{1}

731 85 12
                                    

<< မောင်က မုန်းစရာလေး >>

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

<< မောင်က မုန်းစရာလေး >>

(က)

ဆိုးလ်မြို့ရဲ့ နာမည်ကြီး ကလပ်တစ်ခု၏ (ဗွီအိုင်ပီ)အခန်းတစ်ခုတွင် စမတ်မတ်ကျကျထိုင်နေသော ယောက်ျားတစ်ဦးသည် အလွန်ပင် စမတ်ကျလွန်းနေသည်။
ထိုယောက်ျားဟာ ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲ သူဌေးတစ်ဦးပင်ဖြစ်သည်။
အသက်အရွယ်အရကော အပြင်ပန်းပုံစံအရကော အလွန်ပင် ကြည့်ကောင်းပြီး ပျိုတိုင်းကြိုက်နိုင်တဲ့ နှင်းဆီတစ်ပွင့်လိုပင်။

သို့ပေမဲ့ ထိုပျိုတိုင်းကြိုက်နှင်းဆီခိုင်ဟာ သားနှစ်ယောက်နဲ့ (ဆင်ဂဲလ်ဖားသား)တစ်ဦးဖြစ်နေသည်ကတော့ ချွင်းချက်တစ်ခုပင်။
စီးပွားရေးလောကတွင် လူတိုင်းအားကျရသော လုပ်ငန်းရှင်တစ်ဦးဖြစ်သလို ၊ သားတွေကို ထိန်းကျောင်းရာတွင်လည်း စမတ်ကျသော ဖခင်တစ်ဦးပင်ဖြစ်သည်။
ထိုလူသားကို ဘုရားသခင်က ပြီးပြည့်စုံအောင် ဖန်တီးထားသလိုပင်။

ဆေးလိပ်ကို တစ်ဖွာရှိုက်ထုတ်လိုက်တဲ့ပုံစံဟာ မြင်ရသူအဖို့ ငေးမောစေလောက်အောင် စမတ်ကျလွန်းပါတယ်။
မစ္စတာကင်မ်ဟာ လက်မှာ ပတ်ထားသော နာရီကို တစ်ချက်ကြည့်ပြီး ဆေးလိပ်ကို နောက်တစ်ဖွာ ဖွာလိုက်သည်။
မစ္စတာကင်မ်၊ ၊ ၊ ၊ထိုစမတ်ကျလွန်းတဲ့ယောက်ျား၏ အမည်ဟာ ကင်မ်ဆိုးယောင်းပါ။
အသက်၄၅နဲနဲစွန်းနေပီ ဆိုပေမဲ့ သူ၏အပြင်အဆင်မှာ လူငယ်တစ်ဦးလိုပင်။

ကလပ်ထဲမှာ နာရီကို ခဏခဏကြည့်နေတဲ့သူက တစ်စုံတစ်ဦးကိုစောင့်နေသည်မှာ မလွဲဖြစ်ပါသည်။
မစ္စတာကင်မ် စောင့်နေသူမှာ တစ်ခြားသူမဟုတ် ချစ်လှစွာသော သားတော်မောင်နှစ်ဦး ဖြစ်သည်။
သားအငယ်ကို မွေးပြီးပြီးချင်း ဆုံးသွားသော သက်ဆိုင်သူကြောင့် မစ္စတာကင်မ်ဟာ မိတဆိုးသားနှစ်ယောက်ကို အလွန်ချစ်ပါသည်။
" ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး " ဆိုသည့်အတိုင်း သားနှစ်ယောက်ကို စည်းကမ်းတကျဖြစ်အောင် အမြဲ သင်ခန်းစာတွေပေးကာ ထိန်းကျောင်းလာခဲ့သည်။
ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ စနစ်ကျသော ထိန်းကျောင်းမှုတွေမှာ ကြီးပြင်းလာပေမဲ့ မိခင်မေတ္တာငတ်မွတ်နေသော သားနှစ်ဦးဟာ တစ်ခါတစ်လေ ဂျစ်တီးဂျစ်ကန်လေးတွေဖြစ်သည်။
အထူးသဖြင့် အငယ်ဆုံးသားလေးက မိခင်၏ မေတ္တာကို လုံးလုံးမရခဲ့၍ မစ္စတာကင်မ်မှာ အလျော့ပေးအလိုလိုက်ခဲ့သည်။

မောင့်အချစ်/ေမာင့္အခ်စ္|VHOPE|Where stories live. Discover now