Chapter (30)

108 13 0
                                    

(Unicode)

အပိုင်း (30)

"ကျွန်တော်က ကိုကို မဟုတ်ဘူး။ ကျွန်တော့်နာမည်က ရှောင်ရိ။ လော်ရှောင်ရိ"

"ဘာ..."

သူ တွေတွေဝေဝေနှင့် မေးလိုက်မိလျှင် ငွေရောင်ဆံနွယ်တွေနှင့် ထိုကောင်လေးက သူ့အား ကြည့်၍ ခွက်ထိုးခွက်လန် ရယ်လေ၏။ သူ မျက်မှောင်ကြုတ်ပစ်တာကို မြင်မှသာ မျက်နှာပိုးသတ်၍ ပေါက်ပေါက်ဖောက်သလို ပြောလာသည်။

"ခင်ဗျားပုံစံက အတော် ရယ်ရတယ်။ ဘာလဲ ကိုကို့အကြောင်း ပြောလိုက်လို့ အသိစိတ် လွတ်သွားတာလား။ အမှန်တော့ ကျွန်တော့်ကို မြင်တဲ့သူတိုင်းက ကိုကိုနဲ့ မှားတတ်ကြတာပဲ။ ဒါပေမဲ့
ကိုကိုနဲ့ ကျွန်တော်က မျိုးနွယ် မတူဘူး။ကျွန်တော်ဆိုရင်လည်း ကိုကို့ကို စတွေ့တုန်းက
တော်တော်လေး လန့်သွားခဲ့တာ"

"မင်း... မင်းဘာတွေပြော.."

ဖေးယွီ သူ့ကို မေးဖို့ စကားစလိုက်သော်ငြား သူကပဲ ဖြတ်ပြောလာပြန်သည်။

"စစ်နတ်ဘုရား ချန်ဖေးယွီ။ ဟုတ်တယ်မလား။ ခင်ဗျားက ကျွန်တော့်ရဲ့ ဆရာတူအစ်ကိုပဲ။ ပြီးတော့ ကိုကိုက သူကိုယ်တိုင် မသိပေမဲ့တစ်ခါတလေ သူ အိပ်ပျော်နေတဲ့ အချိန်တွေမှာ ခင်ဗျားနာမည်ကို ယောင်ခေါ်နေတတ်တယ်။ လာ ခင်ဗျားကို ကျွန်တော်ခေါ်သွားမယ်"

ပြောပြောဆိုဆိုနှင့် ထိုကောင်လေးက သူ့လက်ကောက်ဝတ်ကို လာဆွဲသည်။ ထို့ပြင် လမ်းလျှောက်နေရင်းကလည်း ပါးစပ်က မနားတမ်း ရှင်းပြနေသေး၏။

"ဆရာ ပြောတာတော့ ကျွန်တော်နဲ့ ကိုကိုက
အမြွှာတွေဆိုပဲ။ ဒါပေမဲ့ အဲဒီနှစ်က သုံးလောကအရေးတွေက ရှုပ်ထွေးနေတော့ မယ်တော်က ကိုကို့ကိုပဲ မွေးဖွားနိုင်ခဲ့ပြီးတော့ ကျွန်တော့်ကို ဝိညာဥ်သန္ဓေသားအနေနဲ့ပဲ စောင့်ရှောက်နိုင်ခဲ့တာတဲ့။ ပြီးတော့ အဲဒီနေ့မှာပဲ ကောင်းကင်ဘုံနဲ့ မိစ္ဆာတွေရဲ့စစ်ပွဲမှာ မယ်တော်က နတ်သက်ကြွေသွားခဲ့ တယ်။ ကျွန်တော့်ရဲ့ဝိညာဥ်ကို ဆရာက စောင့်ရှောက်ပေးထားခဲ့တာ။ နောက်တော့ ပြည့်ပြည့်ဝဝ သန်မာလာတဲ့ အချိန်ကျမှ အနောက်ပင်လယ်က နဂါးမင်းကို အကူအညီတောင်းပြီးတော့ သူ့ရဲ့သားတော်အဖြစ် မွေးဖွားစေခဲ့တယ်"

Yearning For Myriad Cherry [Completed]Where stories live. Discover now