီလိုမျိုးကိုး”

လင်းကျဲ့သည် နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး အရသာခံနေပုံပေါ်သည်။

“အရသာက တော်တော်ကောင်းတာပဲ”

“…”

ရှန်းကူရန်က အကူအညီမဲ့စွာ ပြောသည်။

“မင်းဘယ်လို သောက်ရတယ် ဆိုတာတောင် မသိဘဲနဲ့ နောက်ထပ် မသောက်နဲ့တော့၊ မင်း မူးသွားလိမ့်မယ်”

“အိုး”

လင်းကျဲ့က ခေါင်းညိတ်ပြပြီးနောက် ခေါင်းငုံကာ စားစရာများကို စားနေသည်။ တစ်ခါတစ်ရံတွင် သူသည် ခေါင်းမော့၍ ရှန်းကူရန်နှင့် လျူဇီချင်းအား ကြည့်လိုက်သောအခါ သူတို့နှစ်ယောက်၏ အခြေအနေမှာ တိုးတက်မှု မရှိသောကြောင့် သူထွက်သွားရန် အချိန်ရောက်ပြီဟု လင်းကျဲ့ ခံစားလိုက်ရသည်။

“အဟမ်း ကျွန်တော် သန့်စင်ခန်း သွားလိုက်ဦးမယ်၊ မင်းတို့ စကားပြောနေကြဦး”

လင်းကျဲ့သည် မတ်တပ် ရပ်ပြီးနောက် ရယ်၍ပြောလိုက်သည်။

လျူဇီချင်းမှာ တုန်လှုပ်သွားပြီး ခေါင်းမော့၍ လင်းကျဲ့အား ကြည့်လိုက်သည်။

“ဒါဆို ကျွန်တော် သွားလိုက်ဦးမယ် လျူသခင်လေး၊ အကောင်းဆုံး ကြိုးစားပါ”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now