{6}

503 73 10
                                    

<<မောင့်ကို နားမလည်တော့ဘူး>>

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

<<မောင့်ကို နားမလည်တော့ဘူး>>

(က)

ဆိတ်ညံပြီး ခြောက်ကပ်နေသော ညနေခင်းတစ်ခုမှာ ထယ်ယောင်းသည် ထမင်းစားဆောင်ထဲ ဝင်လာခဲ့တယ်။
မနက်ထဲက ဟိုဆော့နဲ့စကားများပြီးနောက် ဘာမှမစားပဲ အလုပ်ကိုသာလုပ်နေခဲ့တယ်။ ဘာလုပ်လုပ်အရာရာဟာ အရင်နေ့တွေကထက် စိတ်ရှုပ်စရာပိုဖြစ်နေတယ်။ ဟိုဆော့ရဲ့ သူ့အပေါ် စွပ်စွဲသော စကားများ၊ ရင့်သီးသော စကားလုံးများကို သူလုံးဝသဘောမကျပါ။
ပြန်တွေးပြီး ဒေါသစပ်ဖျင်းဖျင်းဖြင့် မည်သူမျှမရှိသော ထမင်းစားဆောင်ထဲ ဝင်လာရင်း တစ်ယောက်ထဲ ထိုင်နေသော မနက်က ကလေးငယ်ကို ထယ်ယောင်းတွေ့သွားသည်။
ခေါင်းငုံ့ပြီး ငြိမ်သက်စွာထိုင်နေသော ကလေးငယ်ဘေးမှာ ထယ်ယောင်းဝင်ထိုင်လိုက်သည်။
ထယ်ယောင်း အချိန်အနည်းငယ်အထိ ငြိမ်နေခဲ့တယ်။
အိတ်ကပ်ထဲက သကြားလုံးကို ထုတ်ပြီး ကလေးကို ပေးလိုက်တော့ မျက်လုံးဝိုင်းစက်စက်လေးတွေဖြင့် ကြည့်လာသော ထိုကလေးကို ထယ်ယောင်း ဂရုဏာသက်မိသည်။

" တောင်းပန်တယ် မင်းကို မနက်ကအော်မိလို့ သကြားလုံးစားပြီး ကျေနပ်လိုက်တော့ "

ထယ်ယောင်းရဲ့ စကားကြောင့် ကလေးငယ်ဟာ ပြုံးသွားသည်။
ထယ်ယောင်းပေးသော သကြားလုံးကိုယူပြီး ချက်ချင်းဖောက်စားလိုက်သည်။

" ရပါတယ် ‌ကျွန်တော်ကလည်း ဆိုးတာကို
နောက်တစ်ခါ ထမင်းပန်းကန်တွေကို လွှင့်မပစ်တော့ပါဘူး
ကိုကိုဟိုဆော့က ကျွန်တော်တို့ ထမင်းစားရဖို့ လယ်သမားကြီးတွေက ပင်ပင်ပန်းပန်းလုပ်ထားရတာတဲ့ "

You've reached the end of published parts.

⏰ Last updated: Aug 20, 2022 ⏰

Add this story to your Library to get notified about new parts!

မောင့်အချစ်/ေမာင့္အခ်စ္|VHOPE|Where stories live. Discover now