{2}

348 68 6
                                    

<<ခင်များက မောင့်အပိုင်>>

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

<<ခင်များက မောင့်အပိုင်>>

(က)

မြူမှုန်တွေကာရံထားသော တောင်တန်းကြီးကို ဖြတ်ကျော်ပြီး  အေးစက်လှသော ရာသီဥတုဒဏ်ကို သည်းခံကာ ဟိုဆော့ဟာ တောင်ပေါ်မှာရှိတဲ့ ရွာငယ်လေးကို ဦးတည်ပြီးသွားနေသည်။
တောင်တန်းတွေပတ်ပတ်လည်ကာရံထားသော မြို့တစ်မြို့ဟာ မြို့ပြကြီးလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိပေမဲ့ တောင်ပေါ်ဒေသရွာငယ်လေးတွေဆီမှ ကလေးငယ်တို့ဟာ ထိုမြို့ဆီသို့ ကျောင်းလာတက်ကြသည်။
ဒယ်ဆမ်းကျောင်းဟာ ဒယ်ဆမ်းမြို့ရှိတစ်ခုတည်းသော ကျောင်းတစ်ခုဖြစ်သည်။
ဆိုးလ်မြို့ကြီးမှ သူဌေးတစ်ဦး၏ အထောက်အပံ့ဖြင့်ရပ်တည်နေသောကျောင်းဖြစ်သည်။
ဟိုဆော့ဟာ ဒယ်ဆမ်းရဲ့ ယာယီအလုပ်သင်ဆရာငယ်တစ်ဦးပင်ဖြစ်သည်။
မွေးရပ်‌မြေဖြစ်သော တစ်ဖက်‌တောင်ပေါ်ရွာငယ်လေးမှ ဒယ်ဆမ်းတွင် အလုပ်လာလုပ်ခြင်းသာဖြစ်သည်။
ထိုတောင်တန်း‌ဒေသတွင် တစ်ရွာနှင့် တစ်ရွာ သွားဖို့ လမ်းပန်းဆက်သွယ်ရေးလုံးဝမရှိပေ။
ထို့ကြောင့် ခြေလျင်သာသွားရသည်။
ကြာချိန်မှာလည်း သုံးရက်ခန့်မျှဖြစ်သောကြောင့် ဟိုဆော့သည် ဒယ်ဆမ်းမှာပဲ နေဖြစ်သည်။
ထို့အတူ တစ်ခြားကျောင်းလာတက်သော ကလေးငယ်များသည်လည်း မိဘများနှင့် ခွဲကာ ဒယ်ဆမ်းကျောင်းမှာ လာနေကြသည်။

ဟိုဆော့သည် ဖခင်ဖြစ်သူနေမကောင်းဟူသော သတင်းစကားကြောင့် ကျောင်းမှ ခွင့်ယူကာ ရွာငယ်လေးကို အပြေးပြန်သွားနေခြင်းဖြစ်သည်။
ရာသီဥတုဒဏ်ကြောင့် ရဲတက်နေသော ပါးမို့မို့လေးဟာ စပ်ဖျင်းဖျင်းခံစားနေရလောက်ပြီ။
ရွာထဲကို စဝင်လာပြီး အုတ်ကြိုးနီများဖြင့် ခြံစည်းရိုးကာရံထားသော အိမ်ငယ်လေးဟာ ဟိုဆော့၏ အိမ်ပင်ဖြစ်သည်။

မောင့်အချစ်/ေမာင့္အခ်စ္|VHOPE|Where stories live. Discover now