part 83

1.5K 217 4
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၈၃

ပွဲတော်သို့ တက်ရောက်လာသောလူများသည် လင်းကျဲ့တွေးထားသည်ထက်ပင် ပို၍ များနေသည်။ လင်းကျဲ့သည် ရှန်းချင်းဟန်၏ နောက်မှ လိုက်သောအခါ အရိုအသေ ပြုရန်အတွက် လာရောက်သောအရာရှိများသည် တစ်ဦးပြီးတစ်ဦးရောက်လာသည်။  အိမ်ရှေ့စံမိဖုရားဖြစ်သည့် လင်းကျဲ့သည် စိတ်ဆိုး၍ မရအောင်ပင် ခြောက်ကပ်ကပ်အပြုံးနှင့် နှုတ်ဆက်နေရသည်။
လင်းကျဲ့၏နှလုံးသားသည် ကွဲကြေသွားသည်။
ယောက်ျားတစ်ယောက်ကို မည်ကဲသို့များ အိမ်ရှေ့စံမိဖုရားဟူ၍ ခေါ်ဆိုနိုင်ကြပါသနည်း။
လင်းကျဲ့သည် ရှန်းကူရန်အား မြင်သောအခါ ရှန်းကူရန်ကို ဖမ်းမိရန် အခွင့်အရေးကို ယူ၍ ထွက်သွားရန် ပြင်လိုက်သည်။ ရှန်းချင်းဟန်သည် ထွက်သွားလုနီးနီးဖြစ်နေသည့် လင်းကျဲ့အားကြည့်၍ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“မင်းဘာလုပ်နေတာလဲ၊ အစ်ကိုတော်ကိုတောင် နှုတ်မဆက်ရသေးဘူး”
ရှန်းကူရန်သည် လင်းကျဲ့၏ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ထိတ်လန့်သွားသည်။
“ငါ ထွက်ပြေးမလို့လေ၊ ဒီလို လူတွေအများကြီး ဝိုင်းနေတာကို ငါမနေတတ်ဘူး၊ ဟုတ်ပြီလား”
လင်းကျဲ့က ပြောလိုက်သည်။
“ဒါပေမယ့် မင်း မနေတတ်ဘူးဆိုရင်တောင် နေတတ်အောင် လုပ်ရမယ်လေ”
ရှန်းကူရန်က ပြုံးလိုက်သည်။
“ငါက ဒီကို တကယ်မလာချင်ဘူး ဒါပေမယ့် ရှန်းချင်းဟန်က လာခိုင်းလို့”
ရှန်းချင်းဟန်သည် အလွန်စိတ်ဓါတ်ကျသွားသည်။
“ဘာပြောတယ်၊ မင်းမသိဘူးလား”
ရှန်းကူရန်သည် နားမလည်နိုင်စွာဖြင့် လင်းကျဲ့အား ကြည့်လိုက်သည်။
“ဘာကို သိရမှာလဲ”
လင်းကျဲ့က နဝေတိမ်တောင်ဖြစ်နေသည်။
“အစ်ကိုတော်က မင်းကို ဘာလို့ ဒီကိုခေါ်လာတာလဲဆိုတော့ ဝန်ကြီးချုပ်ရဲ့ မွေးနေ့ဧည့်ခံပွဲမှာ မင်းမျက်နှာကို ပြခဲ့ပေမယ့် လူနည်းနည်းကပဲ မင်းကိုသိတယ်လေ၊ အဲ့ဒါကြောင့် လမုန့်စားပွဲတော်ကို အကြောင်းပြပြီး တော်ဝင် တရားရုံးရဲ့ အရပ်ဘက် စစ်ဘက်ဆိုင်ရာအရှိတွေကို မင်းရဲ့အဆင့်အတန်းကို သိစေဖို့အတွက် ခေါ်လာခဲ့တာ၊ အဲ့ဒါမှ ပြီးခဲ့တဲ့အကြိမ်လို မင်းကို ဘယ်သူမှ မထိခိုက်စေနိုင်အောင်ပေါ့”
ရှန်းကူရန်က ပြုံးလိုက်သည်။
ထိုစကားအား ကြားသောအခါ လင်းကျဲ့သည် အံ့သြသွားသည်။  သူသည် ထိုကဲ့သို့ မတွေးမိခဲ့ပေ။  ထို့နောက် သူသည် ပြီးခဲ့သည်အကြိမ်က ဖုန်းရွှမ်၏ ဖမ်းဆီးခြင်းခံရရသည်ကို တွေးမိလိုက်သည်။  လင်းကျဲ့သည် သက်ပြင်းချပြီးနောက် ခေါင်းငုံကာ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
ရှန်းကူရန်သည် လင်းကျဲ့အား ကျေနပ်စွာဖြင့် ပြုံး၍ ကြည့်နေပြီးနောက် ဝိုင်တစ်ငုံ သောက်လိုက်သည်။ လင်းကျဲ့သည် တစ်ညလုံး ငြိမ်းချမ်းနေခဲ့သည်။
ရှန်းချင်းဟန်သည် ထလာပြီး လင်းကျဲ့နှင့်ကပ်လျက် ထိုင်လိုက်သည်။
လင်းကျဲ့သည် ခေါင်းကို ဆက်ငုံ့နေပြီး မည်သည်ဆူညံသံမှ ပြုလုပ်ခြင်းမရှိဘဲ စားနေသည်။
ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်လိုက်သည်။
လင်းကျဲ့သည်လည်း ရှန်းချင်းဟန်အား ကြည့်လိုက်သောအခါ အကြည့်ချင်းဆုံမိပြီး လင်းကျဲ့သည် ထိတ်လန့် သွားသည်။  ထို့နောက် မုန့်အား ကိုက်လိုက်သည်။
“ခင်ဗျားက ကျွန်တော့်ကို ဘာလို့ကြည့်နေတာလဲ”
“မင်းတစ်ညလုံး ကောင်းကောင်းပြုမူနေတယ်”
ရှန်းချင်းဟန်က ပြောလိုက်ပြီးနောက် အကြည့်အား ပြန်ရုတ်သိမ်းလိုက်သည်။
“ကျွန်တော်က အမြဲတမ်းငြိမ်နေတာပါ”
လင်းကျဲ့သည် မုန့်ကို ကိုက်နေရင်းမှ ယောင်ဝါးဝါးပြောလိုက်သည်။
“ပင်ပန်းနေပြီလား”
ရှန်းချင်းဟန်က ခွက်ကို မြှောက်၍ တစ်ငုံသောက်လိုက်သည်။
“ဟမ်?”
လင်းကျဲ့သည် သူ့မျက်နှာအား ကြည့်လိုက်သောအခါ ရှန်းချင်းဟန်၏ ထင်ရှားသော လက်ဆစ်များရှိသော သွယ်လျသော လက်ချောင်းများသည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော သေရည်ခွက်ထက် ပို၍ လှပသည်ကို မြင်လိုက်ရသည်။  ထိုအခိုက်အတန့်တွင် သူသည် ဘဝင်ကျသွားသည်။
“အခု ငါတို့လုပ်စရာမရှိတော့ဘူး”
ရှန်းချင်းဟန်သည် မတ်တတ်ရပ်လိုက်သည်။
လင်းကျဲ့သည် ဘာပြောရမှန်းမသိပေ။
“သွားစို့”
ရှန်းချင်းဟန်က ပြောသည်။
“ဘယ်ကိုသွားမှာလဲ”
လင်းကျဲ့က မေးသည်။
“ဘုရားကျောင်းက ပွဲတော်”
ရှန်းချင်းဟန်သည် လင်းကျဲ့အား ငုံကြည့်လိုက်သည်။  သူ၏မျက်လုံးများသည် ကောင်းကင်က ကြယ်ပွင့်များကဲ့သို့ တောက်ပနေသည်။
လင်းကျဲ့သည် မတ်တတ်ရပ်၍ ပြုံးပြလိုက်သည်။  “တကယ်လား”
ရှန်းချင်းဟန်သည် မည်သည့်စကားမှမပြောဘဲ ထွက်သွားသည်။
လင်းကျဲ့လည်း သူ့ကို အမီလိုက်သည်။
.သူတို့ ထွက်လာသောအခါ ရှန်းကူရန်အား တွေ့ခဲ့သည်။
“အစ်ကိုတော်တို့က ဘယ်သွားမလို့လဲ”
ရှန်းကူရန်က သံသယဖြင့်မေးလိုက်သည်။
“ငါတို့ အရင်ပြန်သွားပြီလို့ ခမည်းတော်ကို လျှောက်တင်ပေး”
ထို့သို့ပြောပြီးနောက် ရှန်းချင်းဟန်နှင့် လင်းကျဲ့သည် ချက်ချင်းထွက်သွားသည်။
“ဝိုး မင်းတို့ နောက်နေတာလား၊ ဖခမည်းတော်က ငါ့ကို ရိုက်လိမ့်မယ်”
ရှန်းကူရန်က ပြောလိုက်သောအခါ သူ၏မျက်လုံးများမှာ ဝိုင်းစက်သွားသည်။  သူသည် ရှန်းချင်းဟန်၏ လှည့်ကွက်တွင် မိခါနီးတွင် နောက်မှ အသံတစ်သံသည် ထွက်ပေါ်လာသည်။
“အထီးကျန်ငန်းမင်းသား”
ထိုစကားကို ကြားလိုက်၍ ရှန်းကူရန်က လှည်ကြည့်လိုက်သောအခါ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လျူဇီချင်းသည် မနီးမဝေးတွင် ရပ်၍ သူအား အနည်းငယ်မသက်မသာဖြစ်စေသည့် အကြည့်များဖြင့် ကြည့်နေ သည်ကို မြင်လိုက်ရသည်။
“ဆရာလျူ ရောက်လာပြီပဲ”
ရှန်းကူရန်သည် ရှန်းချင်းဟန်နှင့် လင်းကျဲ့တို့ထွက်သွားသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်နေဆဲဖြစ်သည်။  သူသည် မျက်ခုံးများကို ပွတ်လိုက်သည်။
“ဘာကိစ်စလဲ”
“ကျွန်တော်မင်းသားကို ပြောစရာရှိတယ်”
လျူဇီချင်းသည် သွားများကို ပြင်းထန်စွာ ကြိတ်လိုက်ပြီးနောက် ရှန်းကူရန်၏ မက်မွန်ပန်းကဲ့သို့လှပသော မျက်လုံးများအား ကြည့်လိုက်သည်။
“အိုး”
ရှန်းကူရန်သည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြုံးလိုက်သည်။
“ဆရာလျူက ဘာပြောမလို့လဲ”
“နိမ့်ကျတဲ့ အရာရှိငယ်က….”
လျူဇီချင်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဖြူဖွေးသောလက်ပေါ်မှ အပြာရောင်သွေးကြောများသည် ဖောင်းလာသည်။  အချိန်အတော်ကြာပြီးသည့်နောက်တွင် သူက ပြောလိုက်သည်။
“ဒီနိမ့်ကျတဲ့ အရာရှိငယ်က မင်းသားကို အချိန်အတော်ကြာတမ်းတနေခဲ့ပါတယ်”
ထိုစကားကို ကြားလိုက်သည်နှင့် ရှန်းချင်းဟန်သည် နေသားကျနေပြီးသကဲ့သို့ ပြုံးလိုက်သည်။
“ဆရာလျူ မနောက်ပြောင်သင့်ပါဘူး”
“ကျွန်တော်က ဘာ့ကြောင့် နောက်ပြောင်ရမှာလဲ”
ရှန်းကူရန်က လန့်ဖျပ်သွားသည်။
“ငါ့ကို နှစ်သက်နေတယ်လို့ ဆိုလိုတာလား”
ရှန်းကူရန်၏မျက်လုံးများမှာ ပျင်းရိဟန်ပေါ်နေသော်လည်း ပြုံးနေဆဲဖြစ်သည်။ “ဒီနိမ့်ကျတဲ့ အရာရှိက မင်းသားကို ချစ်နေပါတယ်”
လျူဇီချင်းသည် ရှန်းကူရန်၏စိုက်ကြည့်နေမှုကြောင့် ခေါင်းငုံ့လိုက်သည်။
“အချစ်၊ ငါက ကြီးမြတ်တဲ့မင်းသား၊ မင်းကတော့ ဒီအတိုင်းသခင်လေးပဲ၊ မင်းမကြောက်ဘူးလား”
ရှန်းကူရန်က မျက်လုံးများကို မှေးစင်း၍ လျူဇီချင်းကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။
“အချစ်”
ဤစကားကို သူမကြားရသည်မှာ မည်မျှကြာနေပြီလဲ”
"ကြောက်ရွံ့မိပါတယ်”
လျူဇီချင်းသည် မလိမ်ချင်ပေ။
“ဒါပေမယ့် မင်းသားကို ဒီနိမ့်ကျတဲ့အရာရှိရဲ့ခံစားချက်များ မြင်နိုင်အောင် ပြောပြချင်ပါတယ်၊ မင်းသား ဒေါသ ထွက်ရင်တောင်မှ ကျွန်တော်မျိုး လုံးဝနောင်တမရပါဘူး”
လျူဇီချင်းက အံကြိတ်လိုက်သည်။
“မင်းက အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ”
ရှန်းကူရန်သည် ပြုံးလိုက်ပြီး လျူဇီချင်း၏မျက်လုံးများသည် အနည်းငယ်ပွင့်လာသည်။  ရှန်းကူရန်သည် လက်ထဲတွင် ယပ်တောင်အား တင်းတင်းဆုပ်ကိုင်၍ ဖြန့်လိုက်သည်။  လျူဇီချင်းက ဖြတ်လျှောက် သွားသောအခါ ရှန်းကူရန်က ပြုံးလျက်ပြောသည်။
“ဒီစကားတွေကို ငါမကြားခဲ့ဘူးလို့ပဲ ယူဆလိုက်မယ်”
လျူဇီချင်း၏ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။  သူသည် နောက်သို့လှည့်၍ ရှန်းကူရန်၏​နောက်ကျောကို ကြည့်လိုက်သည်။
“မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီး အမှတ်ရပေးပါ”
ရှန်းကူရန်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ယပ်တောင်ကို သိမ်းလိုက်သည်။
“အကယ်၍ ငါက မင်းကို ဘယ်တော့မှ မတုန့်ပြန်နိုင်ဘူးဆိုရင်ကော”
“ကိစ္စမရှိပါဘူး၊ မင်းသားက ကျွန်တော်မျိုးကို သတိရပေးနေရင်ပဲ လုံလောက်ပါပြီ”
လျူဇီချင်းသည် သတ္တိမွေး၍ ပြောခဲ့ပြီး အနည်းငယ်မျှပင် လက်မလျှော့နိုင်ပေ။
ရှန်းကူရန်က ကူကယ်ရာမဲ့စွာပြုံးလိုက်ပြီး ယပ်တောင်အား ထပ်မံ၍ ဖြန့်လိုက်ပြီးနောက် ထွက်သွားသည်။
လျူဇီချင်းသည် တင်းကျပ်စွာဆုပ်ထားသောလက်သီးအား ဖြေလျှော့လိုက်သည်။
ရှန်းချင်းဟန်နှင့် လင်းကျဲ့သည် နန်းတော်မှ ထွက်ခဲ့ကြသည်။
“ရှန်းချင်းဟန် ကျွန်တော်တို့ ခုလိုထွက်လာတာ ခင်ဗျားတကယ်အဆင်ပြေရဲ့လား”
လင်းကျဲ့က ရှန်းချင်းဟန်ကို မေးလိုက်သည်။
“အဲ့ဒီမှာ အထီးကျန်နေတဲ့ ငန်းတွေပဲ ကျန်ခဲ့တာ”
ရှန်းချင်းဟန်က ပြောသည်။
“ရှန်းကူရန်….”
လင်းကျဲ့က ညည်းတွားလိုက်သည်။  ရှန်းချင်းဟန်က လင်းကျဲ့အား စိုက်ကြည့်လိုက်သည်။
“သွားဦးမှာလား”
“သွားမှာပေါ့၊ သွားကြမယ်”
လင်းကျဲ့က ခေါင်းညိတ်ပြသည်။
“မင်းက ဘယ်သွားချင်တာလဲ”
ရှန်းချင်းဟန်က မေးသည်။
“လမ်းမကြီးကို သွားမယ်၊ ဒီအချိန်ဆိုရင် အရမ်းစည်နေမှာ”
လင်းကျဲ့က ပြုံးလိုက်ပြီး ရှေ့သို့လျင်မြန်စွာလျှောက်သွားသည်။
ရှန်းချင်းဟန်သည်လည်း သူနှင့်အတူလိုက်ပါလာသည်။  ကျန်းရန်သည်လည်း နောက်မှ လိုက်ပါလာသည်။  ရှန်းချင်းဟန်သည် သူ၏လက်ကို မြှောက်၍ ကျန်းရန်အား လိုက်မလာစေရန် ဟန့်တားလိုက်သည်။
“ဒါပေမယ့် မင်းသား…..”
ကျန်းရန်က လန့်ဖျပ်သွားသည်။
“ငါ့မှာ ကာကွယ်နိုင်စွမ်းရှိပါတယ်”
ရှန်းချင်းဟန်က ပြောသည်။
"ဟုတ်ကဲ့”ကျန်းရန်က ငြိမ်သက်စွာဖြင့် နေခဲ့လိုက်သည်။
ရှန်းချင်းဟန်နှင့် လင်းကျဲ့၏နောက်ကျောအား ကြည့်နေလျက် ကျန်းရန်သည် စိတ်ဖိစီးနေရုံမှအပ မတတ်နိုင်ပေ။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now