{4}

272 67 11
                                    

<<ချစ်မိသွားပီ>>

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

<<ချစ်မိသွားပီ>>

(က)

ဒယ်ဆမ်းမှာ တစ်ညတာကုန်ဆုံးပြီး ထယ်ယောင်းအလုပ်တွေစလုပ်ဖို့ အိပ်ယာနိုးလာခဲ့သည်။
အနွေးထည်ထူထူထဲထဲဝတ်ပြီး အပေါ်က မင်းသားတစ်‌ယောက်လိုမျိုးကုတ်ကို ထပ်ဝတ်ကာ ပြင်ဆင်ထားသော ထယ်ယောင်းမှာ ကိုရီးယားကားထဲက မြင်ဖူးနေကြ မင်းသားတစ်ယောက်လိုပင်။

" သူဌေးလေးထယ် ! "

" ဒီလူကတော့ ကျွန်တော့်ကို သူဌေးလေးလို့ မခေါ်ပါနဲ့ဆို "

အဖွဲ့မှူးအို၏ အခေါ်အဝေါ်ကို ထယ်ယောင်း သတိထားခိုင်းနေသည်။

" မေ့သွားလို့ပါ ခေါင်းဆောင်ကင်မ်က အစောကြီးနိုးပြီး လုပ်ကူနေပီ
ကလေးတွေအတွက် မနက်စာစားဖို့ ထမင်းစားဆောင်မှာ လုပ်ကူနေတာ "

" ပြောချင်တာက ကျွန်တော်ကနောက်ကျတယ်ပေါ့
ကျွန်တော်က အစောနိုးတယ် ဒါမဲ့ ပြင်ဆင်ရသေးတယ်လေ "

" ဟုတ်သားပဲ ထယ်ယောင်းကို ကြည့်ရတာ မင်းသားတစ်ယောက်လိုပဲ ဟီး ဟီး "

" မွေးရပါ ချောတာကြောင့်ပါ
ကဲ အလုပ်သွားကူကြမယ် ဟိုဘဲကြီးပြောတာမခံနိုင်ဘူး "

" ဟုတ် ဒီဘက်မှာပါ ထမင်းစားဆောင်က "

ထယ်ယောင်းလည်း အဖွဲမှူးခေါ်ရာပါသွားပြီး ကလေးတွေအတွက် မနက်စာပြင်ပေးသည့်နေရာကို သွား၍ ဆော့ဂျင်နှင့်အတူ လုပ်ကူလေသည်။

" သားတို့ရှိမှ အဆင်ပြေသွားတော့တယ် တကယ် ကျေးဇူးတင်လိုက်တာ "

မောင့်အချစ်/ေမာင့္အခ်စ္|VHOPE|Where stories live. Discover now