part 61

2.5K 297 7
                                    

Unicode
အခန်း - ၆၁

ထိုစကားအားကြားသောအခါ ရှန်းချင်းဟန်သည် ခေါင်းကို ဖြည်းဖြည်းချင်းမော့၍ ကျန်းရန်အား ကြည့်လိုက် သည်။   သူသည် လက်ထဲမှစာအုပ်အားချ၍ ကျန်းရန်အား အရင်ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။ 
ထိုသည်အား မြင်သောအခါ ကျန်းရန်သည် ခန်းဆီးအား ပြန်ချလိုက်ပြီး နောက်ဆုတ်လျှက် ထွက်သွားလေသည်။  နောက်ကို ပြန်ဆုတ်သွားသော ကျန်းရန်သည် တစ်စုံတစ်ရာအား စိုက်ကြည့်ကာ တွေးတောလျှက်ရှိ၏။
ထိုအချိန်တွင် လှည်းယာဉ်ထဲ၌ ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်လိုက်ပြီးနောက် သူ၏ပုခုံးပေါ်မှ ဖြည်းညှင်းစွာ ရွှေ့လိုက်ကာ ဘေးနံရံပေါ်တွင် မှီစေလိုက်သည်။   လင်းကျဲ့သည် နှစ်ခြိုက်စွာအိပ်မောကျနေပြီး လုံးဝမနိုးပေ။ 
“ဒီလူကတော့ သူ့ကို ရောင်းစားသွားရင်တောင် နိုးမယ်မထင်ဘူး”
ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြည့်၍ အေးစက်စွာ ပြောဆိုလိုက်လေသည်။ 
နောက်ဆုံးတွင် ရှန်းချင်းဟန်သည် လှည်းယာဉ်ပေါ်မှ ဆင်းလာသည်။ 
“စောင့်ကြည့်ဖို့အတွက် တစ်ယောက်ယောက်ကို လွှတ်ထားလိုက်”
လှည်းယာဉ်ပေါ်မှဆင်းလာသည်နှင့် ရှန်းချင်းဟန်သည် အစောင့်များအား အေးစက်စွာ ညွှန်ကြားလိုက်လေသည်။   ထို့နောက် သူသည် ဝန်ကြီးချုပ်၏ အိမ်တော်ဆီသို့ ဦးတည်၍သွားလိုက်လေသည်။ 
သူ၏မျက်လုံးများအား ဖွင့်လိုက်သောအခါ ဘလာဖြစ်နေသော လှည်းယာဉ် အတွင်းကိုသာ မြင်လိုက်ရပြီး ရှန်းချင်းဟန်၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။   ထိုအခိုက်အတန့်တွင် သူသည် ထိတ်လန့်သွားပြီး ချက်ချင်း လှည်းယာဉ်ခန်းဆီးအား ဆွဲဖွင့်လိုက်ရာ အပြင်ဘက်တွင် စောင့်ကြပ်နေသော အစောင့်အနည်းငယ်ကို တွေ့လိုက် ရသည်။   လင်းကျဲ့က မေးသည်။ 
“မင်းသားကဘယ်မှာလဲ”
“သခင်လေးအား လျှောက်တင်ပါတယ်၊ မင်းသားက အရင်သွားနှင့်ပါပြီ”
အစောင့်ရဲမက်က လျင်မြန်စွာ ပြန်ဖြေလိုက်လေသည်။ 
ထိုသို့ကြားသောအခါ လင်းကျဲ့က အံကြိတ်လိုက်ပြီး
“ရှန်းချင်းဟန် ခင်ဗျားကျွန်တော့ကို တစ်ယောက်တည်းထားပြီး ထွက်သွားတယ်ပေါ့”
လှည်းယာဉ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လင်းကျဲ့သည် စိတ်ဆိုးစွာဖြင့် ဝန်ကြီးချုပ်၏အိမ်တော်ဆီသို့ လျှောက်လာခဲ့ သည်။ 
ဝန်ကြီးချုပ်၏မွေးနေ့ပွဲမှာ မျှော်လင့်ထားသည့်အတိုင်းပင် အိမ်တော်၏အဝင်တွင် များစွားသောလူများသည် တန်းစီနေသောကြောင့် လင်းကျဲ့အား မျက်မှောင်ကြုတ်သွားစေသည်။   လင်းကျဲ့သည် အိမ်တော်အတွင်းသို့ မည်ကဲ့သို့ဝင်ရမည်မှန်းမသိတော့ချေ။ 
ထိုအချိန်တွင် ကျန်းရန်သည် အိမ်တော်၏ဝင်ပေါက်တွင် လင်းကျဲ့အား စောင့်ဆိုင်းနေခဲ့သည်။   လင်းကျဲ့အား မြင်သောအခါ သူသည် ချက်ချင်းပြေးလာကာ
“သခင်လေးနိုးလာပြီလား”
“ဟုတ်ကဲ့”
လင်းကျဲ့ကခေါင်းညိတ်ပြလိုက်လေသည်။ 
“ဒါဆို အရင်ဝင်လိုက်ကြတာပေါ့၊ မွေးနေ့ပွဲက စတော့မှာ”
ကျန်းရန်သည် လင်းကျဲ့အား ဉီးဆောင်၍ ခေါ်ဆောင်သွားလေသည်။ 
“ရှန်းချင်းဟန်ကဘယ်မှာလဲ”
လင်းကျဲ့က မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။ 
“မင်းသားကအထဲဝင်သွားပါပြီ၊ဘာဖြစ်လို့ပါလဲ”
ကျန်းရန်ကလန့်ဖျပ်သွားသည်။ 
“သူ့ဆီက ရှင်းပြချက်လိုချင်လို့၊ မင်းက ငါ့ကို ဘာလို့မနိုးတာလဲ၊ ငါ့ကို ချန်ထားခဲ့ပြီး သွားနှင့်ကြတာ၊ ဒါက လွန်လွန်းတယ်”
လင်းကျဲ့ကအံကြိတ်လိုက်လေသည်။ 
“သခင်လေး၊ စိတ်အေးအေးထားပါ၊ တကယ်တော့ မင်းသားက သခင်လေးကို ကောင်းကောင်းဆက်ဆံပါတယ်၊ အခုက…….”
ကျန်းရန်သည် ပြောမည်ပြုလိုက်သော်လည်း တည်ငြိမ်သောမျက်နှာဖြင့် ဖြည်းညှင်းစွာ လျှောက်လာသော ရှန်းချင်းဟန်အား မြင်လိုက်သောအခါ ချက်ချင်းပင် ပါးစပ်ကို ပိတ်ထားလိုက်လေသည်။ 
“ထားလိုက်ပါတော့၊ ရေခဲမင်းသားက ငါ့ကို နှစ်သက်ပါ့မလား၊ သူငါ့ကို မသတ်ဖို့ကိုပဲ ဘုရားမှာ ဆုတောင်းနေရ တယ်၊ငါ့ကိုပြောစမ်းပါ၊အခုဘာဖြစ်လို့လဲ”
လင်းကျဲ့သည် ရှန်းချင်းဟန်အား သတိမမူမိဘဲ ဆက်ပြောနေသည်။ 
ရှန်းချင်းဟန်၏အကြည့်မှာ ပို၍ ပို၍ မှုန်မှိုင်းလာသည်။   ကျန်းရန်၏ အမူအရာမှာ ပို၍ တောင့်တင်းလာသော်လည်း သူသည် ကျယ်လောင်စွာ မပြောဝံ့ပေ။   ထိုအစား သူသည် လင်းကျဲ့အား မမှိတ်မသုန်ကြည့်နေသည်။ 
“ဟမ်?မင်းဘာ့ကြောင့်မပြောတာလဲ”
လင်းကျဲ့သည် သံသယဖြင့် မျက်တောင်အား ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ 
“ဒီငယ်သားက မင်းသားကို ဂါရဝပြုအပ်ပါတယ်”
ကျန်းရန်သည် ကူကယ်ရာမဲ့ဖြစ်နေပြီး သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်၍ အရိုအသေပေးရုံသာ တတ်နိုင်လေသည်။ 
ထိုစကားအား ကြားသောအခါ လင်းကျဲ့သည် လန့်ဖျပ်သွားပြီး ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ 
“ရှန်းချင်းဟန်လား၊ဘယ်မှာလဲ”
ဘေးနှစ်ဘက်စလုံးအား ကြည့်လိုက်သော်လည်း ရှန်းချင်းဟန်အား မတွေ့ရသောကြောင့် လင်းကျဲ့သည် နောက် သို့ လှည့်ကြည့်လိုက်ရာ ဖြူစင်သန့်ရှင်းသောလပြည့်ဝန်းကဲ့သို့ ၀ိုင်းစက်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။   လင်းကျဲ့သည် သူ၏ အသက်ရှု ခြင်းသည် နှေးကွေးလေးလံလာသည်ကို ခံစားလိုက်ရပြီးနောက် ဖြည်းဖြည်းချင်းကြည့်လိုက်ရာ မည်သည့် ခံစားချက် အမူအရာမှ မရှိသောမျက်နှာသည် သူ့အားတောင့်တင်းသွားစေသည်။ 
“ကျွန်တော် အခုပြောလိုက်တာကို ခင်ဗျားကြားသွားတာလား”
လင်းကျဲ့သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။ 
“ငါ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါတယ်”
ရှန်းချင်းဟန်ကပြောသည်။ 
လင်းကျဲ့က ပြုံးလိုက်ပြီး
“ဒါဆို ခင်ဗျား မကြားလိုက်သလို နေလိုက်လို့မရဘူးလား”
“ဘာ့ကြောင့်လဲ”
ရှန်းချင်းဟန်သည်အမူအရာကင်းမဲ့လျှက်ရှိနေ၏။
“ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဒေါသထွက်လွန်းလို့ မစဉ်းစားဘဲ ပြောလိုက်မိလို့ပါ”
လင်းကျဲ့သည်ပြုံးလျှက်ပြောလိုက်လေသည်။
ကျန်းရန်၏အမူအရာမှာမူအေးခဲလျှက်ရှိနေ၏။
ရှန်းချင်းဟန်၏မျက်နှာသည်မှောင်မည်းသွားလေသည်။ 
လင်းကျဲ့သည် သူ့အတွက် အန္တရာယ်ဖြစ်မကင်းနိုင်သောစကားကို ပြောဆိုနေသော်လည်း သူသည် တောက်ပစွာ ပြုံးနေဆဲဖြစ်သည်။ 
“အစ်ကိုတော်”
ရုတ်တရက် ရင်းနှီးသောအသံတစ်သံသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာသည်။   ရှန်းချင်းဟန်သည် မျက်ဝန်းများ ထဲမှ အအေးဓါတ်များကို ထုတ်လွှင့်နေပြီး ခေါင်းငုံ၍ လင်းကျဲ့အားကြည့်၍ပြောသည်။ 
“မင်းကို အခု ငါလွှတ်ပေးလိုက်မယ်၊ ပြန်ရောက်မှ ပြောကြတာပေါ့”
လင်းကျဲ့သည် နှုတ်ခမ်းအား တွန့်ကွေးလိုက်ပြီး ရေရွတ်လိုက်ရုံသာ တတ်နိုင်သည်။ 
“မင်း ဘယ်အချိန်တုန်းက ပြောခဲ့တာလဲ”
ကျန်းရန်သည် နဖူးကို ရိုက်လိုက်ရုံမှတပါး မတတ်နိုင်ပေ။   ဤလင်းကျဲ့သည် အမှန်ပင် ပြဿနာရှာသည့် နေရာ တွင်တော်သည်။ 
ရှန်းကူရန်သည် လင်းကျဲ့အား ဂရုမစိုက်နိုင်ဘဲ သူ့ဆီသို့ လျှောက်လာနေသော ရှန်းကူရန်အား ကြည့်လိုက်သည်။ 
“မင်းက ဘာလို့ ဒီမှာရှိနေရတာလဲ”
လှမ်းခေါ်လိုက်သောသူမှာ ရှန်းကူရန်ဖြစ်နေသည်ကို မြင်သောအခါ လင်းကျဲ့သည် လျှောက်လှမ်းသွားပြီး အပြုံးဖြင့် ရှန်းကူရန်အား တရင်းတနှီး မေးလိုက်သည်။ 
လင်းကျဲ့သည် သူ၏နံဘေးသို့ လျှောက်သွားပြီး ခေါင်းမော့လိုက်သည်။   သူသည် လင်းကျဲ့၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ လင်းကျဲ့သည် နံဘေးသို့လျှောက်လာသည်ကို မြင်လိုက်ရသည်။ 
“ဒီနေ့က ဝန်ကြီးချုပ်ရဲ့ မွေးနေ့ပွဲလေ၊ ဒါ့ကြောင့် ငါလည်း ပျော်ဖို့အတွက် ဒီရောက်လာတာပေါ့”
ရှန်းကူရန်က ရယ်မောလိုက်ပြီး လင်းကျဲ့နောက်ရှိ ရှန်းချင်းဟန်အား ကြည့်လိုက်သည်။  
“ဒီနေ့ လူတွေအများကြီး တက်ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး”
ရှန်းချင်းဟန်သည် စကားတစ်ခွန်းမျှမပြောဘဲ သူ၏အကြည့်အား ရုတ်သိမ်းလိုက်လေသည်။ 
ရှန်းချင်းဟန်နှင့် ကျန်းရန်သည် ရှေ့မှလျှောက်နေကြစဉ်တွင် လင်းကျဲ့နှင့် ရှန်းကူရန်သည် စကားကောင်းနေကြ ပြီးအတူလျှောက်လာကြသည်။ 
လင်းကျဲ့သည် လည်ပင်းမှာ အနည်းငယ်နာကျင်မှုကို ခံစားနေရသောကြောင့် ဟိုဟိုသည်သည် လှည့်ကြည့်နေ သည်။ 
“ဘာဖြစ်တာလဲ”
ရှန်းကူရန်ကမေးသည်။ 
“မင်းလည်ပင်းကျိုးမှာကြောက်နေတာလား”
“ငါ ဒီကိုလာနေတဲ့လမ်းမှာ မာတဲ့တစ်ခုခုပေါ်ကို မှီပြီးအိပ်ပျော်သွားတာ၊ အခု ငါ့လည်ပင်းနာနေပြီ”
လင်းကျဲ့သည် သူ့ပုခုံးအား ထုလျက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ 
“အိုး၊ငါသိပြီ”
ရှန်းကူရန်က သဘောပေါက်သွားသည်။ 
ထိုစကားအား ကြားသောအခါ ရှန်းချင်းဟန်၏ခြေလှမ်းများမှာ ရပ်သွားပြီး နှုတ်ခမ်းထောင့်စွန်းမှာ တွန့်သွားသည်။ 
“ခင်ဗျား ဘာကြောင့်ရုတ်တရက် ရပ်လိုက်တာလဲ”.
လင်းကျဲ့သည် ခေါင်းငုံ့၍ လည်ပင်းအား ဖိထားပြီး ရှေ့သို့လျှောက်နေပြီး ရုတ်တရက် ရပ်တန့်လိုက်သော ရှန်းချင်းဟန်အား မမြင်သောကြောင့် တောင့်တင်းပြီး မာကျောနေသောသူ၏ကျောပြင်နှင့် တိုက်မိသွားသည်။   လင်းကျဲ့သည် သူ၏နဖူးမှာ အနည်းငယ်နာကျင်သွားသည်ကို ခံစားလိုက်ရပြီး ခေါင်းမော့၍ နဖူးကို ပွတ်သပ်ကာ ပြောလိုက်သည်။ 
ရှန်းကူရန်သည် လင်းကျဲ့အား ဆက်ကြည့်နေသည်။ 
ရှန်းချင်းဟန်သည် လင်ကျဲ့အား လှည့်ကြည့်လိုက်ပြီးနောက် ချက်ချင်း ရှေ့သို့လှည့်ကာ ထွက်သွားလေသည်။ 
Lin Jie was so angry his face turned green.
လင်းကျဲ့သည် စိတ်ဆိုးလွန်းသောကြောင့် မျက်နှာမှာပြောင်းလဲသွားသည်။ 
“ကောင်းပြီလေ သွားကြစို့”
ရှန်းကူရန်သည် တိတ်တဆိတ်ရယ်မောလိုက်ပြီး လင်းကျဲ့အား တွန်းလိုက်လေသည်။ 
လင်းကျဲ့သည် ပါးစပ်မှ ရေရွတ်လျက် ဆက်လျှောက်လာသည်။ 
“ဘယ်သူလဲ၊ဒီ…….”
ရှန်းကူရန်သည် သူ၏မျက်နှာထူပူသွားသည်အထိ ရယ်မောလိုက်၏။
သူတို့သည် ပင်မဧည့်ခန်းဆောင်ကြီးသို့ ရောက်သောအခါ ​သူ့တို့အား ကြိုဆိုရန်အတွက် အစေခံများ ထွက်လာကြသည်။ 
“အိမ်ရှေ့စံမင်းသား၊ အိမ်ရှေ့စံမိဖုရား၊ မင်းသားတစ်ဆယ်၊ ကျေးဇူးပြု၍ ဒီဘက်ကိုကြွပါ”
အစေခံသည် လင်းကျဲ့နှင့် အခြားသုံးယောက်အား ပင်မဧည့်ခန်းဆောင်ဆီသို့ ခေါ်သွားပြီး သူတို့သုံးယောက် နေရာယူလိုက်သည်နှင့် ဝန်ကြီးချုပ် ကျန်းကျီလင် ထွက်လာသည်။ 
ရှန်းချင်းဟန်သည်လည်း မတ်တတ်ထရပ်လိုက်ပြီး ကျန်းကျီလင်ဆီသို့ လျှောက်သွားသည်။ 
လင်းကျဲ့ကြည့်လိုက်သောအခါ အချင်းချင်းစကားပြောနေသော ရှန်းချင်းဟန်နှင့် ကျန်းကျီလင်ကို တွေ့လိုက်ရ သည်။   သူတို့နှစ်ဦးလုံးသည် ကျောက်တုံးကဲ့သို့ အမူအရာကင်းမဲ့သောမျက်နှာများရှိပြီး သစ်သားတုံးကြီးများနှင့် တူသည်။ 
“ပျင်းစရာကောင်းလိုက်တာကွာ”
လင်းကျဲ့သည် နှုတ်ခမ်းအား မဲ့၍ သူ့အကြည့်အား ပြန်ရုတ်သိမ်းလိုက်ကာ ခေါင်ငုံ့ပြီး စားပွဲပေါ်မှ မုန့်အား ယူကာ ပါးစပ်ထဲသို့ပစ်သွင်းလိုက်လေတော့သည်။ 
“ဒီပွဲမျိုးက တကယ်ပျင်းစရာကောင်းတယ်၊ ဒါပေမယ့် အဲ့ဒါက ငါတို့နဲ့မဆိုင်ပါဘူး၊ ငါတို့က ပတ်ဝန်းကျင်ကို အရူးလုပ်ဖို့သက်သက်လာကြတာပဲလေ”
ရှန်းကူရန်က ရယ်မောလိုက်သည်။ 
လင်းကျဲ့သည် ရှန်းကူရန်အား သံသယဖြင့်ကြည့်လိုက်လေသည်။ 
“အရင်ဆုံး ငါ့အကြောင်းကို မပြောဘဲ နေကြရအောင်၊ မင်းထွက်မပြေးချင်တာ သေချာသွားပြီလား”
ရှန်းကူရန်သည် ဝိုင်ခွက်အား ကိုင်၍ ရှန်းချင်းဟန်ဆီသို့ ကြည့်လိုက်သည်။ 
“ဘာဖြစ်လို့လဲ”
လင်းကျဲ့သည် ရှန်းကူရန်၏အကြည့်နောက်သို့ နားမလည်နိုင်စွာ ကြည့်လိုက်သည်။   ရှန်းချင်းဟန်၏ရှေ့တွင် ပန်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးပေါ်လာပြီး ထိုမိန်းမပျိုသည် အလွန်လှပသည်။ 
“အဲ့ဒါဘယ်သူလဲ”
လင်းကျဲ့သည် လန့်ဖျပ်သွားသည်။ 
“မင်းသူ့ကိုမသိဘူးလား”
ရှန်းကူရန်သည် ရယ်မောလိုက်ပြီးနောက် အသံအားနှိမ့်၍ လင်းကျဲ့အား ပြောသည်။ 
“ငါ မင်းကိုပြောပြမယ်၊ အဲ့ဒီမိန်းကလေးက ကျန်းဝန်ကြီးချုပ်ရဲ့ အဖိုးတန်သမီးလေးပဲ၊ သူ့နာမည်က ကျန်းဝေ့ယန်၊ ကျန်းသခင်မလေးက ငါ့အစ်ကိုတော်ကို ဟိုးအရင်းကတည်းက စိတ်ဝင်စားလာခဲ့ပြီး ကျန်းဝန်ကြီးချုပ်ကလည်း အစ်ကိုတော်ကို သားမက်တော်ဖို့ ရည်ရွယ်ထားခဲ့တာ၊ အစ်ကိုတော်ကိုလည်း အကြိမ်ပေါင်းများစွာ အရိပ်အမြွက် ပြောခဲ့ဖူးတယ်၊ ဒါပေမယ့် အစ်ကိုတော်က ကောင်းမွန်တဲ့ ဂေါ်ဖီထုပ်က ဝက်တစ်ကောင်ကို အထိမခံသလိုမျိုး တွေးမထားခဲ့ဘူး၊ ငါတွေးရသလောက်တော့ အခု ကျန်းသခင်မလေးက စိတ်ဓါတ်ကျနေလောက်ပြီ”
ထိုစကားအား ကြားသောအခါ လင်းကျဲ့သည် ဖြည်းညှင်းစွာဖြင့်
“မင်း ဘယ်သူ့ကို ဝက်လို့ပြောတာလဲ”
“မင်းက ငါ့ဘယ်သူ့ကို ဝက်လို့ပြောတာကို စိတ်ဝင်စားနေတာလဲ”
ရှန်းကူရန်သည် ဝိုင်တစ်ငုံသောက်လိုက်ပြီးနောက် ဝိုင်ခွက်အား လှုပ်ကာ ရယ်လိုက်သည်။ 
“ငါ မင်းနဲ့ နောက်မှရှင်းမယ်”
လင်းကျဲ့သည် အံကိုကြိတ်၍ စားပွဲခုံကို ရိုက်ကာ မတ်တတ်ရပ်လိုက်သည်။ 
“ဟေး မင်း ဘယ်သွားမလို့လဲ”
ရှန်းကူရန်သည် ဝိုင်ခွက်အား ချလိုက်သည်။ 
“ပြဿနာသွားရှာရမှာပေါ့၊ မဟုတ်ရင် ငါ ဘယ်ပီသပါ့မလဲ”
လင်းကျဲ့သည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ 
“ဟေး အဲ့ဒါက နည်းနည်းမလွန်လွန်းဘူးလား”
ရှန်းကူရန်သည် လင်းကျဲ့၏နောက်ကျောအား ကြည့်လိုက်ပြီး ရယ်မောကာ ဝိုင်ခွက်အား ယူ၍ မော့သောက်လိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now