Chapter (21)

158 17 4
                                    

(Unicode)

အပိုင်း (21)

"ယွင်ရှီး.."

ဖေးယွီ အိပ်ဆောင်အတွင်းသို့ မ၀င်ခင် တံခါးအပြင်မှ ခပ်တိုးတိုး အသံပေးမိသည်။ သို့သော် တုံ့ပြန်မှု ရှိမလာခြင်းကြောင့် တံခါးဖွင့်ပြီး ၀င်ခဲ့လိုက်၏။ အနီရင့်ရောင် ကတ္တီပါ ခင်းသော သလွန်ပေါ်တွင် ယွင်ရှီးက ငြိမ်သက်စွာ လွဲလျောင်းနေသည်။ ဖေးယွီ သလွန်ပေါ်သို့ တင်ပါးလွှဲ၀င်ထိုင်လိုက်ရင်း မတည်ငြိမ်သော စိတ်အစဥ်နှင့် ယွင်ရှီးမျက်နှာကို သေချာကြည့်လိုက်မိ၏။

မျက်နှာက သိသာစွာ ဖြူဖျော့နေပြီး တစ်ချိန်တစ်ခါက သွေးရောင်လွှမ်းခဲ့သော နှုတ်ခမ်းသားတို့က ခြောက်သွေ့နေကြသည်။ နဖူးပေါ် ဝဲကျနေသည့် ဆံနွယ်အချို့ကို သပ်တင်ပေးရန် ဖေးယွီ လက်လှမ်းလိုက်သော်ငြား ဘေးမှာ ချထားသည့် ယွင်ရှီး၏ လက်ဆီသို့ အကြည့်ရောက်သွား၏။ ပန်းနုရောင် ၀တ်ရုံလက်၏ အဖျားတွင် အနီရောင်သွေးတို့က မြင်မကောင်းအောင် စွန်းပေနေကြသည်။

နှလုံးသားထဲတွင် စူးနင့်သော မွန်းကြပ်ကြပ်ခံစားမှုကြီးက လှိုက်လှိုက်လှဲလှဲ ဖြစ်တည်လာ၏။ ထိုသူ၏ နဖူးပြင်၌ တွယ်ကပ်နေသော ဆံနွယ်စများကို သပ်တင်ပေးရင်း သူ မချိတင်ကဲ ဆိုမိသည်။

"ဘာကြောင့်လဲ။ မင်းကိုယ်မင်း ဒီလိုအဖြစ်ခံပြီး ကိုယ့်ကို ဘာကြောင့် ကယ်ခဲ့တာလဲ"

သူသည် ထိုသူအား တကယ်ကိုပင် နားမလည်နိုင်တော့ပါချေ။ ရုတ်တရက် ဤသူဟာ သူသိခဲ့ဖူးပါသော ရွှေရောင်ဇာမဏီနတ်ဘုရားယွင်ရှီး မဟုတ်တော့သလို။ ထိုသူ၌ သူမသိသေးသည့်၊ နားမလည်နိုင်သည့် လျို့ဝှက်ချက်များ အများကြီး ရှိနေသလို ခံစားလိုက်ရသည်။ အနီရောင်သွေးတို့ စွန်းပေနေသော ယွင်ရှီး၏ လက်ကို ဆုပ်ကိုင်ရင်း ခပ်တိုးတိုး ဆိုမိပါ၏။

"မင်းကို ချယ်ရီပန်းတောင်ကြားကို ပြန်တော့လို့ ပြောတဲ့ အချိန်တုံးကလေ ကိုယ့်နှလုံးသားတစ်ခုလုံးက အသက်ဆက်မရှင်ချင်တော့ဘူးလို့ အော်ဟစ်နေခဲ့တာ။ မင်းကို အဲလိုပြောနိုင်ဖို့ အများကြီး ကြိုးစားခဲ့ရတာ။ အခု မင်းက ဒီလိုမျိုး ကိုယ့်ကို ..... ကိုယ့်ကြောင့်နဲ့...."

Yearning For Myriad Cherry [Completed]Where stories live. Discover now