{5}

334 67 8
                                    

<<မောင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

<<မောင် ...💗>>

(က)

ထမင်းစားခန်းထဲမှာ ကလေးတွေနဲ့ ပျော်နေသော ဟိုဆော့ကို ကြည့်ရင်း ထယ်ယောင်း ဘာကို အလိုမကျမှန်းမသိ အလိုမကျဖြစ်နေသည်။
ဟိုဆော့အနားကို မထိုင်ဘဲ အဝေးမှာသွားထိုင်ကာ ကလေးတွေနဲ့ ဟိုဆော့ကို ကြည့်ကာငေးနေသည်။

" အမယ် ထယ်ယောင်းက အစောကြီးပါ့လား "

အဖွဲ့မှူးအို၏ အသံကြောင့် ထယ်ယောင်းပိုပြီး စိတ်ဆင်းရဲသွားသည်။
ကင်မ်ဆော့ဂျင်ဟာလည်း ဟိုဆော့ဘေးနားကို သွားထိုင်တော့ ပိုပြီးမျက်နှာက ရှုံ့မဲ့လာသည်။

" ထယ်ယောင်းရှီး စကားလေးဘာလေးပြန်ပြောပါအုံး မျက်နှာကလည်း ပေါင်ချိန်လို မည်းနေတာပဲ
ဘာတွေအလိုမကျနေတာလဲ "

" ခင်များပါးစပ်ကို ပိတ်ထားလို့မရဘူးလား
ကျွန်တော်က စိတ်မကြည်လဲ ချောတာမို့ လိုက်ကြည့်မနေနဲ့ "

အဖွဲ့မှူးအိုလည်း သူလျှာရှည်မိတာ မှားပြီလို့ တွေးကာ ထမင်းစားဖို့သာပြင်လိုက်တော့သည်။
ထယ်ယောင်း ထမင်းတောင်မစားနိုင်ပဲ ရယ်မောနေသော ဆော့ဂျင်နဲ့ ဟိုဆော့ကို ကြည့်မရဖြစ်နေသည်။
နောက်ဆုံးမှာတော့ သူတို့ကို ကျောပေးပြီး ထမင်းကိုသာ ကုန်အောင်စားနေတော့သည်။
" ဒီနေ့မှ တွေ့တဲ့လူကို ဘာတွေ ကြည့်မရဖြစ်နေတာလဲ သူက ဘာမို့လဲ အမြဲတမ်း ဟီးဟီးဟားဟား ပြုံးနေတာ " ထယ်ယောင်းဟာ အတွေးတွေနဲ့ ထမင်းပလုတ်ပလောင်းစားနေသည်။
ထမင်းစားပြီးချိန်မှာတော့ ထယ်ယောင်း ခဏထိုင်နေသည်။

" ဟို ခင်များ အခန်းပြန်တော့မှာလား အတူပြန်မယ်လေ "

မောင့်အချစ်/ေမာင့္အခ်စ္|VHOPE|Where stories live. Discover now