Chapter (22)

143 19 0
                                    

(Unicode)

အပိုင်း (22)

ကျောက်စိမ်းတောင်တော် ပတ်၀န်းကျင်ကစိမ်းလန်းစိုပြည်မှုအတိဖြင့် လှပနေလေသည်။

ချန့်ဟော် မက်မွန်ရနံ့တို့ သင်းပျံ့သော လေထုကို
အပြည့်အ၀ ရှူရှိုက်လိုက်ပြီး ခန်းမဆောင်ဆီသို့
ဦးတည်ခဲ့၏။ ရှေးဟောင်းနတ်ဘုရား စစ်ရန်က သူ့အား ဆင့်ခေါ်လာခဲ့သဖြင့် ချယ်ရီပန်းတောင်ကြားကို မသွားဖြစ်တော့ဘဲ ကောင်းကင်းနန်းတော်မှ ဒီကို ရောက်လာရခြင်း ဖြစ်သည်။

"နတ်ဘုရားစစ်ရန်ကို ချန့်ဟော် နှုတ်ဆက်ပါတယ်"

ချန့်ဟော် လက်နှစ်ဖက်ကို ယှက်ရင်း အရိုအသေ ပေးလိုက်တော့ စစ်ရန်က သူ့ကို ခေါင်းညိတ်ပြရင်း အသိအမှတ်ပြုသည်။ ချန့်ဟော် သူ့အတွက် အသင့်ပြင်ဆင်ထားသော နေရာတွင် ၀င်ထိုင်လိုက်ရင်း မေးမိသည်။

"ချန့်ဟော်ကို တွေ့ချင်တာက ဘာကိစ္စများပါလဲ"

"ရှောင်ယွင်.. အဲဒီကလေး.. ငါ့စကားကို နားမထောင်ဘူး မဟုတ်လား"

နတ်ဘုရားစစ်ရန်က တည့်တိုးမေးလာတော့ ချန့်ဟော် ဖြေစရာစကားတို့ ပျောက်ဆုံးသွားပြန်သည်။

'ရှောင်ယွင်ရေ မင်း ရှာတဲ့ ပြဿနာက ငါ့ကိုရိုက်ခတ်လာပြီ။ မကောင်းတဲ့ကလေး။ ကိုယ့်ဆရာ အကြောင်းလည်း သိရဲ့သားနဲ့ ငါ့ကို ခက်ခဲအောင် လုပ်တယ်'

"နတ်ဘုရားစစ်ရန်.. ရှောင်ယွင်က နတ်နဲ့ မိစ္ဆာကြားက စစ်ပွဲကိုတားဖို့ ဖေးယွီနဲ့ အတူ လိုက်သွားခဲ့တာပါ။ အဲဒါက.."

"အခုမှ သူ့ကို ကာကွယ်ပေးမနေနဲ့!!! ငါ မင်းကို သေချာ မှာကြားခဲ့တာတောင်မှ..."

ချန့်ဟော် ထိတ်လန့်မှုကြောင့် ပြောလက်စ စကားက ရပ်တန့်သွားရတော့သည်။ နတ်ဘုရားစစ်ရန် စိတ်ဆိုးဒေါသထွက်သည်ကို သူ ဘယ်တုကမှ မမြင်ခဲ့ဖူးချေ။ ရှေးဟောင်းနတ်ဘုရားတစ်ပါးကို အမျက်ရှစေခြင်းက ကောင်းကင်ကို ရန်စသည်နှင့်တူ၏။

ချန့်ဟော် ကြည့်မိတော့ စစ်ရန်၏ မျက်၀န်းတို့က
ဒေါသအရောင်ကြောင့် ခက်ထန်လျက်။ထို့နောက် သူ၏ ထိတ်လန့်နေမှုကို မြင်လျှင်
မျက်၀န်းတို့ကို မှိတ်လိုက်ရင်း သက်ပြင်းချကာ
စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေပုံ ရသည်။

Yearning For Myriad Cherry [Completed]Where stories live. Discover now